ယာဉ်အမှုထမ်းဗီဇာနှင့် ပညာရေးဗီဇာတို့၏ အကြိမ်ကြိမ်သုံး ဗီဇာကြေးနှင့် နေခွင့်ကာလ

ပြည်ဝင်ဗီဇာ (၁၄) မျိုးအတွက် ဗီဇာစည်းကမ်းသတ်မှတ်ချက်များ

  ယာဉ်အမှုထမ်းဗီဇာနှင့် ပညာရေးဗီဇာတို့၏ အကြိမ်ကြိမ်သုံး ဗီဇာကြေးနှင့် နေခွင့်ကာလကို (၁-၁၀-၂၀၁၈) ရက်နေ့မှစတင်၍ ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် လက်ရှိခွင့်ပြုပေးလျက်ရှိသည့် ဗီဇာအမျိုးအစားများနှင့် စည်းကမ်းသတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ် ဗီဇာအမျိုးအစား ဗီဇာကြေးနှင့်နေခွင့်ကာလ ဗီဇာစည်းကမ်းသတ်မှတ်ချက်
သံတမန်/ သံအဖွဲ့ဝင်ဗီဇာ (Gratis Diplomatic/ Official Courtesy Visa) – ဗီဇာကြေး – အခမဲ့

– နေခွင့်ကာလ- တာဝန်ထမ်းဆောင်ချိန်

(၁) သက်ဆိုင်ရာနိုင်ငံမှမြန်မာနိုင်ငံတွင် သံတမန်/ သံအဖွဲ့ဝင်အဖြစ် တာဝန်ပေး ခန့်အပ်သည့် အမိန့်စာ တင်ပြရ မည်။
(၂) သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ထမ်းဆောင် မည့် ခန့်အပ်ကြောင်း (သို့မဟုတ်) ဖိတ်ခေါ် ကြောင်း အထောက် အထားတင်ပြရမည်။
ကမ္ဘာလှည့်ဗီဇာ (Tourist Visa) – ဗီဇာကြေး – ၄၀ USD

– နေခွင့်ကာလ – ၂၈ရက်  

(၁) အားလပ်ရက် အပန်းဖြေ ခရီး ထွက်ရန်၊ အလည်အပတ်အဖြစ် နေထိုင်ရန်၊ ခေတ္တ နေထိုင်ရန် အတွက်သာ လျှောက်ထားရမည်။
(၂) ခရီးစဉ် အသွားအပြန် လေယာဉ် လက်မှတ် တင်ပြရမည်။
–    လုပ်ငန်းဗီဇာ (တစ်ကြိမ်သုံး) (Business Visa)(Single) – ဗီဇာကြေး – ၅၀USD

– နေခွင့်ကာလ – ၇၀ ရက်

– ဆက်လက် နေထိုင်လိုပါက နေခွင့် သက်တမ်း တိုးမြှင့်ခြင်းကို လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက် နိုင် သည်။

(၁) လျှောက်ထားသူသည် မြန်မာနိုင်ငံတွင် ဆောင် ရွက် လိုသည့် စီးပွားရေး/ဆောင်ရွက်လျက် ရှိသည့် စီးပွားရေးကိစ္စအား ဖော်ပြလျှောက်ထား ရမည်။
–    လုပ်ငန်းဗီဇာ (အကြိမ်ကြိမ်) (Business Visa) (Multiple) – ဗီဇာကြေး – ၂၀၀ USD

– အသုံးပြုခွင့်ကာလ- (၃) လ

– နေခွင့်နှင့်အကြိမ်ကြိမ်ပြည်ဝင်ခွင့်ပြုသည်။

– ဆက်လက်နေထိုင်လိုပါက နေခွင့်သက်တမ်းတိုးမြှင့်ခြင်းကို လုပ်ထုံး လုပ်နည်းနှင့် အညီ ဆောင်ရွက်နိုင်သည်။

နေခွင့် ရက် (၇၀) ပြည့်လျှင် ပြန်လည် ထွက်ခွာရန် မလိုပါ။  

/

– ဗီဇာကြေး – ၄၀၀ USD

–  အသုံးပြုခွင့်ကာလ(၆) လ

– နေခွင့်နှင့်အကြိမ်ကြိမ်ပြည်ဝင်ခွင့်ပြုသည်။

– ဆက်လက်နေထိုင်လိုပါက နေခွင့်သက်တမ်းတိုးမြှင့်ခြင်းကို လုပ်ထုံး လုပ်နည်းနှင့် အညီ ဆောင်ရွက်နိုင်သည်။

– နေခွင့် ရက် (၇၀) ပြည့်လျှင် ပြန်လည် ထွက်ခွာရန် မလိုပါ။  

/  

– ဗီဇာကြေး – ၆၀၀ USD

– အသုံးပြုခွင့်ကာလ –  (၁) နှစ်

 လုပ်ငန်းဗီဇာ (၁) ကြိမ်သုံးအတွက် ဗီဇာ စည်းကမ်းသတ်မှတ်ချက်များအပြင်အောက်ပါ အချက်များ တင်ပြရမည်-
(၁) လျှောက်ထားသူသည် ကနဦး (ပထမ ဦးဆုံးအကြိမ်)ဝင်ရောက်သူမဖြစ်စေရ။
(၂) အကြိမ်ကြိမ် (၃)လ (သို့မဟုတ်) (၆) လ (သို့မဟုတ်) (၁)နှစ် မှ မည်သည့် ဗီဇာ ကို ရယူလိုကြောင်း တင်ပြရမည်။
(၃) အကြိမ်ကြိမ် ပြည်ဝင်ခွင့် ပြုလုပ်လို သည့်အကြောင်းအရာအား အခိုင်အမာ အထောက်အထားများဖြင့်တင်ပြရမည်။ (ဥပမာ- ကာယကံရှင်ကိုယ်တိုင် တင်ပြ နိုင်သော စီးပွားရေးဆိုင်ရာကိစ္စ ဖော်ပြ ခြင်း)
–    လူမှုရေးဗီဇာ (တစ်ကြိမ်သုံး) (Social Visa) (Single) – ဗီဇာကြေး – ၅၀ USD

– နေခွင့်ကာလ – ၇၀ ရက်

– ဆက်လက် နေထိုင် လိုပါက နေခွင့် သက်တမ်း တိုးမြှင့်ခြင်း ကို လုပ်ထုံး လုပ်နည်း နှင့် အညီ ဆောင်ရွက်နိုင် သည်။

(၁) မြန်မာနိုင်ငံသားဟောင်း ဖြစ်ပါက မြန်မာနိုင်ငံ သားဖြစ်ကြောင်း သက်သေ ပြနိုင်ရမည်။ မြန်မာ နိုင်ငံ၌တွေ့ဆုံ/ အတူ နေထိုင်လိုသည့်ဆွေမျိုးနှင့် တည်းခိုနေထိုင်သည့်လိပ်စာအတိအကျ ဖော်ပြရမည်။
(၂) မြန်မာနိုင်ငံသားနှင့်ပတ်သက်သူ နိုင်ငံခြားသား ဖြစ်ပါက မြန်မာနိုင်ငံသားနှင့်မည်သို့ပတ်သက် ကြောင်း အထောက်အထား၊ တွေ့ဆုံ လိုသည့် အကြောင်းအရာ၊ တည်းခိုနေထိုင်သည့်လိပ်စာ အတိအကျ ဖော်ပြ လျှောက်ထားရမည်။
–    လူမှုရေးဗီဇာ (အကြိမ်ကြိမ်) (Social Visa) (Multiple) – ဗီဇာကြေး – ၁၅၀ USD

– အသုံးပြုခွင့်ကာလ- (၃) လ

– နေခွင့်နှင့် အကြိမ်ကြိမ် ပြည်ဝင် ခွင့်ပြုသည်။

– ဆက်လက် နေထိုင် လိုပါက နေခွင့် သက်တမ်း တိုးမြှင့်ခြင်း ကို လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင် သည်။

– နေခွင့် ရက် (၇၀) ပြည့်လျှင် ပြန်လည် ထွက်ခွာရန် မလိုပါ။

/

– ဗီဇာကြေး – ၃၀၀ USD

– အသုံးပြုခွင့်ကာလ(၆) လ

– နေခွင့်နှင့်အကြိမ်ကြိမ်ပြည်ဝင် ခွင့်ပြုသည်။

– ဆက်လက်နေထိုင်လိုပါက နေခွင့် သက်တမ်းတိုးမြှင့်ခြင်းကို လုပ်ထုံး လုပ်နည်းနှင့် အညီ ဆောင်ရွက်နိုင် သည်။

– နေခွင့် ရက် (၇၀) ပြည့်လျှင် ပြန်လည် ထွက်ခွာရန် မလိုပါ။

/

– ဗီဇာကြေး – ၄၅၀ USD

– အသုံးပြုခွင့်ကာလ –  (၁) နှစ်

– နေခွင့်နှင့်အကြိမ်ကြိမ်ပြည်ဝင် ခွင့်ပြုသည်။

– ဆက်လက်နေထိုင်လိုပါက နေခွင့် သက်တမ်းတိုးမြှင့်ခြင်းကို လုပ်ထုံး လုပ်နည်းနှင့် အညီ ဆောင်ရွက်နိုင် သည်။

– နေခွင့် ရက် (၇၀) ပြည့်လျှင် ပြန်လည် ထွက်ခွာရန် မလိုပါ။

 လူမှုရေးဗီဇာ (၁) ကြိမ်သုံးအတွက် ဗီဇာ စည်းကမ်းသတ်မှတ်ချက်များအပြင်အောက်ပါ အချက်များ တင်ပြရမည်-
(၁) လျှောက်ထားသူသည် ကနဦး (ပထမ ဦးဆုံး အကြိမ်)ဝင်ရောက်သူမဖြစ်စေရ။
(၂) အကြိမ်ကြိမ် (၃) လ (သို့မဟုတ်) (၆) လ (သို့မဟုတ်) (၁) နှစ် မှ မည်သည့် ဗီဇာကို ရယူလိုကြောင်း တင်ပြရမည်။
(၃) အကြိမ်ကြိမ် ပြည်ဝင်ခွင့် ပြုလုပ်လိုသည့် အကြောင်းအရာအား အခိုင်အမာ အထောက် အထားများဖြင့် တင်ပြရ မည်။
–    သာသနာရေးဗီဇာ (တစ်ကြိမ်သုံး) (Religious Visa) (Single) – ဗီဇာကြေး – ၅၀ USD

– နေခွင့်ကာလ – ၇၀ ရက်

– ဆက်လက် နေထိုင် လိုပါက နေခွင့် သက်တမ်း တိုးမြှင့်ခြင်း ကို လုပ်ထုံး လုပ်နည်းနှင့် အညီ ဆောင်ရွက်နိုင် သည်။

(၁) သာသနာရေး ဆိုင်ရာ လာရောက် လိုသည့် ကိစ္စရပ်၊ ဆက်သွယ်ဆောင်ရွက်မည့် ဘာသာရေး ဆိုင်ရာ လူပုဂ္ဂိုလ် / အဖွဲ့အစည်း / ရိပ်သာ/ ဘုရားကျောင်း၊ သွားရောက်မည့် လိပ်စာတို့ကို ဖော်ပြ လျှောက်ထားရမည်။
–    သာသနာရေး ဗီဇာ (အကြိမ်ကြိမ်) (Religious Visa) (Multiple) – ဗီဇာကြေး – ၁၅၀ USD

– အသုံးပြုခွင့်ကာလ- (၃) လ

– နေခွင့်နှင့်အကြိမ်ကြိမ်ပြည်ဝင် ခွင့်ပြုသည်။

– ဆက်လက်နေထိုင်လိုပါက နေခွင့် သက်တမ်းတိုးမြှင့်ခြင်းကို လုပ်ထုံး လုပ်နည်းနှင့်အညီဆောင်ရွက်နိုင် သည်။

– နေခွင့် ရက် (၇၀) ပြည့်လျှင် ပြန်လည် ထွက်ခွာရန် မလိုပါ။

/

– ဗီဇာကြေး – ၃၀၀ USD

– အသုံးပြုခွင့်ကာလ –  (၆) လ

– နေခွင့်နှင့်အကြိမ်ကြိမ်ပြည်ဝင် ခွင့်ပြုသည်။

– ဆက်လက်နေထိုင်လိုပါက နေခွင့် သက်တမ်းတိုးမြှင့်ခြင်းကို လုပ်ထုံး လုပ်နည်းနှင့် အညီ ဆောင်ရွက်နိုင် သည်။

– နေခွင့် ရက် (၇၀) ပြည့်လျှင် ပြန်လည် ထွက်ခွာရန် မလိုပါ။

/

– ဗီဇာကြေး – ၄၅၀ USD

– အသုံးပြုခွင့်ကာလ –  (၁) နှစ်

– နေခွင့်နှင့်အကြိမ်ကြိမ်ပြည်ဝင် ခွင့်ပြုသည်။

– ဆက်လက်နေထိုင်လိုပါက နေခွင့် သက်တမ်းတိုးမြှင့်ခြင်းကို လုပ်ထုံး လုပ်နည်းနှင့် အညီ ဆောင်ရွက်နိုင် သည်။

– နေခွင့် ရက် (၇၀) ပြည့်လျှင် ပြန်လည် ထွက်ခွာရန် မလိုပါ။

 သာသနာရေးဗီဇာ (၁) ကြိမ်သုံး အတွက် ဗီဇာ စည်းကမ်း သတ်မှတ်ချက်များအပြင် အောက်ပါ အချက်များ တင်ပြ ရမည်-
(၁) လျှောက်ထားသူသည် ကနဦး (ပထမ ဦးဆုံး အကြိမ်) ဝင်ရောက်သူမဖြစ်စေရ။
(၂) အကြိမ်ကြိမ် (၃)လ (သို့မဟုတ်) (၆) လ (သို့မဟုတ်) (၁)နှစ်မှ မည်သည့် ဗီဇာကိုရယူ လိုကြောင်း တင်ပြရမည်။
(၃) အကြိမ်ကြိမ် ပြည်ဝင်ခွင့် ပြုလုပ်လိုသည့် အကြောင်းအရာအား အခိုင်အမာ အထောက် အထားများဖြင့် တင်ပြရမည်။
ဖြတ်သန်းဗီဇာ (Transit Visa) – ဗီဇာကြေး – ၂၀ USD

– နေခွင့်ကာလ – ၂၄ နာရီ

မြန်မာနိုင်ငံမှ နောက်ကြောင်းပြန် ခရီး မဟုတ်သော ရှေ့ဆက် ထွက်ခွာမည့်ခရီး၏ လေယာဉ် လက်မှတ် တင်ပြရမည်။
–    နိုင်ငံတကာ အဖွဲ့ အစည်း များ ဗီဇာ (တစ်ကြိမ်သုံး) (Official  Visa) (Single) – ဗီဇာကြေး – ၅၀ USD

– နေခွင့်ကာလ – ၇၀ ရက်

– ဆက်လက် နေထိုင် လိုပါက နေခွင့် သက်တမ်း တိုးမြှင့်ခြင်း ကို လုပ်ထုံး လုပ်နည်းနှင့် အညီ ဆောင်ရွက်နိုင် သည်။

(၁) UN အသိအမှတ်ပြု နိုင်ငံတကာအဖွဲ့ အစည်း/ မြန်မာနိုင်ငံ၊ပြည်ထောင်စုအစိုးရမှ အသိအမှတ် ပြုထားသောနိုင်ငံတကာ အဖွဲ့အစည်း ဖြစ် ရမည်။
(၂) ပြည်တွင်းတွင် လုပ်ငန်းဆောင်ရွက်မည့်နေရာ/ လုပ်ငန်း ဆောင်ရွက်ချက်များ ဖော်ပြရမည် ဖြစ်ပြီး တည်ဆဲဥပဒေအရလိုက်နာဆောင်ရွက် မည့် ဝန်ခံချက် ပါရှိရမည်။
–    နိုင်ငံတကာ အဖွဲ့အစည်း များဗီဇာ (အကြိမ်ကြိမ်) (Official  Visa) (Multiple) – ဗီဇာကြေး – ၂၀၀ USD

– အသုံးပြုခွင့်ကာလ- (၃) လ

– နေခွင့်နှင့်အကြိမ်ကြိမ်ပြည်ဝင် ခွင့်ပြုသည်။

– ဆက်လက်နေထိုင်လိုပါက နေခွင့် သက်တမ်းတိုးမြှင့်ခြင်းကို လုပ်ထုံး လုပ်နည်းနှင့် အညီ ဆောင်ရွက်နိုင် သည်။

– နေခွင့် ရက် (၇၀) ပြည့်လျှင် ပြန်လည် ထွက်ခွာရန် မလိုပါ။

/

– ဗီဇာကြေး – ၄၀၀ USD

– အသုံးပြုခွင့်ကာလ –  (၆) လ

– နေခွင့်နှင့်အကြိမ်ကြိမ်ပြည်ဝင် ခွင့်ပြုသည်။

– ဆက်လက်နေထိုင်လိုပါက နေခွင့် သက်တမ်းတိုးမြှင့်ခြင်းကို လုပ်ထုံး လုပ်နည်းနှင့် အညီ ဆောင်ရွက်နိုင် သည်။

– နေခွင့် ရက် (၇၀) ပြည့်လျှင် ပြန်လည် ထွက်ခွာရန် မလိုပါ။

/

– ဗီဇာကြေး – ၆၀၀ USD

– အသုံးပြုခွင့်ကာလ –  (၁) နှစ်

– နေခွင့်နှင့်အကြိမ်ကြိမ်ပြည်ဝင် ခွင့်ပြုသည်။

– ဆက်လက်နေထိုင်လိုပါက နေခွင့် သက်တမ်းတိုးမြှင့်ခြင်းကို လုပ်ထုံး လုပ်နည်းနှင့် အညီ ဆောင်ရွက်နိုင် သည်။

– နေခွင့် ရက် (၇၀) ပြည့်လျှင် ပြန်လည် ထွက်ခွာရန် မလိုပါ။

နိုင်ငံတကာအဖွဲ့အစည်းများဗီဇာ(၁) ကြိမ်သုံး အတွက် ဗီဇာစည်းကမ်းသတ်မှတ်ချက်များ အပြင် အောက်ပါအချက်များ တင်ပြရမည်-
(၁) လျှောက်ထားသူသည် ကနဦး (ပထမ ဦးဆုံး အကြိမ်) ဝင်ရောက်သူမဖြစ်စေရ။
(၂) အကြိမ်ကြိမ် (၃)လ (သို့မဟုတ်) (၆) လ (သို့မဟုတ်) (၁) နှစ် မှ မည်သည့် ဗီဇာကို ရယူ လိုကြောင်း တင်ပြရမည်။
(၃) အကြိမ်ကြိမ် ပြည်ဝင်ခွင့် ပြုလုပ်လိုသည့် အကြောင်းအရာအား အခိုင်အမာ အထောက် အထားများဖြင့် တင်ပြရမည်။ (ဥပမာ- ကာယကံရှင်ကိုယ်တိုင် တင်ပြနိုင်သော ဆောင်ရွက်မည့်လုပ်ငန်းကိစ္စ ဖော်ပြခြင်း)
အလုပ်သမားဗီဇာ (Employment  Visa) – ဗီဇာကြေး – ၅၀ USD

– နေခွင့်ကာလ – ၇၀ ရက်

– ဆက်လက် နေထိုင် လိုပါက နေခွင့် သက်တမ်းတိုးမြှင့်ခြင်းကို လုပ်ထုံး လုပ်နည်းနှင့် အညီ ဆောင်ရွက် နိုင်သည်။

(၁)  တာဝန်ခံခေါ်ယူမည့် ကုမ္ပဏီ၏ ဖိတ်ခေါ်စာ (သို့မဟုတ်) အလုပ်ခန့်စာ အထောက်အထား ဖြင့် လျှောက်ထားရ မည်။
(၂) အလုပ်သမားဗီဇာ လျှောက်ထားရယူ၍ မြန်မာ နိုင်ငံသို့ ရောက်ရှိလာသော နိုင်ငံခြားသား အလုပ်သမားများ အနေဖြင့် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ထုတ်ပေးသည့် အလုပ်သမား မှတ်ပုံတင်လက်မှတ် ရယူကိုင်ဆောင်ရပါမည်။
–    ပညာရေးဗီဇာ (တစ်ကြိမ်သုံး) (Education Visa) (Single) – ဗီဇာကြေး – ၅၀ USD

– နေခွင့်ကာလ – ၉၀ ရက်

– ဆက်လက် နေထိုင် လိုပါက နေခွင့် သက်တမ်းတိုးမြှင့်ခြင်းကို လုပ်ထုံး လုပ်နည်းနှင့် အညီ ဆောင်ရွက် နိုင်သည်။

(၁) ကျောင်းတက်ရန် ဖြစ်ပါက သက်ဆိုင်ရာ တက္ကသိုလ်/ နိုင်ငံခြားဘာသာသင် ကျောင်း၏ ထောက်ခံချက်ဖြင့် လျှောက်ထား ရမည်။
(၂) ပညာရေးဝန်ကြီးဌာနမှ ကျောင်းများ တွင် စာသင်ကြားသည့် ဆရာ/ ဆရာမများဖြစ်ပါက သက်ဆိုင်ရာ ကျောင်းများမှ ထောက်ခံချက်ဖြင့် လျှောက်ထား ရမည်။
–    ပညာရေးဗီဇာ (အကြိမ်ကြိမ်) (Education Visa) (Multiple) – ဗီဇာကြေး – ၁၆၀ USD

– အသုံးပြုခွင့်ကာလ- (၁) နှစ်

– နေခွင့်နှင့်အကြိမ်ကြိမ်ပြည်ဝင် ခွင့်ပြုသည်။

– ဆက်လက်နေထိုင်လိုပါက နေခွင့် သက်တမ်းတိုးမြှင့်ခြင်းကို လုပ်ထုံး လုပ်နည်းနှင့် အညီ ဆောင်ရွက်နိုင် သည်။

– နေခွင့် ရက် (၉၀) ပြည့်လျှင် ပြန်လည် ထွက်ခွာရန် မလိုပါ။

ပညာရေးဗီဇာ (၁) ကြိမ်သုံးအတွက် ဗီဇာစည်းကမ်း သတ်မှတ်ချက်များအပြင် အောက်ပါအချက်များ တင်ပြ ရမည်-
(၁) လျှောက်ထားသူသည် ကနဦး (ပထမ ဦးဆုံး အကြိမ်)ဝင်ရောက်သူမဖြစ်စေရ။
(၂) အကြိမ်ကြိမ် (၃) လ (သို့မဟုတ်) (၆) လ (သို့မဟုတ်) (၁) နှစ်မှ မည်သည့် ဗီဇာကို ရယူ လိုကြောင်း တင်ပြရမည်။
(၃) အကြိမ်ကြိမ် ပြည်ဝင်ခွင့် ပြုလုပ်လိုသည့် အကြောင်းအရာအား အခိုင်အမာ အထောက် အထားများဖြင့် တင်ပြရမည်။
၁၀ စာနယ်ဇင်း/ မီဒီယာဗီဇာ (Journalist Visa) – ဗီဇာကြေး – ၄၀ USD

– နေခွင့်ကာလ – ၂၈ ရက်

(၁) လျှောက်ထားသူသည် ၎င်းနိုင်ငံ၏ စာနယ်ဇင်း သမား / မီဒီယာသမား ဖြစ်ကြောင်း အထောက် အထား အခိုင်အမာ တင်ပြရမည်။
(၂) စာနယ်ဇင်း/ မီဒီယာကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံသို့ သွားရောက်လိုသည့် အကြောင်း အရာ၊ ဆက်သွယ် ဆောင် ရွက်မည့် လူပုဂ္ဂိုလ် / အဖွဲ့အစည်း / ဌာနဆိုင်ရာအမည်၊ တည်းခို နေထိုင် သည့် လိပ်စာအတိအကျတို့ကို ဖော်ပြ လျှောက် ထားရမည်။
(၃) အသွား/အပြန် လေယာဉ် လက်မှတ် တင်ပြ ရမည်။
၁၁ ယာဉ်အမှုထမ်း ဗီဇာ (တစ်ကြိမ်သုံး) (Crew Visa) (Single) – ဗီဇာကြေး – ၅၀ USD

– နေခွင့်ကာလ – ၉၀ ရက်

– ဆက်လက် နေထိုင်လိုပါက နေခွင့် သက်တမ်း တိုးမြှင့်ခြင်းကို လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက် နိုင် သည်။

(၁) တရားဝင် သက်တမ်းရှိသော ယာဉ်အမှုထမ်း လိုင်စင် (crew license) ပါရှိရမည်။
(၂) သွားရောက်လိုသည့် ကိစ္စရပ်၊ ဆက်သွယ် ဆောင်ရွက်မည့်လူပုဂ္ဂိုလ်/ အဖွဲ့ အစည်း ဖော်ပြပါရှိရမည်။
–    ယာဉ်အမှုထမ်းဗီဇာ (အကြိမ်ကြိမ်) (Crew Visa) (Multiple) – ဗီဇာကြေး – ၁၆၀ USD

– အသုံးပြုခွင့်ကာလ- (၂) နှစ်

– နေခွင့်နှင့်အကြိမ်ကြိမ်ပြည်ဝင် ခွင့်ပြုသည်။

– ဆက်လက်နေထိုင်လိုပါက နေခွင့် သက်တမ်းတိုးမြှင့်ခြင်းကို လုပ်ထုံး လုပ်နည်းနှင့် အညီ ဆောင်ရွက်နိုင် သည်။

– နေခွင့် ရက် (၉၀) ပြည့်လျှင် ပြန်လည် ထွက်ခွာရန် မလိုပါ။

ယာဉ်အမှုထမ်းဗီဇာ (၁) ကြိမ်သုံးအတွက် ဗီဇာ စည်းကမ်း သတ်မှတ်ချက်များအပြင် အောက်ပါ အချက်များ တင်ပြရမည်-
(၁) လျှောက်ထားသူသည် ကနဦး (ပထမ ဦးဆုံး အကြိမ်)ဝင်ရောက်သူမဖြစ်စေရ။
(၂) အကြိမ်ကြိမ် (၃)လ (သို့မဟုတ်) (၆) လ (သို့မဟုတ်) (၁) နှစ် မှ မည်သည့် ဗီဇာကိုရယူ လိုကြောင်း တင်ပြရမည်။
(၃) အကြိမ်ကြိမ် ပြည်ဝင်ခွင့် ပြုလုပ်လိုသည့် အကြောင်းအရာအား အခိုင်အမာ အထောက် အထားများဖြင့် တင်ပြ ရမည်။
၁၂ အလုပ်ရုံ/ ဆွေးနွေးပွဲ/ အစည်းအဝေး/ သုတေသနဗီဇာ (Workshop/ Seminar/ Meeting/ Research Visa) – ဗီဇာကြေး – ၄၀ USD

– နေခွင့်ကာလ – ၂၈ ရက်

– သုတေသနဗီဇာဖြင့် ပြည်ဝင်ခွင့် ရရှိသူသည် ဆက်လက် နေထိုင် လိုပါကနေခွင့်သက်တမ်းတိုးမြှင့် ခြင်းကို လုပ်ထုံး လုပ်နည်းနှင့် အညီ ဆောင်ရွက်နိုင်သည်။

(၁) ဝန်ကြီးဌာန / အဖွဲ့အစည်းတို့၏ ဖိတ်ခေါ်စာ တို့ဖြင့် လျှောက်ထားရမည်။
၁၃ သံတမန်၏ ဧည့်သည်များ ပြည်ဝင်ဗီဇာ (တစ်ကြိမ်သုံး) Entry Visa    (For Diplomatic Guests) (Single) – ဗီဇာကြေး – ၂၀ USD

– နေခွင့်ကာလ – ၂၈ ရက်

– ဆက်လက်နေထိုင်လိုပါက နေခွင့် သက်တမ်းတိုးမြှင့်ခြင်းကို လုပ်ထုံး လုပ်နည်းနှင့် အညီ ဆောင်ရွက်နိုင် သည်။

(၁)  မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်လျက်ရှိ သော သံတမန်နှင့် ဆွေမျိုး တော်စပ်ပုံ၊ သံတမန်နှင့် မြန်မာနိုင်ငံတွင် လိုက်ပါနေထိုင် မည့် အကြောင်းအရင်းနှင့် မြန်မာနိုင်ငံတွင် နေထိုင်မည့် ကာလအပိုင်းအခြားတို့ကို ဖော်ပြ လျက် သက်ဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီး ဌာန (သို့မဟုတ်) သက်ဆိုင်ရာ သံရုံးမှ စာဖြင့် မြန်မာ သံရုံး (သို့မဟုတ်) မြန်မာ အမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ရုံး (သို့မဟုတ်) မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး တို့တွင် ပြည်ဝင်ဗီဇာ လျှောက်ထား ရမည်။
(၂) မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်လျက် ရှိ သော သံတမန်၏ နိုင်ငံကူးလက်မှတ်မိတ္ထူ၊ သံတမန်၏ ပြည်နေခွင့်နှင့် အကြိမ်ကြိမ် ပြည် ဝင်ခွင့် မိတ္ထူ နှင့် သံတမန်၏ သက်သေခံ ကတ်ပြား မိတ္ထူ တို့ကို ပူးတွဲ တင်ပြရမည်။
သံတမန်၏ ဧည့်သည်များ ပြည်ဝင်ဗီဇာ (အကြိမ်ကြိမ်) Entry Visa    (For Diplomatic Guests) (Multiple) – ဗီဇာကြေး – ၁၀၀ USD

– အသုံးပြုခွင့်ကာလ- (၃) လ

– နေခွင့်နှင့်အကြိမ်ကြိမ်ပြည်ဝင်ခွင့်ပြုသည်။

– ဆက်လက်နေထိုင်လိုပါက နေခွင့်သက်တမ်း တိုးမြှင့်ခြင်းကို လုပ်ထုံး လုပ်နည်းနှင့် အညီ ဆောင်ရွက်နိုင်သည်။

/

– ဗီဇာကြေး – ၂၀၀ USD

– အသုံးပြုခွင့်ကာလ –  (၆) လ

– နေခွင့်နှင့်အကြိမ်ကြိမ်ပြည်ဝင်ခွင့်ပြုသည်။

– ဆက်လက် နေထိုင်လိုပါက နေခွင့်သက်တမ်း တိုးမြှင့်ခြင်းကို လုပ်ထုံး လုပ်နည်းနှင့် အညီ ဆောင်ရွက်နိုင်သည်။

/  

– ဗီဇာကြေး – ၄၀၀ USD

– အသုံးပြုခွင့်ကာလ –  (၁) နှစ်

– နေခွင့်နှင့်အကြိမ်ကြိမ်ပြည်ဝင်ခွင့်ပြုသည်။

–  ဆက်လက် နေထိုင်လိုပါက နေခွင့်သက်တမ်း တိုးမြှင့်ခြင်းကို လုပ်ထုံး လုပ်နည်းနှင့် အညီ ဆောင်ရွက်နိုင်သည်။

သံတမန်၏ ဧည့်သည်များ ပြည်ဝင်ဗီဇာ (တစ်ကြိမ်သုံး) အတွက် ဗီဇာ စည်းကမ်း သတ်မှတ်ချက်များ အပြင် အောက်ပါ အချက် များ
(၁) လျှောက်ထားသူသည် ကနဦး (ပထမ ဦးဆုံးအကြိမ်)ဝင်ရောက်သူမဖြစ်စေရ။
(၂) အကြိမ်ကြိမ် (၃)လ (သို့မဟုတ်) (၆) လ (သို့မဟုတ်) (၁)နှစ် မှ မည်သည့် ဗီဇာ ကို ရယူလိုကြောင်း တင်ပြရမည်။
(၃) အကြိမ်ကြိမ် ပြည်ဝင်ခွင့် ပြုလုပ်လို သည့်အကြောင်းအရာအား အခိုင်အမာ အထောက်အထားများဖြင့်တင်ပြရမည်။
၁၄ သံတမန်မဟုတ် သည့် သံရုံးဝန်ထမ်း များနှင့် ၎င်းတို့၏ မိသားစုဝင်များ အတွက် ပြည်ဝင် ဗီဇာ (တစ်ကြိမ်သုံး) Entry Visa (For Non-diplomatic Staff and their Immediate Family Members) (Single) – ဗီဇာကြေး     – ၂၀ USD

– နေခွင့်ကာလ – ၂၈ ရက်

– ဆက်လက် နေထိုင် လိုပါက နေခွင့် သက်တမ်း တိုးမြှင့်ခြင်း ကို လုပ်ထုံး လုပ်နည်း နှင့် အညီ ဆောင်ရွက်နိုင် သည်။

 (၁) သံရုံး ဝန်ထမ်းအတွက် သက်ဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးဌာန (သို့မဟုတ်) သက်ဆိုင်ရာ သံရုံးမှ ခန့်အပ်သည့်စာ တင်ပြ ရမည်။
(၂) သက်ဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးဌာန (သို့မဟုတ်) သံရုံး၏စာတွင် သံရုံးဝန်ထမ်း အင်အား တိုးချဲ့ခန့်ထားခြင်း (သို့မဟုတ်) အစားထိုးတာဝန်ထမ်းဆောင်ခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် တာဝန် ထမ်းဆောင်မည့် ကာလအပိုင်းအခြား၊ လုပ်ငန်းကိစ္စဖြင့် ခေတ္တ လာရောက်မည် ဆိုပါကလည်း မည်သည့် လုပ်ငန်းကိစ္စဖြင့် လာရောက်မည်နှင့် မြန်မာ နိုင်ငံတွင် နေထိုင်မည့် ကာလအပိုင်းအခြားကို ဖော်ပြပေးရမည်။
(၃) သံရုံးဝန်ထမ်းမိသားစုဝင်များအနေဖြင့် မြန်မာ နိုင်ငံတွင် တာဝန်ထမ်းဆောင်မည့် သံရုံး ဝန်ထမ်း နှင့်အတူ လိုက်ပါခြင်းမရှိဘဲ နောက်မှ လိုက်ပါမည်ဆိုပါက ပြည်ဝင်ဗီဇာ လျှောက်ထား ရာတွင် တင်ပြရမည့် အထောက်အထားများ မှာ သံတမန်၏ ဧည့်သည်များ ပြည်ဝင်ဗီဇာ လျှောက်ထားရန် လိုအပ်သည့် အချက်အလက် များ အတိုင်းဖြစ်ပါသည်။
သံတမန်မဟုတ် သည့် သံရုံးဝန်ထမ်း များနှင့် ၎င်းတို့၏ မိသားစုဝင်များ အတွက် ပြည်ဝင် ဗီဇာ (အကြိမ်ကြိမ်) Entry Visa (For Non-diplomatic Staff and their Immediate Family Members) (Multiple) – ဗီဇာကြေး – ၆၀ USD

– အသုံးပြုခွင့်ကာလ- (၃) လ

– နေခွင့်နှင့် အကြိမ်ကြိမ် ပြည်ဝင် ခွင့်ပြုသည်။

– ဆက်လက် နေထိုင် လိုပါက နေခွင့် သက်တမ်း တိုးမြှင့်ခြင်း ကို လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင် သည်။

/

– ဗီဇာကြေး – ၁၂၀ USD

– အသုံးပြုခွင့်ကာလ –  (၆) လ

– နေခွင့်နှင့်အကြိမ်ကြိမ်ပြည်ဝင် ခွင့်ပြုသည်။

–  ဆက်လက် နေထိုင် လိုပါက နေခွင့် သက်တမ်း တိုးမြှင့်ခြင်း ကို လုပ်ထုံး လုပ်နည်းနှင့် အညီ ဆောင်ရွက်နိုင် သည်။

/

– ဗီဇာကြေး – ၂၄၀ USD

– အသုံးပြုခွင့်ကာလ –  (၁) နှစ်

– နေခွင့်နှင့်အကြိမ်ကြိမ်ပြည်ဝင် ခွင့်ပြုသည်။

–  ဆက်လက် နေထိုင် လိုပါက နေခွင့် သက်တမ်း တိုးမြှင့်ခြင်း ကို လုပ်ထုံး လုပ်နည်းနှင့် အညီ ဆောင်ရွက်နိုင် သည်။

သံတမန်မဟုတ်သည့် သံရုံးဝန်ထမ်းများနှင့် ၎င်းတို့ ၏ မိသားစုဝင်များအတွက် ပြည်ဝင်ဗီဇာ (တစ်ကြိမ် သုံး) အတွက် ဗီဇာစည်းကမ်း သတ်မှတ်ချက်များ အပြင်အောက်ပါ အချက်များ တင်ပြရမည်-
(၁) လျှောက်ထားသူသည် ကနဦး (ပထမ ဦးဆုံး အကြိမ်) ဝင်ရောက်သူမဖြစ်စေရ။
(၂) အကြိမ်ကြိမ် (၃) လ (သို့မဟုတ်) (၆) လ (သို့မဟုတ်) (၁) နှစ် မှ မည်သည့် ဗီဇာကို ရယူလိုကြောင်း တင်ပြရမည်။
(၃) အကြိမ်ကြိမ် ပြည်ဝင်ခွင့် ပြုလုပ်လိုသည့် အကြောင်းအရာအား အခိုင်အမာ အထောက် အထားများဖြင့် တင်ပြရ မည်။

Sorry, the comment form is closed at this time.