ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ e-ID စနစ်လုပ်ငန်း ဆောင်ရွက် မှုနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ပိုမိုပူးပေါင်း ဆောင်ရွက် နိုင်ရေးအတွက် တရုတ် နိုင်ငံသို့ထွက်ခွာ၊ NIA ဌာန၏ ဒုတိယဝန်ကြီးအား တွေ့ဆုံဆွေးနွေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ e-ID စနစ်လုပ်ငန်း ဆောင်ရွက် မှုနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ပိုမိုပူးပေါင်း ဆောင်ရွက် နိုင်ရေးအတွက် တရုတ် နိုင်ငံသို့ထွက်ခွာ၊ NIA ဌာန၏ ဒုတိယဝန်ကြီးအား တွေ့ဆုံဆွေးနွေး။

နေပြည်တော်၊ စက်တင်ဘာ ၁၉။

          တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ e-ID စနစ်လုပ်ငန်းဆောင်ရွက်မှုနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများပိုမို ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ဖိတ်ကြားချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးရဲထွန်းဦး၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းနှင့်အဖွဲ့ဝင်များနှင့်အတူ စက်တင်ဘာလ ၁၇ ရက်၊ နံနက် ၈ နာရီမိနစ် ၄၀ က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘေဂျင်းမြို့သို့ထွက်ခွာရာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများက လေဆိပ်ခန်းမသို့ လာရောက်တွေ့ဆုံ၍ ခရီးစဉ်နှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားပြီး အဆိုပါလေဆိပ်မှပို့ဆောင်နှုတ်ဆက်သည်။

IMG_7143

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်တုံး ပြည်နယ်၊ ကွမ်ကျိုးမြို့၊ ဘိုင်ရန် (Bai Yun) အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိရာ ကွမ်ကျိုးလူဝင်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Zhao Hui က လေဆိပ်ဧည့်ခန်းမ၌ကြိုဆိုနှုတ်ဆက်၍ဒေသတွင်းလူဝင်မှုကြီးကြပ်ရေနှင့် ပြည်ဝင်ပြည်ထွက် စစ်ဆေးရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားကာ နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာများ ပူးပေါင်းဆောင်ရွက်နိုင်ရေး အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

IMG_7016

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  ကွမ်ကျိုးမြို့ ဘိုင်ရန် (Bai Yun) အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ပြည်တွင်းလေကြောင်းလိုင်းဖြင့် ဆက်လက်ထွက်ခွာ လာပြီး ဒေသစံတော်ချိန် ည ၇ နာရီတွင် ဘေဂျင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ တရုတ်နိုင်င်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ တာဝန်ရှိသူများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့ လုံခြုရေးဝန်ကြီးဌာနမှတာဝန်ရှိသူများက အဆိုပါလေဆိပ်မှ ကြိုဆိုနှုတ်ဆက်ကြသည်။

          စက်တင်ဘာလ ၁၈ ရက် နံနက် ၁၀ နာရီတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် နှင့်အဖွဲ့သည် ဘေဂျင်းမြို့ရှိ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ အမျိုးသားလူဝင်မှု ကြီးကြပ်ရေး ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (NIA) သို့ သွားရောက်ရာ NIA ၏ ဒုတိယဝန်ကြီး Mr. Xu Ganlu က ကြိုဆိုနှုတ်ဆက်၍ အဆိုပါဌာနဧည့်ခန်းမ၌တွေ့ဆုံသည်။

IMG_7185

          ထိုသို့တွေ့ဆုံရာတွင် NIA ၏ ဒုတိယဝန်ကြီးက တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် အပြည့်အဝ ထောက်ခံရပ်တည်မှုအခြေအနေ၊ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနလက်အောက်ရှိ NIA ဌာနမှ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာမူဝါဒများ၊ ပြည်ဝင်/ပြည်ထွက်နှင့် နယ်စပ်ဒေသကာကွယ် ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ၊ တရားဥပဒေစိုးမိုးရေးအတွက် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ တရုတ်-မြန်မာ နယ်စပ်ဂိတ်များနှင့် နယ်နိမိတ်တစ်လျှောက် ဝင်/ထွက်မှု စနစ်တကျဖြစ်စေရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် နှစ်နိုင်ငံလူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ ကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ အတွင်းစမ်းသပ်သန်းခေါင်စာရင်းကောက်ယူမည့်အခြေအနေနှင့်၂၀၂၄ခုနှစ်အတွင်းပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူနိုင်ရေး စီစဉ်ဆောင်ရွက်နေမှု၊ eID စနစ်လုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်နေမှုနှင့် ယင်းလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် တရုတ်နိုင်ငံအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒများနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ တရုတ်နိုင်ငံအပါအဝင် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် နိုင်ငံများနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်များ၌ နှစ်နိုင်ငံပြည်သူများ တရားဝင် ဝင်/ထွက်သွားလာမှုနှင့် တရားမဝင် ဝင်/ထွက်မှုမရှိစေရေး အတွက်တားဆီးကာကွယ် ဆောင်ရွက်မှုအခြေအနေများ၊ နှစ်နိုင်ငံလူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ နီးကပ်စွာ ပိုမို ပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းပြောကြားကာ နှစ်ဦးနှစ်ဘက် ဆွေးနွေးချက်များအပေါ် အပြန်အလှန်အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် NIA ၏ ဒုတိယဝန်ကြီးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး ဒုတိယဝန်ကြီး Mr. Xu Ganlu က ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့အားဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံသည်။

          ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်နှင့်အဖွဲ့သည် ဘေဂျင်းမြို့၊ ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာနလက်အောက်ရှိ သုတေသနဌာန(၁)သို့ သွားရောက်လေ့လာကြရာဌာန တာဝန်ခံက သုတေသနဌာန(၁)၏ လုံခြုံရေးဆိုင်ရာနည်းပညာ အသုံးပြုဆောင်ရွက်သည့် လုပ်ငန်းတစ်ခုခြင်းအလိုက် ဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ နမူနာခင်းကျင်းပြသ ထားမှုများကို လိုက်လံရှင်းလင်းပြသသည်။

          ထိုနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား အစည်းအဝေးခန်းမ၌ လုပ်ငန်းတာဝန်ခံ Mr. Yu Rui နှင့်တာဝန်ရှိသူများက ဌာန၏လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ပြည်သူလုံခြုံရေး ဝန်ကြီးဌာန၏ လုံခြုံရေးဆိုင်ရာပစ္စည်းများ သုတေသနပြုထုတ်လုပ်ပေးမှု၊ တရုတ်နိုင်ငံသားများ အတွက် နိုင်ငံသားမှတ်ပုံတင်ကတ်ပြားကို နည်းပညာဆိုင်ရာ ID ကတ်များ အဖြစ်ထုတ်ပေးမှု၊ ရဲတပ်ဖွဲ့တွင် အသုံးပြုနိုင်သည့် ဝတ်စုံများထုတ်ပေးမှု၊ လုပ်ငန်းကဏ္ဍအသီးသီး၌ လုံခြုံရေး ဆိုင်ရာ စစ်ဆေးဆောင်ရွက်နိုင်သည့် ဝတ်စုံများထုတ်ပေးမှု အခြေအနေများကို ရှင်းလင်း ပြောကြားရာ ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များ၊ မရှင်းလင်း သည့်အချက်များကို ပြန်လည် မေးမြန်းဆွေးနွေးပြီး လုပ်ငန်းတာဝန်ခံများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။ (-)

 

Sorry, the comment form is closed at this time.