ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်၊ ၂၀၂၃ ခုနှစ် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် စာရင်းကောက်သင်တန်းဖွင့်ပွဲတက်ရောက်၊ သန်းခေါင်စာရင်းမေးခန်းပုံစံပါ အကြောင်းအရာများကို သိရှိနားလည်စေရေး လေ့လာကြိုးစားသင်ယူကြရန်မှာကြား။

ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်၊ ၂၀၂၃ ခုနှစ် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် စာရင်းကောက်သင်တန်းဖွင့်ပွဲတက်ရောက်၊ သန်းခေါင်စာရင်းမေးခန်းပုံစံပါ အကြောင်းအရာများကို သိရှိနားလည်စေရေး လေ့လာကြိုးစားသင်ယူကြရန်မှာကြား။

နေပြည်တော်၊ စက်တင်ဘာ ၁၈။

          ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း၏ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်မှုအနေဖြင့် ၂၀၂၃ ခုနှစ်၊ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် စာရင်းကောက်သင်တန်းဖွင့်ပွဲကို စက်တင်ဘာ ၁၈ ရက်၊ ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားသင်တန်းကျောင်း၌ ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ နှင့်တာဝန်ရှိသူများ၊သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူ များတက်ရောက်ကြသည်။

7-1

          အစီအစဉ်အရ ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်က အမှာစကားပြောကြားရာ တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကို မိမိတို့ဝန်ကြီးဌာနမှ ဦးဆောင်၍ ဆက်စပ်ဌာနများဖြင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ လက်ရှိအခြေအနေတွင် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ စမ်းသပ်သန်းခေါင်စာင်းကောက်ယူခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါ ကြောင်း၊ စမ်းသပ်သန်းခေါင်စာရင်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်မှ (၁၅) ရက်အထိ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်အားလုံးရှိ မြို့နယ် (၂၀) တွင် ရွေးချယ်သတ်မှတ်ထား သည့်ကောက်ကွက်များ၌ ကောက်ယူသွားမည်ဖြစ်ပါကြောင်း၊ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းသည် ပင်မသန်းခေါင်စာရင်းလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် စမ်းသပ် ဆောင်ရွက်ခြင်းဖြစ်ပြီး သန်းခေါင်စာရင်းမေးခွန်းများအပေါ် ပြည်သူများ၏ နားလည်နိုင်မှု၊ နယ်မြေဒေသအလိုက် ကြုံတွေ့နိုင်သည့်အခက်အခဲများ၊ နည်းပညာလိုအပ်ချက်များကို ကြိုတင် သိရှိနိုင်ရေး ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ သို့မှသာ ပင်မသန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုတွေကို အချိန်မီဆောင်ရွက်သွားနိုင်မည်ဖြစ်ပါ ကြောင်း၊ ယခုလက်ရှိတွင် နယ်နိမိတ်တိကျမှန်ကန်သည့် စာရင်းကောက်ကွက်မြေပုံများ ပိုင်းခြားသတ်မှတ်နိုင်ရန်အတွက် လူနေထူထပ်သော မြို့ပြရပ်ကွက်များတွင် သန်းခေါင်စာရင်း ယူနစ် (Census unit) များ ရေးဆွဲခြင်းလုပ်ငန်းများကို တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် စမ်းသပ်သန်းခေါင်စာရင်းကို CAPI စနစ်ထည့်သွင်း ထားသည့် Mobile Tablet များဖြင့် ကောက်ယူမည်ဖြစ်သည့်အတွက် လိုအပ်သည့် Program များရေးသားခြင်း၊ စနစ်တည်ဆောက်ခြင်းလုပ်ငန်းကို CAPI နည်းပညာဆိုင်ရာ နိုင်ငံတကာ အကြံပေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ဝန်ထမ်းများပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုသင်တန်းတွင် စမ်းသပ်သန်းခေါင်စာရင်း၌ မေးမြန်းကောက်ယူမည့် မေးခွန်းများကို စာတွေ့၊ လက်တွေ့ ဆွေးနွေးပို့ချပေးသွားမည်ဖြစ်သည့်အပြင် နမူနာ ကောက်ကွက်ရွေးချယ်ခြင်းနှင့် စာရင်းကောက်ကွက်မြေပုံများအကြောင်း သိကောင်းစာရာများကို ဆွေးနွေးပို့ချသွားမည်ဖြစ်ပါ ကြောင်း၊ စမ်းသပ်သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် သင်တန်းသား/ သင်တန်းသူများအနေဖြင့် မေးခွန်းပုံစံပါ အကြောင်းအရာများကို သိရှိနားလည်ရန် လိုအပ် သကဲ့သို့ Mobile Tablet ဖြင့် CAPI နည်းပညာအသုံးပြုမှုကိုလည်း လုပ်ဆောင်နိုင်ရန် လေ့လာကြိုးစားသင်ယူကြရန် မှာကြားလိုကြောင်း၊ သန်းခေါင်စာရင်းလုပ်ငန်းသည် နိုင်ငံတော် အတွက် အရေးကြီးသည့်လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် အားလုံးက အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ခံယူကာ အောင်မြင်စွာဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားကာ အခမ်းအနားကို ရုတ်သိမ်း လိုက်သည်။

7-2

          အဆိုပါ စာရင်းကောက် သင်တန်းသို့ နေပြည်တော်/တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးများမှ သင်တန်းသား/ သင်တန်းသူ ဝန်ထမ်း(၅၃) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တတစ်ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.