မြန်မာနိုင်ငံတွင် လက်ရှိ ခွင့်ပြုပေးလျက်ရှိသော ပြည်ဝင်ဗီဇာ စနစ်သစ် (၁၂) မျိုးအား နိုင်ငံခြားသားများ အဆင်ပြေချောမွေ့စွာ ဗီဇာလျှောက်ထားနိုင်ရေးအတွက် ပြည်ဝင်ဗီဇာအမျိုးအစားအလိုက် စည်းကမ်း သတ်မှတ် ချက်များ ပြင်ဆင်သတ်မှတ် ထားသည့် အောက်ဖော်ပြပါ ဗီဇာစည်းကမ်း သတ်မှတ်ချက်များကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ( ၁ ) ရက်နေ့တွင် စတင် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
စဉ် | ဗီဇာအမျိုးအစား | ပြင်ဆင်သတ်မှတ်မည့် ဗီဇာကြေးနှင့်နေခွင့်ကာလ | ပြင်ဆင်သတ်မှတ်မည့် ဗီဇာစည်းကမ်းသတ်မှတ်ချက် |
---|---|---|---|
၁။ | သံတမန်/ သံအဖွဲ့ဝင်ဗီဇာ (Gratis Diplomatic/ Official Courtesy Visa) |
– ဗီဇာကြေး – အခမဲ့ – နေခွင့်ကာလ- တာဝန်ထမ်းဆောင်ချိန် |
(၁) သက်ဆိုင်ရာ နိုင်ငံမှ မြန်မာနိုင်ငံတွင် သံတမန်/ သံအဖွဲ့ဝင်အဖြစ် တာဝန်ပေး ခန့်အပ်သည့် အမိန့်စာ တင်ပြရ မည်။ (၂) သက်ဆိုင်ရာ ဝန်ကြီးဌာနမှ တာဝန် ထမ်းဆောင်မည့် ခန့်အပ်ကြောင်း (သို့မဟုတ်) ဖိတ်ခေါ်ကြောင်း အထောက် အထားတင်ပြရမည်။ |
၂။ | ကမ္ဘာလှည့်ဗီဇာ (Tourist Visa) |
– ဗီဇာကြေး – ၄၀ USD – နေခွင့်ကာလ – ၂၈ရက် |
(၁) အားလပ်ရက် အပန်းဖြေ ခရီးထွက်ရန်၊ အလည်အပတ်အဖြစ်နေထိုင်ရန်၊ ခေတ္တ နေထိုင်ရန် အတွက်သာ လျှောက်ထား ရမည်။ (၂) ခရီးစဉ် အသွားအပြန် လေယာဉ် လက်မှတ် တင်ပြရမည်။ |
၃။ | – လုပ်ငန်းဗီဇာ (တစ်ကြိမ်သုံး) (Business Visa)(Single) |
– ဗီဇာကြေး – ၅၀USD – နေခွင့်ကာလ – ၇၀ ရက် – ဆက်လက် နေထိုင်လိုပါက နေခွင့် သက် တမ်း တိုးမြှင့်ခြင်းကို လုပ်ထုံး လုပ်နည်း နှင့်အညီ ဆောင်ရွက် နိုင်သည်။ |
(၁) လျှောက်ထားသူသည် မြန်မာနိုင်ငံတွင် ဆောင်ရွက်လိုသည့် စီးပွားရေး/ဆောင် ရွက်လျက်ရှိသည့် စီးပွားရေး ကိစ္စအား ဖော်ပြလျှောက်ထား ရမည်။ |
– လုပ်ငန်းဗီဇာ (အကြိမ်ကြိမ်) (Business Visa) (Multiple) |
– ဗီဇာကြေး – ၂၀၀ USD – အသုံးပြုခွင့်ကာလ- (၃) လ – နေခွင့်နှင့်အကြိမ်ကြိမ်ပြည်ဝင်ခွင့်ပြုသည်။ – ဆက်လက်နေထိုင်လိုပါက နေခွင့် သက် တမ်း တိုးမြှင့်ခြင်းကို လုပ်ထုံး လုပ်နည်း နှင့် အညီ ဆောင်ရွက်နိုင်သည်။ – နေခွင့် ရက် (၇၀) ပြည့်လျှင် ပြန်လည် ထွက်ခွာရန် မလိုပါ။ / – ဗီဇာကြေး – ၄၀၀ USD – အသုံးပြုခွင့်ကာလ – (၆) လ – နေခွင့်နှင့်အကြိမ်ကြိမ်ပြည်ဝင်ခွင့်ပြုသည်။ – ဆက်လက်နေထိုင်လိုပါက နေခွင့် သက် တမ်းတိုးမြှင့်ခြင်းကို လုပ်ထုံး လုပ်နည်း နှင့် အညီ ဆောင်ရွက်နိုင်သည်။ – နေခွင့် ရက် (၇၀) ပြည့်လျှင် ပြန်လည် ထွက်ခွာရန် မလိုပါ။ / – ဗီဇာကြေး – ၆၀၀ USD – အသုံးပြုခွင့်ကာလ – (၁) နှစ် – နေခွင့်နှင့်အကြိမ်ကြိမ်ပြည်ဝင်ခွင့်ပြုသည်။ – ဆက်လက်နေထိုင်လိုပါက နေခွင့် သက် တမ်းတိုးမြှင့်ခြင်းကို လုပ်ထုံး လုပ်နည်း နှင့် အညီ ဆောင်ရွက်နိုင် သည်။ – နေခွင့် ရက် (၇၀) ပြည့်လျှင် ပြန်လည် ထွက်ခွာရန် မလိုပါ။ |
လုပ်ငန်းဗီဇာ (၁) ကြိမ်သုံး အတွက် ဗီဇာ စည်းကမ်း သတ်မှတ်ချက်များအပြင် အောက်ပါ အချက်များ တင်ပြရမည်- (၁) လျှောက်ထားသူသည် ကနဦး (ပထမ ဦးဆုံးအကြိမ်)ဝင်ရောက်သူမဖြစ်စေရ။ (၂) အကြိမ်ကြိမ် (၃)လ (သို့မဟုတ်) (၆) လ (သို့မဟုတ်) (၁)နှစ် မှ မည်သည့် ဗီဇာ ကို ရယူလိုကြောင်း တင်ပြရမည်။ (၃) အကြိမ်ကြိမ် ပြည်ပြန်ဝင်ခွင့် ပြုလုပ်လို သည့်အကြောင်းအရာအား အခိုင်အမာ အထောက်အထားများဖြင့်တင်ပြရမည်။ (ဥပမာ- ကာယကံရှင်ကိုယ်တိုင် တင်ပြ နိုင်သော စီးပွားရေးဆိုင်ရာကိစ္စ ဖော်ပြ ခြင်း) |
|
၄။ | – လူမှုရေးဗီဇာ (တစ်ကြိမ်သုံး) (Social Visa) (Single) | – ဗီဇာကြေး – ၅၀ USD – နေခွင့်ကာလ – ၇၀ ရက် – ဆက်လက်နေထိုင်လိုပါကနေခွင့်သက်တမ်း တိုးမြှင့်ခြင်းကို လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်နိုင် သည်။ |
(၁) မြန်မာနိုင်ငံသားဟောင်း ဖြစ်ပါက မြန်မာ နိုင်ငံသားဖြစ်ကြောင်း သက်သေ ပြနိုင်ရ မည်။ မြန်မာနိုင်ငံ၌တွေ့ဆုံ/အတူ နေထိုင် လိုသည့်ဆွေမျိုးနှင့် တည်းခိုနေထိုင်သည့် လိပ်စာအတိအကျ ဖော်ပြရမည်။ (၂) မြန်မာနိုင်ငံသားနှင့်ပတ်သက်သူနိုင်ငံခြား သားဖြစ်ပါကမြန်မာနိုင်ငံသားနှင့်မည်သို့ ပတ်သက်ကြောင်း အထောက်အထား၊ တွေ့ဆုံလိုသည့်အကြောင်းအရာ၊တည်းခို နေထိုင်သည့်လိပ်စာ အတိအကျ ဖော်ပြ လျှောက်ထားရမည်။ |
– လူမှုရေးဗီဇာ (အကြိမ်ကြိမ်) (Social Visa) (Multiple) |
– ဗီဇာကြေး – ၁၅၀ USD – အသုံးပြုခွင့်ကာလ- (၃) လ – နေခွင့်နှင့်အကြိမ်ကြိမ်ပြည်ဝင်ခွင့်ပြုသည်။ – ဆက်လက် နေထိုင် လိုပါက နေခွင့် သက် တမ်း တိုးမြှင့်ခြင်းကို လုပ်ထုံးလုပ်နည်း နှင့် အညီ ဆောင်ရွက်နိုင် သည်။ – နေခွင့် ရက် (၇၀) ပြည့်လျှင် ပြန်လည် ထွက်ခွာရန် မလိုပါ။ / – ဗီဇာကြေး – ၃၀၀ USD – အသုံးပြုခွင့်ကာလ – (၆) လ – နေခွင့်နှင့်အကြိမ်ကြိမ်ပြည်ဝင်ခွင့်ပြုသည်။ – ဆက်လက်နေထိုင်လိုပါက နေခွင့် သက် တမ်းတိုးမြှင့်ခြင်းကို လုပ်ထုံး လုပ်နည်းနှင့် အညီ ဆောင်ရွက်နိုင် သည်။ – နေခွင့် ရက် (၇၀) ပြည့်လျှင် ပြန်လည် ထွက်ခွာရန် မလိုပါ။ / – ဗီဇာကြေး – ၄၅၀ USD – အသုံးပြုခွင့်ကာလ – (၁) နှစ် – နေခွင့်နှင့်အကြိမ်ကြိမ်ပြည်ဝင်ခွင့်ပြုသည်။ – ဆက်လက်နေထိုင်လိုပါက နေခွင့် သက် တမ်းတိုးမြှင့်ခြင်းကို လုပ်ထုံး လုပ်နည်းနှင့် အညီ ဆောင်ရွက်နိုင် သည်။ – နေခွင့် ရက် (၇၀) ပြည့်လျှင် ပြန်လည် ထွက်ခွာရန် မလိုပါ။ |
လူမှုရေးဗီဇာ (၁) ကြိမ်သုံးအတွက် ဗီဇာ စည်းကမ်းသတ်မှတ်ချက်များအပြင် အောက်ပါ အချက်များ တင်ပြရမည်- (၁) လျှောက်ထားသူသည် ကနဦး (ပထမ ဦးဆုံး အကြိမ်)ဝင်ရောက်သူမဖြစ်စေရ။ (၂) အကြိမ်ကြိမ် (၃) လ (သို့မဟုတ်) (၆) လ (သို့မဟုတ်) (၁) နှစ် မှ မည်သည့် ဗီဇာကို ရယူလိုကြောင်း တင်ပြရမည်။ (၃) အကြိမ်ကြိမ် ပြည်ပြန်ဝင်ခွင့် ပြုလုပ် လိုသည့် အကြောင်းအရာအား အခိုင်အမာ အထောက် အထားများဖြင့် တင်ပြရ မည်။ |
|
၅။ | – သာသနာရေးဗီဇာ (တစ်ကြိမ်သုံး) (Religious Visa) (Single) | – ဗီဇာကြေး – ၅၀ USD – နေခွင့်ကာလ – ၇၀ ရက် – ဆက်လက် နေထိုင် လိုပါက နေခွင့် သက်တမ်း တိုးမြှင့်ခြင်း ကို လုပ်ထုံး လုပ်နည်းနှင့် အညီ ဆောင်ရွက်နိုင် သည်။ |
(၁) သာသနာရေးဆိုင်ရာ လာရောက် လိုသည့် ကိစ္စရပ်၊ ဆက်သွယ် ဆောင်ရွက်မည့် ဘာသာရေးဆိုင်ရာ လူပုဂ္ဂိုလ် / အဖွဲ့ အစည်း / ရိပ်သာ / ဘုရားကျောင်း၊ သွားရောက်မည့် လိပ်စာတို့ကို ဖော်ပြ လျှောက်ထားရမည်။ |
– သာသနာရေး ဗီဇာ (အကြိမ်ကြိမ်) (Religious Visa) (Multiple) |
– ဗီဇာကြေး – ၁၅၀ USD – အသုံးပြုခွင့်ကာလ- (၃) လ – နေခွင့်နှင့်အကြိမ်ကြိမ်ပြည်ဝင်ခွင့်ပြုသည်။ – ဆက်လက်နေထိုင်လိုပါက နေခွင့် သက် တမ်းတိုးမြှင့်ခြင်းကို လုပ်ထုံး လုပ်နည်းနှင့် အညီဆောင်ရွက်နိုင် သည်။ – နေခွင့် ရက် (၇၀) ပြည့်လျှင် ပြန်လည် ထွက်ခွာရန် မလိုပါ။ / – ဗီဇာကြေး – ၃၀၀ USD – အသုံးပြုခွင့်ကာလ – (၆) လ – နေခွင့်နှင့်အကြိမ်ကြိမ်ပြည်ဝင်ခွင့်ပြုသည်။ – ဆက်လက်နေထိုင်လိုပါက နေခွင့် သက် တမ်းတိုးမြှင့်ခြင်းကို လုပ်ထုံး လုပ်နည်းနှင့် အညီ ဆောင်ရွက်နိုင် သည်။ – နေခွင့် ရက် (၇၀) ပြည့်လျှင် ပြန်လည် ထွက်ခွာရန် မလိုပါ။ / – ဗီဇာကြေး – ၄၅၀ USD – အသုံးပြုခွင့်ကာလ – (၁) နှစ် – နေခွင့်နှင့်အကြိမ်ကြိမ်ပြည်ဝင်ခွင့်ပြုသည်။ – ဆက်လက်နေထိုင်လိုပါက နေခွင့် သက် တမ်းတိုးမြှင့်ခြင်းကို လုပ်ထုံး လုပ်နည်းနှင့် အညီ ဆောင်ရွက်နိုင် သည်။ – နေခွင့် ရက် (၇၀) ပြည့်လျှင် ပြန်လည် ထွက်ခွာရန် မလိုပါ။ |
သာသနာရေးဗီဇာ (၁) ကြိမ်သုံး အတွက် ဗီဇာ စည်းကမ်းသတ်မှတ်ချက်များအပြင် အောက်ပါ အချက်များ တင်ပြ ရမည်- (၁) လျှောက်ထားသူသည် ကနဦး (ပထမ ဦးဆုံး အကြိမ်) ဝင်ရောက်သူမဖြစ်စေရ။ (၂) အကြိမ်ကြိမ် (၃)လ (သို့မဟုတ်) (၆) လ (သို့မဟုတ်) (၁)နှစ်မှ မည်သည့် ဗီဇာ ကိုရယူ လိုကြောင်း တင်ပြရမည်။ (၃) အကြိမ်ကြိမ် ပြည်ပြန်ဝင်ခွင့် ပြုလုပ် လို သည့် အကြောင်းအရာအား အခိုင်အမာ အထောက်အထားများဖြင့် တင်ပြရမည်။ |
|
၆။ | ဖြတ်သန်းဗီဇာ (Transit Visa) |
– ဗီဇာကြေး – ၂၀ USD – နေခွင့်ကာလ – ၂၄ နာရီ |
မြန်မာနိုင်ငံမှ နောက်ကြောင်းပြန် ခရီး မဟုတ်သော ရှေ့ဆက် ထွက်ခွာမည့်ခရီး၏ လေယာဉ် လက်မှတ် တင်ပြရမည်။ |
၇။ | – နိုင်ငံတကာ အဖွဲ့ အစည်း များ ဗီဇာ (တစ်ကြိမ်သုံး) (Official Visa) (Single) |
– ဗီဇာကြေး – ၅၀ USD – နေခွင့်ကာလ – ၇၀ ရက် – ဆက်လက် နေထိုင် လိုပါက နေခွင့် သက်တမ်း တိုးမြှင့်ခြင်းကို လုပ်ထုံး လုပ်နည်း နှင့် အညီ ဆောင်ရွက်နိုင် သည်။ |
(၁) UN အသိအမှတ်ပြု နိုင်ငံတကာအဖွဲ့ အစည်း/ မြန်မာနိုင်ငံ၊ ပြည်ထောင်စု အစိုးရ မှ အသိအမှတ် ပြုထားသော နိုင်ငံတကာ အဖွဲ့အစည်း ဖြစ်ရမည်။ (၂) ပြည်တွင်းတွင် လုပ်ငန်းဆောင်ရွက်မည့် နေရာ / လုပ်ငန်းဆောင်ရွက်ချက်များ ဖော်ပြရမည် ဖြစ်ပြီး တည်ဆဲဥပဒေ အရ လိုက်နာ ဆောင်ရွက်မည့် ဝန်ခံချက် ပါရှိ ရမည်။ |
– နိုင်ငံတကာ အဖွဲ့အစည်း များဗီဇာ (အကြိမ်ကြိမ်) (Official Visa) (Multiple) |
– ဗီဇာကြေး – ၂၀၀ USD – အသုံးပြုခွင့်ကာလ- (၃) လ – နေခွင့်နှင့်အကြိမ်ကြိမ်ပြည်ဝင်ခွင့်ပြုသည်။ – ဆက်လက် နေထိုင်လိုပါက နေခွင့် သက် တမ်းတိုးမြှင့်ခြင်းကို လုပ်ထုံး လုပ်နည်းနှင့် အညီ ဆောင်ရွက်နိုင် သည်။ – နေခွင့် ရက် (၇၀) ပြည့်လျှင် ပြန်လည် ထွက်ခွာရန် မလိုပါ။ / – ဗီဇာကြေး – ၄၀၀ USD – အသုံးပြုခွင့်ကာလ – (၆) လ – နေခွင့်နှင့်အကြိမ်ကြိမ်ပြည်ဝင်ခွင့်ပြုသည်။ – ဆက်လက် နေထိုင်လိုပါက နေခွင့် သက် တမ်းတိုးမြှင့်ခြင်းကို လုပ်ထုံး လုပ်နည်းနှင့် အညီ ဆောင်ရွက်နိုင် သည်။ – နေခွင့် ရက် (၇၀) ပြည့်လျှင် ပြန်လည် ထွက်ခွာရန် မလိုပါ။ / – ဗီဇာကြေး – ၆၀၀ USD – အသုံးပြုခွင့်ကာလ – (၁) နှစ် – နေခွင့်နှင့်အကြိမ်ကြိမ်ပြည်ဝင်ခွင့်ပြုသည်။ – ဆက်လက် နေထိုင်လိုပါက နေခွင့် သက် တမ်းတိုးမြှင့်ခြင်းကို လုပ်ထုံး လုပ်နည်းနှင့် အညီ ဆောင်ရွက်နိုင် သည်။ – နေခွင့် ရက် (၇၀) ပြည့်လျှင် ပြန်လည် ထွက်ခွာရန် မလိုပါ။ |
နိုင်ငံတကာအဖွဲ့အစည်းများဗီဇာ (၁) ကြိမ်သုံး အတွက် ဗီဇာစည်းကမ်း သတ်မှတ်ချက်များ အပြင် အောက်ပါအချက်များ တင်ပြရမည်- (၁) လျှောက်ထားသူသည် ကနဦး (ပထမ ဦးဆုံး အကြိမ်) ဝင်ရောက်သူမဖြစ်စေရ။ (၂) အကြိမ်ကြိမ် (၃)လ (သို့မဟုတ်) (၆) လ (သို့မဟုတ်) (၁) နှစ် မှ မည်သည့် ဗီဇာ ကို ရယူ လိုကြောင်း တင်ပြရမည်။ (၃) အကြိမ်ကြိမ် ပြည်ပြန်ဝင်ခွင့် ပြုလုပ် လိုသည့် အကြောင်းအရာအား အခိုင် အမာ အထောက်အထားများဖြင့် တင်ပြ ရမည်။ (ဥပမာ- ကာယကံရှင်ကိုယ်တိုင် တင်ပြ နိုင်သော ဆောင်ရွက်မည့် လုပ်ငန်းကိစ္စ ဖော်ပြခြင်း) |
|
၈။ | အလုပ်သမားဗီဇာ (Employment Visa) |
– ဗီဇာကြေး – ၅၀ USD – နေခွင့်ကာလ – ၇၀ ရက် – ဆက်လက် နေထိုင် လိုပါက နေခွင့် သက်တမ်းတိုးမြှင့်ခြင်းကို လုပ်ထုံး လုပ်နည်းနှင့် အညီ ဆောင်ရွက် နိုင်သည်။ |
(၁) တာဝန်ခံခေါ်ယူမည့် ကုမ္ပဏီ၏ ဖိတ်ခေါ်စာ (သို့မဟုတ်) အလုပ်ခန့်စာ အထောက်အထား ဖြင့် လျှောက်ထားရ မည်။ (၂) အလုပ်သမားဗီဇာလျှောက်ထားရယူ၍ မြန်မာ နိုင်ငံသို့ ရောက်ရှိလာသော နိုင်ငံခြားသား အလုပ်သမားများ အနေဖြင့် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ထုတ်ပေးသည့် အလုပ်သမား မှတ်ပုံတင်လက်မှတ် ရယူကိုင်ဆောင်ရပါမည်။ |
၉။ | – ပညာရေးဗီဇာ (တစ်ကြိမ်သုံး) (Education Visa) (Single) | – ဗီဇာကြေး – ၅၀ USD – နေခွင့်ကာလ – ၉၀ ရက် – ဆက်လက် နေထိုင် လိုပါက နေခွင့် သက်တမ်းတိုးမြှင့်ခြင်းကို လုပ်ထုံး လုပ်နည်းနှင့် အညီ ဆောင်ရွက် နိုင်သည်။ |
(၁) ကျောင်းတက်ရန် ဖြစ်ပါက သက်ဆိုင်ရာ တက္ကသိုလ်/ နိုင်ငံခြားဘာသာသင် ကျောင်း၏ ထောက်ခံချက်ဖြင့် လျှောက်ထား ရမည်။ (၂) ပညာရေး ဝန်ကြီးဌာနမှ ကျောင်းများတွင် စာသင်ကြားသည့် ဆရာ/ ဆရာမများဖြစ်ပါက သက်ဆိုင်ရာ ကျောင်းများမှ ထောက်ခံချက်ဖြင့် လျှောက်ထား ရမည်။ |
– ပညာရေးဗီဇာ (အကြိမ်ကြိမ်) (Education Visa) (Multiple) |
– ဗီဇာကြေး – ၂၀၀ USD – အသုံးပြုခွင့်ကာလ- (၃) လ – နေခွင့်နှင့်အကြိမ်ကြိမ်ပြည်ဝင် ခွင့်ပြုသည်။ – ဆက်လက်နေထိုင်လိုပါက နေခွင့် သက်တမ်းတိုးမြှင့်ခြင်းကို လုပ်ထုံး လုပ်နည်းနှင့် အညီ ဆောင်ရွက်နိုင် သည်။ – နေခွင့် ရက် (၉၀) ပြည့်လျှင် ပြန်လည် ထွက်ခွာရန် မလိုပါ။ / – ဗီဇာကြေး – ၄၀၀ USD – အသုံးပြုခွင့်ကာလ – (၆) လ – နေခွင့်နှင့်အကြိမ်ကြိမ်ပြည်ဝင် ခွင့်ပြုသည်။ – ဆက်လက်နေထိုင်လိုပါက နေခွင့် သက်တမ်းတိုးမြှင့်ခြင်းကို လုပ်ထုံး လုပ်နည်းနှင့် အညီ ဆောင်ရွက်နိုင် သည်။ – နေခွင့် ရက် (၉၀) ပြည့်လျှင် ပြန်လည် ထွက်ခွာရန် မလိုပါ။ / – ဗီဇာကြေး – ၆၀၀ USD – အသုံးပြုခွင့်ကာလ – (၁) နှစ် – နေခွင့်နှင့်အကြိမ်ကြိမ်ပြည်ဝင် ခွင့်ပြုသည်။ – ဆက်လက်နေထိုင်လိုပါက နေခွင့် သက်တမ်းတိုးမြှင့်ခြင်းကို လုပ်ထုံး လုပ်နည်းနှင့် အညီ ဆောင်ရွက်နိုင် သည်။ – နေခွင့် ရက် (၉၀) ပြည့်လျှင် ပြန်လည် ထွက်ခွာရန် မလိုပါ။ |
ပညာရေးဗီဇာ (၁) ကြိမ်သုံးအတွက် ဗီဇာစည်းကမ်း သတ်မှတ်ချက်များအပြင် အောက်ပါအချက်များ တင်ပြ ရမည်- (၁) လျှောက်ထားသူသည် ကနဦး (ပထမ ဦးဆုံး အကြိမ်)ဝင်ရောက်သူမဖြစ်စေရ။ (၂) အကြိမ်ကြိမ် (၃)လ (သို့မဟုတ်) (၆) လ (သို့မဟုတ်) (၁)နှစ်မှ မည်သည့် ဗီဇာကိုရယူလို ကြောင်း တင်ပြရမည်။ (၃) အကြိမ်ကြိမ် ပြည်ပြန်ဝင်ခွင့် ပြုလုပ်လိုသည့် အကြောင်းအရာအားအခိုင်အမာ အထောက်အထားများဖြင့် တင်ပြရ မည်။ |
|
၁၀။ | စာနယ်ဇင်း/ မီဒီယာဗီဇာ (Journalist Visa) |
– ဗီဇာကြေး – ၄၀ USD – နေခွင့်ကာလ – ၂၈ ရက် |
(၁) လျှောက်ထားသူသည် ၎င်းနိုင်ငံ၏ စာနယ်ဇင်း သမား / မီဒီယာသမား ဖြစ်ကြောင်း အထောက် အထား အခိုင်အမာ တင်ပြရမည်။ (၂) စာနယ်ဇင်း/ မီဒီယာကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံသို့ သွားရောက်လိုသည့် အကြောင်း အရာ၊ ဆက်သွယ် ဆောင် ရွက်မည့် လူပုဂ္ဂိုလ် / အဖွဲ့အစည်း / ဌာနဆိုင်ရာအမည်၊ တည်းခို နေထိုင် သည့် လိပ်စာအတိအကျတို့ကို ဖော်ပြ လျှောက် ထားရမည်။ (၃) အသွား/အပြန် လေယာဉ် လက်မှတ် တင်ပြ ရမည်။ |
၁၁။ | ယာဉ်အမှုထမ်း ဗီဇာ (တစ်ကြိမ်သုံး) (Crew Visa) (Single) |
– ဗီဇာကြေး – ၅၀ USD – နေခွင့်ကာလ – ၉၀ ရက် – ဆက်လက် နေထိုင်လိုပါက နေခွင့် သက်တမ်း တိုးမြှင့်ခြင်းကို လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက် နိုင် သည်။ |
(၁) တရားဝင် သက်တမ်းရှိသော ယာဉ်အမှုထမ်း လိုင်စင် (crew license) ပါရှိရမည်။ (၂) သွားရောက်လိုသည့် ကိစ္စရပ်၊ ဆက်သွယ် ဆောင်ရွက်မည့်လူပုဂ္ဂိုလ်/ အဖွဲ့ အစည်း ဖော်ပြပါရှိရမည်။ |
– ယာဉ်အမှုထမ်းဗီဇာ (အကြိမ်ကြိမ်) (Crew Visa) (Multiple) |
– ဗီဇာကြေး – ၂၀၀ USD – အသုံးပြုခွင့်ကာလ- (၃) လ – နေခွင့်နှင့်အကြိမ်ကြိမ်ပြည်ဝင် ခွင့်ပြုသည်။ – ဆက်လက်နေထိုင်လိုပါက နေခွင့် သက်တမ်းတိုးမြှင့်ခြင်းကို လုပ်ထုံး လုပ်နည်းနှင့် အညီ ဆောင်ရွက်နိုင် သည်။ – နေခွင့် ရက် (၉၀) ပြည့်လျှင် ပြန်လည် ထွက်ခွာရန် မလိုပါ။ / – ဗီဇာကြေး – ၄၀၀ USD – အသုံးပြုခွင့်ကာလ – (၆) လ – နေခွင့်နှင့်အကြိမ်ကြိမ်ပြည်ဝင် ခွင့်ပြုသည်။ – ဆက်လက်နေထိုင်လိုပါက နေခွင့် သက်တမ်းတိုးမြှင့်ခြင်းကို လုပ်ထုံး လုပ်နည်းနှင့် အညီ ဆောင်ရွက်နိုင် သည်။ – နေခွင့် ရက် (၉၀) ပြည့်လျှင် ပြန်လည် ထွက်ခွာရန် မလိုပါ။ / – ဗီဇာကြေး – ၆၀၀ USD – အသုံးပြုခွင့်ကာလ – (၁) နှစ် – နေခွင့်နှင့်အကြိမ်ကြိမ်ပြည်ဝင် ခွင့်ပြုသည်။ – ဆက်လက်နေထိုင်လိုပါက နေခွင့် သက်တမ်းတိုးမြှင့်ခြင်းကို လုပ်ထုံး လုပ်နည်းနှင့် အညီ ဆောင်ရွက်နိုင် သည်။ – နေခွင့် ရက် (၉၀) ပြည့်လျှင် ပြန်လည် ထွက်ခွာရန် မလိုပါ။ |
ယာဉ်အမှုထမ်းဗီဇာ (၁) ကြိမ်သုံးအတွက် ဗီဇာ စည်းကမ်း သတ်မှတ်ချက်များအပြင် အောက်ပါ အချက်များ တင်ပြရမည်- (၁) လျှောက်ထားသူသည် ကနဦး (ပထမ ဦးဆုံး အကြိမ်)ဝင်ရောက်သူမဖြစ်စေရ။ (၂) အကြိမ်ကြိမ် (၃)လ (သို့မဟုတ်) (၆) လ (သို့မဟုတ်) (၁) နှစ် မှ မည်သည့် ဗီဇာကိုရယူ လိုကြောင်း တင်ပြရမည်။ (၃) အကြိမ်ကြိမ် ပြည်ပြန်ဝင်ခွင့်ပြုလုပ်လို သည့် အကြောင်းအရာအား အခိုင်အမာ အထောက် အထားများဖြင့် တင်ပြ ရမည်။ |
|
၁၂။ | အလုပ်ရုံ/ ဆွေးနွေးပွဲ/ အစည်းအဝေး/ သုတေသနဗီဇာ (Workshop/ Seminar/ Meeting/ Research Visa) |
– ဗီဇာကြေး – ၄၀ USD – နေခွင့်ကာလ – ၂၈ ရက် – သုတေသနဗီဇာဖြင့် ပြည်ဝင်ခွင့် ရရှိသူသည် ဆက်လက် နေထိုင် လိုပါကနေခွင့်သက်တမ်းတိုးမြှင့် ခြင်းကို လုပ်ထုံး လုပ်နည်းနှင့် အညီ ဆောင်ရွက်နိုင်သည်။ |
(၁) ဝန်ကြီးဌာန/အဖွဲ့အစည်းတို့၏ ဖိတ်ခေါ် စာ တို့ဖြင့် လျှောက်ထားရမည်။ |
ဆိုက်ရောက်ဗီဇာ (Visa On Arrival) စနစ်ဖြင့် ခွင့်ပြုခြင်း
၁။ ဆိုက်ရောက်ဗီဇာ (Visa On Arrival) စနစ်ဖြင့် အောက်ပါဗီဇာ (၄) မျိုးအား ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် ခွင့်ပြုသွားမည် ဖြစ်ပါသည်-
စဉ် | ဗီဇာအမျိုးအစား | ဗီဇာအခငွေ | နေခွင့်ကာလ |
(က) | လုပ်ငန်းဗီဇာ (တစ်ကြိမ်သုံး) (Business Visa – Single) | ၅၀ USD | ၇၀ ရက် |
(ခ) | အလုပ်ရုံ/ဆွေးနွေးပွဲ/အစည်းအဝေး/သုတေသနဗီဇာ (Workshop/Seminar/Meeting/Research Visa) |
၄၀ USD | ၂၈ ရက် |
(ဂ) | ယာဉ်အမှုထမ်းဗီဇာ (Crew Visa) | ၄၀ USD | ၂၈ ရက် |
(ဃ) | ဖြတ်သန်းဗီဇာ (Transit Visa ) | ၂၀ USD | ၂၄ နာရီ |
(အသေးစိတ်သိရှိလိုပါကhttp://www.mip.gov.mmတွင်ဝင်ရောက်လေ့လာနိုင်ပါသည်)
eVisa စနစ်ဖြင့် ခွင့်ပြုခြင်း
၂။ eVisa စနစ်ဖြင့် အောက်ပါဗီဇာ (၂) မျိုးအား ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင်လည်းကောင်း မြန်မာ-ထိုင်း နယ်စပ်ဂိတ်များဖြစ်သည့် တာချီလိတ်၊ မြဝတီနှင့် ကော့သောင်း အပြည်ပြည်ဆိုင်ရာ နယ်စပ် ဝင်/ထွက် ပေါက်များတွင်လည်းကောင်း ခွင့်ပြုသွားမည် ဖြစ်ပါသည်-
စဉ် | ဗီဇာအမျိုးအစား | ဗီဇာအခငွေ | နေခွင့်ကာလ |
(က) | ကမ္ဘာလှည့်ဗီဇာ (Tourist Visa ) | ၅၀ USD | ၂၈ ရက် |
(ခ) | လုပ်ငန်းဗီဇာ (တစ်ကြိမ်သုံး) (Business Visa – Single) | ၇၀USD | ၇၀ ရက် |
(အသေးစိတ်သိရှိလိုပါက http://www.mip.gov.mm တွင်ဝင်ရောက်လေ့လာနိုင်ပါသည်)
Sorry, the comment form is closed at this time.