ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Mr. Eduardo Jose A. De Vega နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၊ နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး

ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး  H.E. Mr. Eduardo Jose A. De Vega နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၊ နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး

နေပြည်တော်၊ ဇွန် 30 ။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်သည် ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး  H.E. Mr. Eduardo Jose A. De Vega နှင့်အဖွဲ့အား ဇွန်လ(30)ရက်၊ ယနေ့မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌လက်ခံတွေ့ဆုံသည်။

IMG_4501 IMG_4521

          ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့်အတူ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသား ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်း၊ ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ယဉ်ဦးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံအကြား လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ နှစ်နိုင်ငံ ပြည်ဝင်ဗီဇာခွင့်ပြု ဆောင်ရွက်ပေးမှုနှင့် မြန်မာနိုင်ငံအတွင်းရောက်ရှိနေသည့် ဖိလစ်ပိုင်နိုင်ငံသားများ၏ နေခွင့် သက်တမ်းတိုးမြှင့်ဆောင်ရွက်ပေးမှုအခြေအနေ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများနှင့် လူကုန်ကူးမှု တားဆီးကာကွယ် တိုက်ဖျက်ရေးလုပ်ငန်းများတွင် ဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှု အခြေအနေ၊ လူကုန်ကူးခံရသူများအတွက် နှစ်နိုင်ငံ အပြန်အလှန် ကူညီဆောင်ရွက်ပေးနိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.