ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်ဒေါက်တာသက်ခိုင်ဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန နှစ်(၃၀)ပြည့် ပုလဲရတုနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဝန်ထမ်းများ စုပေါင်း သွေးလှူဒါန်းမှု လှည့်လည်ကြည့်ရှုအားပေးကာ အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်ဒေါက်တာသက်ခိုင်ဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန နှစ်(၃၀)ပြည့် ပုလဲရတုနှစ်ပတ်လည်နေ့ အထိမ်းအမှတ်

ဝန်ထမ်းများ စုပေါင်း သွေးလှူဒါန်းမှု လှည့်လည်ကြည့်ရှုအားပေးကာ အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ဇွန် ၁၂ ။

          ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၅ ရက်တွင်ကျရောက်မည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန နှစ်(၃၀)ပြည့် ပုလဲရတုနှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းခြင်းအခမ်းအနားကို ဇွန်လ ၁၂ ရက်၊ ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ပြည်သူ့ဆေးရုံကြီး (ကုတင်-၁၀၀၀)အစည်းအဝေးခန်းမဆောင်(၂)၌ ကျင်းပရာ အဆိုပါအခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ကျန်းမာရေး ဝန်ထမ်းများက သွေးလှူဒါန်းကြမည့် ဝန်ထမ်းများအား သွေးပေါင်ချိန်တိုင်းစစ်ဆေးမှု၊ သွေး အမျိုးအစားခွဲခြားသတ်မှတ်မှုနှင့် သွေးအလှူရှင်အား နည်းပညာအသုံးပြု မှတ်တမ်းတင် ဆောင်ရွက်မှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို လှည့်လည် ကြည့်ရှုအားပေးကြသည်။

IMG_0012

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးများသည် ခန်းမအတွင်း၌ သွေးလှူဒါန်းနိုင်ရေး စစ်ဆေးပြီးစီးသည့် ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းနေမှုအခြေအနေကို လိုက်လံကြည့်ရှု အားပေး စကားပြောကြားကြပြီး ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများက သွေး အလှူရှင်ဝန်ထမ်းများအား အာဟာရဖြည့်စွက်စာများနှင့် ထောက်ပံ့ငွေများကို အသီးသီး ထောက်ပံ့ ပေးအပ်ကြသည်။

IMG_0023

          ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြည်သူ့ဆေးရုံကြီး (ကုတင်-၁၀၀၀) တွင် ဆေးရုံ တက်ရောက်ကုသမှုခံယူနေသည့် လူနာများအတွက် တစ်နေ့တာကျွေးမွေးစာရိတ် ငွေကျပ် (၂၅)သိန်း နှင့် PPE ဝတ်စုံ(၃၆)စုံတို့ကို ပေးအပ်လှူဒါန်းရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။

          လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပုလဲရတု နှစ်ပတ်လည်နေ့အထိမ်းအမှတ် အဖြစ် ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းခြင်း အခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်(ရုံးချုပ်)နှင့် ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ ဝန်ထမ်းအင်အား (၈၅)ဦး၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ် ဦးစီးမှူး ရုံးများမှ ဝန်ထမ်းအင်အား (၄၁၈)ဦး၊ စုစုပေါင်းဝန်ထမ်း အင်အား (  ၅၀၃   ) ဦး တို့က သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများသို့ သွားရောက်၍ စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.