ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံ။

ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံ။

မန္တလေး ၊ စက်တင်ဘာ ၁၃ ။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့ရှိအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိပြီးလေဆိပ်ရှိလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှဝန်ထမ်းများနှင့်တွေ့ဆုံသည်။(26)

          တွေ့ဆုံစဉ် ဝန်ထမ်းများအနေဖြင့် ပြည်သူများနှင့်ထိတွေ့ရာတွင် ဆက်ဆံရေးကောင်းမွန်ပြေပြစ်ရေး၊ လုံခြုံရေးကောင်းမွန်ရေး၊ ID နှင့်ပတ်သက်သည့်နည်းပညာများလေ့လာရေး၊ဘာသာစကားနှင့်ပတ်သက်ပြီကျွမ်းကျင်မှုရှိစေရေအမြဲလေ့လာရန်တို့ကိုအကျယ်တဝင့်ဆွေးနွေးပြောကြားသည်။(19)

          ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစောနိုင်၊မန္တလေးတိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မင်း၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ကြည်နှင့် တာဝန်ရှိသူများကလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းဆွေးနွေးသည်။

          ယင်းနောက် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် အတွင်းရှိ ပြည်ပထွက်ခွာကောင်တာ၊ ပြည်ပဆိုက်ရောက်ကောင်တာ၊ ဒေတာစင်တာခန်းနှင့် ဆိုက်ရောက်ပြီး ထုတ်ပေးရေးဗီဇာရုံးခန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။(-)

Sorry, the comment form is closed at this time.