ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း အစီရင်ခံစာများပြုစုထုတ်ပြန်နိုင်ရေးအတွက် အချက်အလက်အသုံးပြုသူများ၏ အလုပ်ရုံဆွေးနွေးပွဲ သို့ တက်ရောက်အမှာစကားပြောကြား

ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း အစီရင်ခံစာများပြုစုထုတ်ပြန်နိုင်ရေးအတွက်

အချက်အလက်အသုံးပြုသူများ၏ အလုပ်ရုံဆွေးနွေးပွဲ သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ဖေဖော်ဝါရီ ၅ ။

         ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ ပြည်ထောင်စုအစီရင်ခံစာနှင့် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အစီရင်ခံစာများ ရေးသားပြုစုနိုင်ရန်အတွက် အချက်အလက်အသုံးပြုသူများ၏ အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၅ ရက်၊ ယနေ့နံနက် (၁၀) နာရီ က နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်အတွင်းရေးမှူး (၂) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်၊ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဆက်စပ်ဝန်ကြီးဌာနများနှင့်အဖွဲ့အစည်းများမှ ဘာသာရပ်ဆိုင်ရာကိုယ်စားလှယ်များ ၊ ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။

IMG_1427

          အစီအစဉ်အရ ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်က ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ခဲ့မှုနှင့် ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန် ခဲ့မှုအခြေအနေ၊ ရှေ့ပြေးလူဦးရေစာရင်းသည် နိုင်ငံ၏လူဦးရေတစ်မျိုးတည်းကိုသာ ပြည်ထောင်စု၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်အထိ ထုတ်ပြန်ထားရှိမှု၊ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း မေးခွန်းများအရ ကောက်ယူရရှိသည့် အချက်အလက်များအပေါ် လေ့လာဆန်းစစ်ထားသည့် ပြည်ထောင်စုအစီရင်ခံစာကို ၂၀၂၅ ခုနှစ်၊ ယခုနှစ်အတွင်း ထုတ်ပြန်နိုင်ရေးဆောင်ရွက်နေမှုနှင့် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် အစီရင်ခံစာများ ဆက်လက်ပြုစုထုတ်ပြန်သွားမည့်အခြေအနေ၊ ယခုအလုပ်ရုံဆွေးနွေးပွဲတွင် သန်းခေါင်စာရင်းအစီရင်ခံစာများ ထုတ်ပြန်နိုင်ရေးအတွက် ထည့်သွင်း ပြောကြားမည့်အချက်အလက်၊ စာရင်းအင်းများနှင့်ပတ်သက်၍ အချက်အလက်အသုံးပြုသူများ၏ လိုအပ်ချက်များ အတတ်နိုင်ဆုံးမကျန်ရှိစေရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးနိုင်ရေးအခြေအနေ များနှင့်စပ်လျဉ်း၍ အကျယ်တဝင့်ရှင်းလင်းအမှာစကားပြောကြားသည်။

IMG_1428

          ထို့နောက် ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်စိုးက အစီရင်ခံစာများထုတ်ပြန်နိုင်ရေးအတွက် Tabulation Plan ရေးဆွဲခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ တာဝန်ရှိသူများက အစီရင်ခံစာများထုတ်ပြန်ရာတွင် ဘာသာရပ်အလိုက်ခေါင်းစဉ်များနှင့်ပတ်သက်၍ လည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

IMG_1436

          ယင်းနောက် တက်ရောက်လာကြသည့် ဆက်စပ်ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ဘာသာရပ်ခေါင်းစဉ်အလိုက် အဖွဲ့များခွဲ၍ ညှိနှိုင်းဆွေးနွေးတင်ပြခြင်းများကို အသီးသီးဆောင်ရွက်ကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်စိုးက နိဂုံးချုပ်အမှာစကား ပြောကြားကာ အလုပ်ရုံဆွေးနွေးပွဲကို ညနေပိုင်းတွင် ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။ (-)

 

 

Sorry, the comment form is closed at this time.