ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အင်အားပြင်းငလျင်ဒဏ်ခံခဲ့ရသည့် ဝန်ကြီးဌာနမှ ဝန်ထမ်းများအတွက် ရန်ကုန်တိုင်းဒေသကြီးဦးစီမှူးရုံး ကွပ်ကဲမှုအောက်ရှိ ဝန်ထမ်းများ စုပေါင်းလှူဒါန်းသည့် စားသောက်ဖွယ်ရာများနှင့် ဆေးအလှူငွေများ လက်ခံရယူ။

ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊  အင်အားပြင်းငလျင်ဒဏ်ခံခဲ့ရသည့် ဝန်ကြီးဌာနမှ ဝန်ထမ်းများအတွက် ရန်ကုန်တိုင်းဒေသကြီးဦးစီမှူးရုံး ကွပ်ကဲမှုအောက်ရှိ ဝန်ထမ်းများ စုပေါင်းလှူဒါန်းသည့်  စားသောက်ဖွယ်ရာများနှင့် ဆေးအလှူငွေများ လက်ခံရယူ။

 နေပြည်တော်၊ဧပြီ ၁ ။

မတ်လ (၂၈)ရက် မွန်းလွဲပိုင်းတွင် ဖြစ်ပွားခဲ့သည့် အင်အား အလွန်ပြင်းထန်သည့် မြေငလျင် လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သည့်  နေပြည်တော်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ တိုင်း၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများက စုပေါင်းလှူဒါန်းသည့် စားသောက်ဖွယ်ရာ များကို ဧပြီလ (၁)ရက် ယနေ့မွန်းလွဲ(၂)နာရီခွဲက နေပြည်တော်၊ ဇဗ္မူသီရိမြို့နယ် ကံ့ကော် အိမ်ရာရှိ ဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာရှေ့၌ လာရောက်လှူဒါန်းကြသည်။

IMG_4446

ယင်းသို့လှူဒါန်းရာတွင် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းက စားသောက်ဖွယ်ရာများနှင့် ကျန်းမာရေးဆိုင်ရာ ‌ဆေးအလှူငွေကျပ် သိန်း(၃၀)တို့ကို ပေးအပ်လှူဒါန်းရာ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်တို့က အသီးသီးလက်ခံရယူကြသည်။

IMG_4450

IMG_4474

ထို့နောက် ငလျင်ဒဏ်သင့် ဝန်ကြီးဌာနအိမ်ရာအသီသီးမှ ဝန်ထမ်းများနှင့်မိသားစုများ အတွက် စားသောက်ဖွယ်ရာများကို ဒုတိယဝန်ကြီးများက အိမ်ရာအလိုက် တာဝန်ခံများအား ပြန်လည်ခွဲဝေပေးအပ်ကြပြီး ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက အဆိုပါ လှူဒါန်းပစ္စည်း များအား သက်ဆိုင်ရာဝန်ထမ်းအိမ်ရာများသို့ အသီးသီး သွားရောက် ဝေငှပေးအပ်ခဲ့ကြောင်းနှင့် ယခုလှူဒါန်းမှုမှာ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ တိုင်း၊ ခရိုင်၊ မြို့နယ် ဦးစီးမှူးရုံးများမှ ဝန်ထမ်းများ စုပေါင်း၍ စားသောက်ဖွယ်ရာနှင့် အဝတ်အထည်များအပါအဝင် စုစုပေါင်း ပစ္စည်း(၂၇)မျိုးနှင့် ကျန်းမာရေး ဆိုင်ရာဆေးအလှူငွေ ကျပ်သိန်း(၃၀)တို့ကို လာရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။(-)

 

 

 

 

 

 

Sorry, the comment form is closed at this time.