အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ပိုစတာ၊ ဗီဒီယိုနှင့် စာစီစာကုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ပိုစတာ၊ ဗီဒီယိုနှင့် စာစီစာကုံး ပြိုင်ပွဲကို “အဂတိလိုက်စားမှုများတိုက်ဖျက်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့ (Together Against Corruption)” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ လူငယ်လူရွယ်များ ဝင်ရောက်ယှဉ်ပြိုင်နိုင် ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။
၂။ ပြိုင်ပွဲအတွက် စည်းကမ်းသတ်မှတ်ချက်များမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည်-
(က) ပြိုင်ပွဲဝင်များသည် အသက် ၁၄ နှစ်မှ ၃၅ နှစ်အတွင်း (တစ်ဦးချင်း သို့မဟုတ် အဖွဲ့လိုက်) လူငယ်များ ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။
( ခ ) ပိုစတာနှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့်အညီ Hard Copy ၊ Soft Copy (၂) စုံ ပြုစု၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ် ၃၅၊ နေပြည်တော်သို့ ၁၀-၉-၂၀၂၃ ရက်နေ့ (၁၆:၀၀) နာရီ မတိုင်မီ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှတစ်ဆင့် ဖြစ်စေ၊ e-mail လိပ်စာဖြစ်သည့် theinlwinfsa@gmail.com သို့ဖြစ်စေ ပေးပို့နိုင်ပါသည်။ အသေးစိတ်အချက်အလက်များနှင့် ပြိုင်ပွဲဝင်ခွင့် လျှောက်လွှာကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ Website တွင် အခမဲ့ Download ရယူနိုင်ပြီး ဒေါက်တာသိန်းလွင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန) ၀၉ ၅၁၁၀၆၇၇ နှင့် ဦးလင်းဝေအောင်၊ ညွှန်ကြားရေးမှူး (အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်) ၀၉ ၄၃၁၈၅၁၂၇ တို့သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်-
(၁) Format JPG ၊ A3 (297 x 420 mm) with correct aspect ratio၊
(၂) Resolution 300 dpi ၊
(၃) File Size 15 Mb ထက်မပိုစေရ။
( ဂ ) ဗီဒီယိုနှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့်အညီ Soft Copy (CD) ၂ ချပ် ပြုစု၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၇၊ နေပြည်တော်သို့ ၁၀-၉-၂၀၂၃ ရက်နေ့ (၁၆:၀၀) နာရီ မတိုင်မီ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှတစ်ဆင့် ဖြစ်စေ၊ e-mail လိပ်စာဖြစ်သည့် ms.khinmoeou@gmail.com သို့ဖြစ်စေ ပေးပို့ နိုင်ပါသည်။ အသေးစိတ်အချက်အလက်များနှင့် ပြိုင်ပွဲဝင်ခွင့် လျှောက်လွှာကို ပြန်ကြားရေးဝန်ကြီးဌာန၏ Website တွင် အခမဲ့ Download ရယူနိုင်ပြီး ဒေါ်ခင်မိုးဥ၊ ညွှန်ကြားရေးမှူး၊ (ပြန်ကြားရေးဝန်ကြီးဌာန) ၀၉-၅၁၉၆၈၅၀ နှင့် ဒေါ်ဇာဇာမိုး၊ ညွှန်ကြားရေးမှူး၊ (အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်) ၀၉-၄၀၀၄၀၅၆၇၅ တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်-
(၁) Format mpeg 4၊
(၂) Resolution 1920 x 1080 p ထက်မပိုစေရ၊
(၃) File Size 300 Mb ထက်မပိုစေရ၊
(၄) Sound 16-bit, stereo၊
(၅) Duration 120 Seconds ထက်မပိုစေရ။
(ဃ) စာစီစာကုံးနှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့်အညီ Hard Copy (၁) စုံ၊ ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၃) နေပြည်တော်သို့ ၁၀-၉-၂၀၂၃ ရက်နေ့ (၁၆:၀၀) နာရီ မတိုင်မီ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှတစ်ဆင့်ဖြစ်စေ ပေးပို့နိုင်ပါသည်။ အသေးစိတ် အချက်အလက်များနှင့် ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာ ကို ပညာရေးဝန်ကြီးဌာန၏ Website တွင် အခမဲ့ Download ရယူနိုင်ပြီး ဦးကျော်ဆွေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပညာရေးဝန်ကြီးဌာန) ၀၉-၂၅၀၁၃၁၆၈၈ နှင့် ဒေါ်အေးမြတ်မွန်၊ ညွှန်ကြားရေးမှူး (အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်) ၀၉-၄၃၀၁၉၂၀၈ တို့သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်-
(၁) ဘာသာစကား မြန်မာ၊
(၂) ပုံစံ လက်ရေးမူဖြစ်ရမည်၊
(၃) စာမျက်နှာ A4 အရွယ်အစား (၅) မျက်နှာမှ (၈) မျက်နှာအတွင်း၊
(၄) ကန့်သတ်ချက် ကျောကပ်ရေးသားခြင်းမပြုရ။
၃။ ပိုစတာအတွက် မြန်မာဘာသာစကား သို့မဟုတ် အင်္ဂလိပ်ဘာသာစကားဖြင့် ရှင်းလင်းချက် စာသား သီးခြားဖော်ပြရန်၊ ဗီဒီယိုအတွက် မြန်မာဘာသာစကား သို့မဟုတ် အင်္ဂလိပ်ဘာသာစကား ဖြင့် စာတန်းထိုး ဖော်ပြရန်နှင့် အဖွဲ့လိုက်ယှဉ်ပြိုင်ခြင်းဖြစ်ပါက အဖွဲ့ဝင်တစ်ဦးချင်းက ပြိုင်ပွဲဝင်ခွင့် လျှောက်လွှာပါ အချက်အလက်များကို ဖြည့်စွက်လျှောက်ထားရန် ဖြစ်ပါသည်။
၄။ ပြိုင်ပွဲဝင် ပိုစတာ၊ ဗီဒီယိုနှင့် စာစီစာကုံးတို့ အနက်မှ ပထမ၊ ဒုတိယ၊ တတိယ ရရှိသည့် ပိုစတာ၊ ဗီဒီယိုနှင့် စာစီစာကုံးတို့ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ကျင်းပ ပြုလုပ်မည့် “အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား” တွင် ဆုချီးမြှင့်ပေးမည်ဖြစ်ပါသည်။
၅။ ပထမဆုရရှိသည့် ပိုစတာ နှင့်ဗီဒီယို ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးသို့ မြန်မာ နိုင်ငံ ကိုယ်စားပြုအနေဖြင့် ပေးပို့ယှဉ်ပြိုင်စေမည်ဖြစ်ပြီး ပထမဆု အပါအဝင် အကောင်းဆုံး ပိုစတာ နှင့် ဗီဒီယို (၁၀) ခုကို အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု ဆောင်ရွက်ချက်များအတွက် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံး၏ Website သို့ ပေးပို့သွားမည် ဖြစ်ပါသည်။
၆။ ပြိုင်ပွဲဝင်များသည် အောက်ပါ အချက်များကို လိုက်နာရမည်-
(က) တည်ဆဲဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များနှင့် ဆန့်ကျင်သော စာသားများ၊ ဇာတ်ကွက်များ၊ သရုပ်ဖော်မှုများ၊ အသုံးအနှုန်းများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် ၍ဖြစ်စေ ထည့်သွင်းခြင်းမပြုရ၊
(ခ) မူပိုင်ခွင့်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီရမည်ဖြစ်သည်၊
(ဂ) ပြိုင်ပွဲဝင် ပိုစတာ၊ ဗီဒီယိုနှင့် စာစီစာကုံးကို အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆောင်ရွက်မှုများအတွက် အသုံးပြုခြင်းကို ခွင့်ပြုပေးရမည်၊
(ဃ) ပြိုင်ပွဲဝင်များအနေဖြင့် ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာပါ အချက်များကို မှန်ကန်စွာ ဖြည့်စွက်ပေးပို့ရမည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်
အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးပိုစတာ၊ ဗီဒီယိုနှင့် စာစီစာကုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သူများ၏ ဝင်ခွင့်လျှောက်လွှာ/ဝန်ခံကတိပြုလွှာ
၁။ အမည် ——————————————————————-
၂။ ကျား/မ ——————————————————————-
၃။ မွေးသက္ကရာဇ်(ရက်၊ လ၊ ခုနှစ်) ——————————————————————-
၄။ အသက် ——————————————————————-
၅။ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်/ ——————————————————————
သက်သေခံလက်မှတ် ——————————————————————-
၆။ လူမျိုး/ဘာသာ ——————————————————————-
၇။ ပညာအရည်အချင်း ——————————————————————-
၈။ လက်ရှိအလုပ်အကိုင် ——————————————————————-
၉။ အဖအမည် ——————————————————————-
၁၀။ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် ——————————————————————-
၁၁။ အမိအမည် ——————————————————————-
၁၂။ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် ——————————————————————-
၁၃။ အမြဲတမ်းနေရပ်လိပ်စာအပြည့်အစုံ ——————————————————————-
——————————————————————-
——————————————————————-
၁၄။ ဆက်သွယ်ရမည့်ဖုန်းနံပါတ် ——————————————————————–
၁၅။ e-mail ——————————————————————–
——————————————————————-
၁၆။ ယှဉ်ပြိုင်မှုပုံစံ ——————————————————————-
(တစ်ဦးချင်း သို့မဟုတ် အဖွဲ့လိုက်)
၁၇။ ပြိုင်ပွဲဝင်အမျိုးအစား ——————————————————————-
(ပိုစတာ သို့မဟုတ် ဗီဒီယို သို့မဟုတ် စာစီစာကုံး)
၁၈။ မိမိသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးပိုစတာ၊ ဗီဒီယိုနှင့် စာစီစာကုံး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် တစ်ဖက်ဖော်ပြပါအချက်များကို သိရှိပါကြောင်းနှင့် သဘောတူ လက်ခံပါကြောင်း ဝန်ခံကတိပြု လက်မှတ်ရေးထိုးပါသည်-
(က) ပြိုင်ပွဲဝင်များသည် မိမိ၏ပြိုင်ပွဲဝင် ပိုစတာ သို့မဟုတ် ဗီဒီယို သို့မဟုတ် စာစီစာကုံးကို တင်သွင်းသည့်အခါ မူပိုင်ခွင့်ကို ပိုင်ဆိုင်ကြောင်းနှင့် အခြားသူများ၏ ဉာဏ အခွင့် အရေးကို ချိုးဖောက်မှု မရှိကြောင်း၊
(ခ) အခြားသူများ၏ မူပိုင်ခွင့်အခွင့်အရေးများကို ချိုးဖောက်၍ ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက မူပိုင်ခွင့်ဥပဒေဖြင့် အရေးယူခံရမည် ဖြစ်ကြောင်း၊
(ဂ) မိမိအနေဖြင့် အခြားသူများ၏ မူပိုင်ခွင့်များကို ချိုးဖောက်၍ ပြိုင်ပွဲဝင် ပိုစတာ သို့မဟုတ် ဗီဒီယိုများတွင် ထည့်သွင်းအသုံးပြုခြင်းကြောင့် ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ပြိုင်ပွဲစီစဉ်ကျင်းပသည့် အဖွဲ့အစည်းများနှင့် စိစစ်ရွေးချယ်ရေး ကော်မတီတို့နှင့် သက်ဆိုင်မှုမရှိကြောင်း၊
(ဃ) မိမိ၏ပြိုင်ပွဲဝင် ပိုစတာ သို့မဟုတ် ဗီဒီယို သို့မဟုတ် စာစီစာကုံးကို လိုအပ်ပါက တည်းဖြတ်ခြင်း၊ မှတ်ချက်များ၊ ရှင်းလင်းချက်များ ထည့်သွင်းခြင်းနှင့် မူရင်းတင်ပြသူ ပိုင်ရှင်အမည်ကို ဖော်ပြခြင်းမပြုဘဲ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများ အတွက် ပြိုင်ပွဲစီစဉ်ကျင်းပသည့် အဖွဲ့အစည်းများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်တို့မှ အသုံးပြုခြင်းကို ခွင့်ပြုကြောင်း၊
(င) ပြိုင်ပွဲဝင် ပိုစတာ၊ ဗီဒီယို နှင့် စာစီစာကုံးတို့ကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြန်လည် ပေးအပ်ခြင်းများ ပြုလုပ်မည်မဟုတ်ပါကြောင်း၊
(စ) ပြိုင်ပွဲ ဦးဆောင်ကျင်းပသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ပြိုင်ပွဲသို့ တင်သွင်းသည့်ပိုစတာ သို့မဟုတ် ဗီဒီယို သို့မဟုတ် စာစီစာကုံးများကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး ၏ ဝက်ဘ်ဆိုဒ်နှင့် အင်တာနက် စာမျက်နှာ များတွင် ဖော်ပြခြင်း၊ ပြပွဲများ၊ ဖိုရမ်များ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ စာတမ်း ဖတ်ကြား ဆွေးနွေးပွဲများ စသည်တို့တွင် အသုံးပြုခြင်းနှင့် မည်သည့်အတွက်ကြောင့် အသုံးပြုခြင်း ဖြစ်သည်ကို ကာယကံရှင်အား အကြောင်းကြားမည် မဟုတ်သည်ကို သိရှိ ပါကြောင်း။
လက်မှတ် ———————————–
အမည် ———————————–
နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်/ ——————————
သက်သေခံလက်မှတ် ———————————-
ရက်စွဲ ————————————-
Sorry, the comment form is closed at this time.