ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတက်ရောက်၊ လုပ်ငန်းများ၏ အရေးပါမှုကို သိရှိနားလည်ကြပြီး အချိန်မီ ပြီးစီးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းမှာကြား

ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတက်ရောက်၊

လုပ်ငန်းများ၏အရေးပါမှုကို သိရှိနားလည်ကြပြီး အချိန်မီ ပြီးစီးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းမှာကြား

 နေပြည်တော်၊ နိုဝင်ဘာ ၂၄ ။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ပန်းခင်း စီမံချက်နှင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်း၊ နိုင်ငံသားကတ်ပြားထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄) မှတ်တမ်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းအချက်အလက်များအား e-ID Sever အတွင်းဖြည့်သွင်းခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ (၂၄) ရက်၊ မွန်းလွဲ (၂)နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက သက်ဆိုင်ရာဒေသများမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

IMG_0423

          အစီအစဉ်အရ ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးဌေးလှိုင်က အမှာစကားပြောကြားရာတွင် နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိုင်ဆောင်သင့်သည့်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို ပန်းခင်းစီမံချက်များ ရေးဆွဲချမှတ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့ပြင် မဲဆန္ဒရှင်စာရင်းမှန်ကန်ရေးအတွက် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်းကိုလည်း ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက တစ်နိုင်ငံလုံးအတိုင်း အတာဖြင့်ဆောင်ရွက်ခဲ့ပြီး ကောက်ယူရရှိသည့်အချက်အလက်များကို မြို့နယ်ရုံးများရှိ မှတ်တမ်း များဖြင့် တိုက်ဆိုင်စိစစ်၍ ရုံးချုပ်ရှိ e-ID Sever အတွင်း စိစစ်ဖြည့်သွင်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ယင်းသို့ ဖြည့်သွင်းဆောင်ရွက်ရာတွင် တွေ့ရှိချက်များအရ ဖြေရှင်းဆောင်ရွက်ရမည့် လုပ်ငန်းပမာဏများပြားနေသည့်အတွက် ပြန်လည်စိစစ်သုံးသပ်ကာ အမှန်တကယ်အိမ်ထောင်စု စာရင်းမရှိသူများ၊ နိုင်ငံသားကတ်မရှိသေးသူများအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်၍ အမြန်ဆုံးဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ယင်းစာရင်းများသည် တိုင်းဒေသကြီး/ ပြည်နယ် အလိုက် အရေအတွက် ပမာဏများစွာရှိနေသည့်အတွက် တာဝန်ရှိသူအဆင့်ဆင့်က စနစ်တကျ စိစစ်၍ ထိထိရောက်ရောက် ကြပ်မတ်ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ မြို့နယ်ရုံးများရှိ နိုင်ငံသားထုတ်ပေးခြင်းမှတ်ပုံတင်စာအုပ်(နိုင်-၄)မှတ်တမ်းနှင့် အိမ်ထောင်စုစာရင်းပါအချက်အလက် များကိုစိစစ်ကာ ရုံးချုပ်ရှိ e-ID Sever မှ အချက်အလက်များ တိုက်ဆိုင်စိစစ်အတည်ပြုဖြည့်သွင်း ခြင်းလုပ်ငန်းဆောင်ရွက်ရာတွင်လည်း သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးရန် လိုအပ်သည့် အတွက် ဖိဖိစီးစီး အလေးနက်ထားဆောင်ရွက်ကြရန်လိုကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများအနေဖြင့် လုပ်ငန်းများကို တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် အဆင့်ဆင့်ကြပ်မတ်ကွပ်ကဲကြရန် အရေးကြီးပါကြောင်း၊ အောက်ခြေဝန်ထမ်းများ၏ တွေ့ကြုံရသည့်အခက်အခဲများကိုလည်း မေးမြန်းဆွေးနွေးကာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးကြရန်နှင့် အထက်ဌာနအဆင့်ဆင့်သို့ ဆက်လက်တင်ပြကြရန်လိုကြောင်း၊ e-ID Sever အတွင်း အချက်အလက်ဖြည့်သွင်းခြင်းလုပ်ငန်း နှင့် နိုင်ငံသားကတ်မရရှိသူများအား ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ နိုင်ငံသားကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှသာ မှန်ကန်သောမဲစာရင်းပြုစုနိုင်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုးကိုင်ဆောင်မဲပေးနိုင်ရေး ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် လုပ်ငန်းများ၏ အရေးပါမှုကို သိရှိနားလည်ကြပြီး အချိန်မီပြီးစီးနိုင်ရေး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။

IMG_0460

          ယင်းနောက် အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်း ကတိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းပမာဏအလိုက် ဆောင်ရွက်ပြီးစီး မှုနှင့် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ လုပ်ငန်းလိုအပ်ချက်များအပေါ်ဖြည့်ဆည်း ဆောင်ရွက်ပေးမှု အခြေအနေကိုလည်းကောင်း၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းက မြို့နယ်ရုံးများရှိ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်ကတ်ပြားထုတ်ပေးမှု များမှအချက်အလက်များအား e-ID Server သို့ ဖြည့်သွင်းစိစစ်ဆောင်ရွက်နေမှု၊ Biographic / Biometric ကောက်ယူဆောင်ရွက်နေမှုနှင့် စက်ကိရိယာများ စနစ်တကျကိုင်တွယ်ထိန်းသိမ်းရေး အခြေအနေများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြပြီး တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှုနှင့်  တွေ့ကြုံရသည့်အခက်အခဲများ၊ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို အသီးသီးရှင်းလင်းတင်ပြကြသည်။

IMG_0470

          ထို့နောက် ရှင်းလင်းတင်ပြချက်များနှင့်ပတ်သက်၍ ဒုတိယဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.