ရေးဖြေစာမေးပွဲရက် ကြေငြာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
နေပြည်တော်
ရေးဖြေစာမေးပွဲရက် ကြေငြာခြင်း
 
၁။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် လစ်လပ်လျက် ရှိသော လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး၊ အငယ်တန်းစာရေး၊ ဒုတိယလက်ထောက် ကွန်ပျူတာလုပ်ဆောင်ရေးမှူး ရာထူးနေရာများ ရွေးချယ်ခန့်ထားရေးအတွက် ရေးဖြေ စာမေးပွဲကို အောက်ပါအတိုင်း ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေငြာအပ်ပါသည်-

(က) ဖြေဆိုရမည့်နေ့ရက် – ၁၉-၂-၂၀၁၇ (တနင်္ဂနွေနေ့)
(ခ) ဖြေဆိုချိန် – (၁၀ ၀၀) နာရီမှ (၁၂ ၀၀) နာရီအထိ

ကြာမြင့်ချိန် (၂) နာရီ

(ဂ) ဖြေဆိုရမည့်ဘာသာ – အင်္ဂလိပ်စာ
(ဃ) ဖြေဆိုရမည့်နေရာ – လျှောက်လွှာတင်သွင်းသည့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဖြေဆိုရမည်။

၂။ ခုံအမှတ်စာရင်း၊ စာမေးပွဲအချိန်ဇယား၊ ဖြေဆိုရမည့် နေရာများကို ၁၇-၂-၂၀၁၇ ရက်နေ့မှစ၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးများတွင် ကြေငြာထား ပါမည်။

Sorry, the comment form is closed at this time.