ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတက်ရောက်၊ ကံ့ကော်ပျိုးပင်အား ဦးဆောင်စိုက်ပျိုးပေးပြီး ဝန်ထမ်းများစုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည် ကြည့်ရှုအားပေး
နေပြည်တော်၊ ဇွန် ၂၃ ။
“ဥတုရာသီ တောကိုမှီ” ဆိုသည့်အတိုင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေ၍ ရာသီဉတု မျှတမှုရှိစေရေးနှင့် ရုံးပတ်ဝန်းကျင် စိမ်းစိုသာယာလှပစေရေး ရည်ရွယ်လျက် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကို ဇွန်လ ၂၃ ရက်၊ ယနေ့မွန်းလွဲ (၂) နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အီလက်ထရောနစ်မှတ်ပုံတင်စနစ် ဦးစီးဌာန၊ e-ID Department အဆောက်အဦသစ်ရှေ့၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီးမှ ဝန်ထမ်းများတက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က သတ်မှတ်နေရာ၌ ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများက သတ်မှတ်နေရာအသီးသီး၌ ကံကော်၊ ခရေစသည့် ပျိုးပင်များကို စိုက်ပျိုးပေးကြပြီး တက်ရောက်လာကြသည့်ဝန်ထမ်းများက သတ်မှတ်နေရာအသီးသီးတွင် နှစ်ရှည်ပင်နှင့် ပန်းအလှပင်များကို တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုး ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကြသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပင်မရုံး အဆောက်အဦအဝင်လမ်းဘေး ဘယ်ညာနှင့် e-ID Department အဆောက်အဦသစ်ပတ်ဝန်းကျင် တို့၌ ကျွန်း၊ မဟော်ဂနီ၊ ကံ့ကော်၊ ခရေ၊ ပိတောက်၊ တမာ၊ ဗန်ဒါ စသည့် နှစ်ရှည်ပင် (၂၅၀) ပင်နှင့် စိန်တစ်လုံးသရက်ပျိုးပင် (၂၀၀) စုစုပေါင်း သစ်ပင်ပျိုးပင် (၄၅၀) အား တစ်ပျော်တစ်ပါး စိုက်ပျိုးခဲ့ ကြကြောင်း သတင်းရရှိသည်။ (-)
Sorry, the comment form is closed at this time.