ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဟိုပုံးမြို့ရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးမှူးရုံးသို့ သွားရောက်၍ ရုံးဖွင့်လှစ်ထားရှိမှုနှင့် ရုံးသစ်ဆောက်လုပ်မည့် မြေနေရာအား ကြည့်ရှုစစ်ဆေး၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများအား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများမှာကြား။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဟိုပုံးမြို့ရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးမှူးရုံးသို့ သွားရောက်၍ ရုံးဖွင့်လှစ်ထားရှိမှုနှင့် ရုံးသစ်ဆောက်လုပ်မည့်

မြေနေရာအား ကြည့်ရှုစစ်ဆေး၊ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများအားတွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများမှာကြား။

နေပြည်တော်၊ စက်တင်ဘာ ၂၉ ။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများလိုက်ပါလျက် စက်တင်ဘာလ ၂၈ ရက်၊ မွန်းလွဲပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) ဟိုပုံးမြို့ရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်းမသို့ ရောက်ရှိရာ ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဦးစီးမှူး ဦးနေမျိုးလှိုင်က ရုံးဖွင့်လှစ်ထားရှိမှုနှင့် ဝန်ထမ်းအင်အား အခြေအနေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်ပါဝင်သည့် ဟိုပုံး၊ ဆီဆိုင်နှင့် ပင်လောင်းမြို့နယ်ရုံးများတွင် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် လုပ်ငန်းလိုအပ်ချက်များကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးရုံးဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူများက ဒေသတွင်း ပန်းခင်းစီမံချက်နှင့် မဲစာရင်းမှန်ကန်ရေးအတွက် ဌာနဆိုင်ရာအချင်းချင်း ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးမှူးရုံး ဖွင့်လှစ်ထားရှိမှုနှင့် ဝန်ထမ်းများ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ရုံးသစ်များဖွင့်လှစ်မှုနှင့်အတူ လိုအပ်ချက်များကို လုပ်ထုံး လုပ်နည်းနှင့်အညီ တင်ပြဆောင်ရွက်ကြရေး မှာကြားသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးရုံးဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အတူ ဝန်ကြီးဌာန၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးမှူးရုံးအသစ် ဆောက်လုပ် မည့်မြေနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရုံးအသစ်တည်ဆောက်မည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ရုံးတည်ဆောက်ရေး လုပ်ငန်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီရေးအတွက် အလေးထားဆောင်ရွက်ကြရေး မှာကြားသည်။

          ထို့မှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဟိုပုံးမြို့နယ်ဦးစီးမှူးရုံးသို့သွားရောက်၍ ရုံးလုပ်ငန်းဆောင်ရွက်နေမှုနှင့် မှတ်တမ်းခန်း၌ ကိုယ်ရေးဖိုင်များ စနစ်တကျထိန်းသိမ်းထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု့စစ်ဆေးပြီး ဝန်ထမ်းများအား တွေ့ဆုံကာ လိုအပ်ချက် များမေးမြန်း၍ နိုင်ငံတော်နှင့်ဌာနအပေါ် သစ္စာစောင့်သိရိုသေရေး၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက်ကြရေး၊ ပြည်သူကို ထိရောက်သောဝန်ဆောင်မှုပေးနိုင်ရေးနှင့် ယဉ်ကျေးပျူငှာစွာ ဆက်ဆံဆောင်ရွက်ကြရေး၊ လုံခြုံရေးသတိရှိရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်း မှာကြားကာ အားပေးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။(-)

Sorry, the comment form is closed at this time.