ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား ကြည့်ရှု့စစ်ဆေးပြီး သင်္ဃန်းကျွန်းခရိုင် ၊ ရန်ကင်းမြို့နယ်ရှိ လဝကမြို့နယ်ဦးစီးမှူးရုံး၌ Biometric လုပ်ငန်းဆောင်ရွက် နေမှုများကို ကြည့်ရှု့စစ်ဆေး

ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား ကြည့်ရှု့စစ်ဆေးပြီး  သင်္ဃန်းကျွန်းခရိုင် ၊

ရန်ကင်းမြို့နယ်ရှိ လဝကမြို့နယ်ဦးစီးမှူးရုံး၌ Biometric  လုပ်ငန်းဆောင်ရွက် နေမှုများကို ကြည့်ရှု့စစ်ဆေး

နေပြည်တော်၊ ဇန်နဝါရီ ၂၆ ။

 လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာမျိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ (၂၆) ရက် ၊နံနက်ပိုင်းတွင်  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ရောက်ရှိလာပြီး ၊ ပြည်ပထွက်ခွာရှိ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ဝင်ရောက်/ ထွက်ခွာ ကြသည့်ခရီးသည်များ၏အချက် အလက်များအားသိမ်းဆည်း သည့် Server Room အား ကြည့်ရှု့ စစ်ဆေးပြီး Data Center  ရှိ Rack များစစ်ဆေး ခြင်း၊ Fire Wall များတပ်ဆင်အသုံးပြုမှု၊ Network Management , Network Monitoring System, Data Security, Human Resource ဆောင်ရွက်ထားရှိမှုတို့အားကြည့်ရှု့ပြီး၊ ဝန်ကြီးဌာနနှင့် ဆက်စပ်ဆောင်ရွက် လျက်ရှိသည့် Partner Associates Co,Ltd , Secure Link Co,Ltd, Myanmar Ease Net Co.Ltd, Mega Link Co.Ltd, တို့မှ တာဝန်ရှိသူများကနည်းပညာပိုင်းဆိုင်ရာများ ရှင်းလင်းခဲ့ပြီးနောက် ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

IMG_4951

ထို့နောက် ဒုတိယဝန်ကြီးသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊လေကြောင်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ကြီးကြပ် ဆောင်ရွက်လျက်ရှိသည့်ခရီးသည်များအား ကြိုတင်စစ်ဆေးသည့်စနစ် (Myanmar Advanced Passenger Processing System ,MAPPS) ၏ Command and Control Center Room အား ကြည့်ရှု့စစ်ဆေးသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပြည်ပထွက်ခွာနှင့် ပြည်ပဆိုက်ရောက် စစ်ဆေးရေးကောင်တာများတွင် ခရီးသည်များစစ်ဆေးနေမှုတို့အားကြည့်ရှု့ပြီး၊ YACL အစည်းအဝေး ခန်းမ၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ဝန်ထမ်းများနှင့် တွေဆုံ၍ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်ရေးနှင့်  တာဝန်ရှိသူအဆင့်ဆင့်မှကြီးကြပ် ဆောင်ရွက်ရေးတို့ကို အလေးထားဆောင်ရွက်ကြရန်မှာကြားသည်။

IMG_4988 IMG_5112

           ထိုမှတဆင့်  ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ  ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် ၊ ရန်ကင်းမြို့နယ်ရှိ လဝကမြို့နယ်ဦးစီးမှူးရုံးသို့  သွား‌ရော၍ ဝန်ထမ်းများမှ e-ID လုပ်ငန်းဆောင်ရွက်နေမှု၊Biometric လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှု့စစ် ဆေးပြီးနောက် လုပ်ငန်းများအားစနစ်တကျဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။ ( – )

 

 

Sorry, the comment form is closed at this time.