ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) ခွင့်ပြုခြင်းဆိုင်ရာ ကြေညာချက်

ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) ခွင့်ပြုခြင်းဆိုင်ရာကြေညာချက်

အောက်ဖော်ပြပါ နိုင်ငံ (၈) နိုင်ငံမှ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအား အပြည်ပြည်ဆိုင်ရာ လေဆိပ် (၃) ခုတွင် ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) ခွင့်ပြုပေးလျက် ရှိပါသည်-

ဩစတြေးလျနိုင်ငံ အီတလီနိုင်ငံ
တရုတ်နိုင်ငံ ရုရှားနိုင်ငံ
ဂျာမနီနိုင်ငံ စပိန်နိုင်ငံ
အိန္ဒိယနိုင်ငံ ဆွစ်ဇာလန်နိုင်ငံ

၎င်းနိုင်ငံအသီးသီးတွင် သက်ဆိုင်ရာနိုင်ငံသားအဖြစ် ခံယူထားသော မြန်မာနိုင်ငံသားဟောင်း များသည် သက်ဆိုင်ရာနိုင်ငံများမှ နိုင်ငံခြားသားများကဲ့သို့ ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) Visa on Arrival (Tourist) လျှောက်ထားမည် ဆိုပါက ဝင်ရောက်ခွင့်ပြုမည် ဖြစ်ပါကြောင်း အသိပေးအပ် ပါသည်။

သို့ရာတွင် ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) ဖြင့် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားဟောင်း များသည် သက်ဆိုင်ရာ ကမ္ဘာလှည့် နိုင်ငံခြား ခရီးသည်များကဲ့သို့ ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) လျှောက်ထားသူများ လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်နှင့် စပ်လျဉ်း၍ တိကျစွာ လိုက်နာရ မည် ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။

 

(လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန)

Sorry, the comment form is closed at this time.