နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ် YGN သင်္ကေတဖြင့် ကိုင်ဆောင်ထားသူ နိုင်ငံခြားသားများ၏ နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ် နှစ်စဉ်သက်တမ်း အတည်ပြုလဲလှယ်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ အသိပေးခြင်း

နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ် YGN သင်္ကေတဖြင့် ကိုင်ဆောင်ထားသူ နိုင်ငံခြားသားများ၏ နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ်

နှစ်စဉ်သက်တမ်း အတည်ပြုလဲလှယ်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ အသိပေးခြင်း

၁။      မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံအသီးသီးမှ ပြည်ဝင်ဗီဇာ တစ်မျိုးမျိုးဖြင့် ဝင်ရောက်ခဲ့ပြီး ရက်ပေါင်း (၉၀) ထက် ကျော်လွန်နေထိုင်သူများသည် ၁၉၄၈ ခုနှစ် နိုင်ငံခြားသားများမှတ်ပုံတင်ရေး နည်းဥပဒေအပိုဒ် ၆(၁)(ခ)(ဂ) တို့အရ YGN သင်္ကေတဖြင့် နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ်ကို ကိုင်ဆောင်ရမည်ဖြစ်ပါသည်။

၂။       YGN သင်္ကေတဖြင့် နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ်သည် နှစ်စဉ် နိုဝင်ဘာလ (၃၀) ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်၍ ၁၉၄၈ ခုနှစ် နိုင်ငံခြားသားများမှတ်ပုံတင်ရေး နည်းဥပဒေ အပိုဒ် ၇(၂)(ခ) အရ သက်တမ်းကုန်ဆုံးသည့်နေ့မှ ရက်ပေါင်း (၃၀) အတွင်း လက်မှတ်အသစ် လဲလှယ်ခြင်းကို ဆောင်ရွက်ရမည်ဖြစ်ပါသည်။

၃။      အသစ်ကို လဲလှယ်ရာတွင် နှစ်စဉ် ဒီဇင်ဘာလ (၁) ရက်နေ့မှ (၃၀) ရက်နေ့အတွင်း သတ်မှတ်အခငွေ US$(9)$ ပေးသွင်းလဲလှယ်ရမည်ဖြစ်ပြီး သတ်မှတ်ကာလတွင် လဲလှယ်နိုင်ခြင်းမရှိဘဲ ဇန်နဝါရီလအတွင်း လာရောက်လဲလှယ်ပါက နိုင်ငံခြားသားများ မှတ်ပုံတင်ရေး နည်းဥပဒေ အပိုဒ် ၁၇ (၃) အရ ဒဏ်ကြေးငွေအဖြစ် ကျသင့်ငွေ(၂) ဆ ဖြစ်သည့် US$ (18)$ အား ပေးသွင်းရမည် ဖြစ်ပါသည်။

၄။      သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင်း ရောက်ရှိနေထိုင်ကြသည့် နိုင်ငံခြားသားများ မှတ်ပုံတင် (YGN-သင်္ကေတ) လက်မှတ်ကိုင်ဆောင်သူများ လုပ်ငန်းဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် နှစ်စဉ်လဲလှယ်လုပ်ငန်းကို ဌာနအနေဖြင့် ၁၃-၁၁-၂၀၂၃ ရက်နေ့မှစတင်၍ (ရုံးပိတ်ရက်မပါ) ကြိုတင် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း အသိပေးပါသည်။

 

အသေးစိတ်သိရှိလိုပါက www.mip.gov.mm တွင်လည်းကောင်း၊ အမှတ်(၁၁၁)၊ ၃၇ လမ်း၊ နိုင်ငံခြားသား(ပဏာမ)မှတ်ပုံတင်ဌာနစိတ်သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်သည်။

 

 

 

                                                                                                                                     လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန

                                                                                                                     လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန

 

Sorry, the comment form is closed at this time.