ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ လယ်ဝေးမြို့နယ်၊ အောင်မြင်ကုန်းနှင့် တံတားဦးကျေးရွာများ၌ လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများအား ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ကွင်းဆင်းဆောင်ရွက်မှုကို သွားရောက်ကြည့်ရှုအားပေး

ဒုတိယဝန်ကြီးဦးဌေးလှိုင်၊ လယ်ဝေးမြို့နယ်၊ အောင်မြင်ကုန်းနှင့် တံတားဦးကျေးရွာများ၌ လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသည့်

အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများအား ပန်းခင်းစီမံချက်အဆင့်()ဖြင့် ကွင်းဆင်းဆောင်ရွက်မှုကို သွားရောက်ကြည့်ရှုအားပေး

နေပြည်တော် ၊ ဧပြီလ ၂၆ ။

          နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ဧပြီလ (၂၁) ရက် ၊ ညနေပိုင်းက လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားခဲ့သည့် ကံသာကျေးရွာ အုပ်စု၊ တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာတို့မှ လေဘေးသင့်ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ၊ လယ်ဝေးမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အဆိုပါ ကျေးရွာများသို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဧပြီလ (၂၆)ရက် မွန်းလွဲပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်သည် တာဝန်ရှိသူများနှင့်အတူ အောင်မြင်ကုန်းကျေးရွာသို့ သွားရောက်၍ ဝန်ထမ်းများက လေဘေးသင့် ပြည်သူများအား ပန်းခင်းစီမံချက်အဆင့် (၂) ကွင်းဆင်းဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးသည်။

                                                                                                                                            IMG_1155

          ထို့နောက် ဒုတိယဝန်ကြီးသည် လေဘေးသင့်ရွာသူရွာသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး၍ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသည့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြန်လည်ဆောင်ရွက်ထုတ်ပေးမည့် အခြေအနေ များကို ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများအား လုပ်ငန်းများထိထိရောက်ရောက် မြန်မြန် ဆန်ဆန် ဆောင်ရွက်နိုင်ရေးအတွက် ရုံးလက်ခံစာရင်းများနှင့် တိုက်ဆိုင်ကာ စနစ်တကျ ဖြည့်သွင်းဆောင်ရွက်ပေးရေး၊ လုပ်ငန်းများ အချိန်တိုအတွင်း ပြီးစီးနိုင်ရေးအတွက် လိုအပ်သော ဝန်ထမ်းအင်အားများ ထုတ်နုတ်ဆောင်ရွက်နိုင်ရေး မှာကြားကာ လိုအပ်သည်များ ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

IMG_1161

          ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် တံတားဦးကျေးရွာများသို့သွားရောက်၍ လေဘေးသင့် ပြည်သူများအား ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့် (၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးပြီး ရွာသူ ရွာသားများအား လုပ်ငန်းလိုအပ်ချက်များကို မေးမြန်းကာလိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။

IMG_1181

IMG_1237

          ထို့နောက် တာဝန်ရှိသူများက ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပြီးဖြစ်သော အိမ်ထောင်စုလူဦးရေစာရင်းများကို  သက်ဆိုင်ရာ ကျေးရွာသူ ၊ ကျေးရွာသားများထံ  ပေးအပ်ပြီး ဒုတိယဝန်ကြီးက လုပ်ငန်းများထိရောက်လျှင်မြန်စေရေးအတွက် ဝန်ထမ်းအင်အား ထုတ်နုတ် ဖြည့်တင်းဆောင်ရွက်ရေး၊ အိမ်ထောင်စုအလိုက် မွေးဖွားမှုနှင့် သေဆုံးမှုရှိသူများအတွက် တစ်ပါတည်း စာရင်းရေးသွင်းဆောင်ရွက်နိုင်ရေး အိမ်ထောင်စုလူဦးရေစာရင်းမရှိသေးသူများကို လည်း စာရင်းပြုစုထားရှိရေး တာဝန်ရှိသူများအား မှာကြားကာ လေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.