နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက် အမှာစကား ပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက် အမှာစကား ပြောကြား

နေပြည်တော်၊ ဩဂုတ် ၂၂

          ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အတွက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ကျင်းပရာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှစကားပြောကြား သည်။

IMG_6140

myanmaalinn_23_08_2023

          အစည်းအဝေးသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဉက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကော်မရှင်အဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

IMG_6154 IMG_6161

          ဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အမှာစကား ပြောကြားရာတွင် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၃  ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးတွင် သန်းခေါင် စာရင်းအကြောင်း၊ သန်းခေါင်စာရင်း၏ဝိသေသလက္ခဏာများ၊ မြန်မာနိုင်ငံတွင်ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းများ၏သမိုင်းကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရခြင်း၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများ၊ ၂၀၂၄  ခုနှစ်တွင် ထပ်မံကောက်ယူမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စီမံဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လက်ရှိဆောင်ရွက်နေသည့် ကြိုတင် ပြင်ဆင်ခြင်းလုပ်ငန်းများကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြပြီး ဆုံးဖြတ်ချက်(၁၉)ချက်ချမှတ်ကာ On Going ဆောင်ရွက်ဆဲ (၅)ချက်ရှိပြီး (၁၄)ချက်မှာ ဆောင်ရွက်ပြီးဖြစ်ကြောင်းကို တွေ့ရှိရပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး လုပ်ငန်းတစ်ရပ်လုံး ပြီးမြောက်အောင်မြင်စေရန် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ဗဟိုသန်းခေါင်စာရင်းကော်မရှင်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက် ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်၊ ၇၅/၂၀၂၃ ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ မိမိတို့ ကော်မရှင်အနေဖြင့် အစိုးရအဖွဲ့၏မူဝါဒနှင့်အညီ ဦးဆောင်မှုပေးနိုင်ရေး၊ တာဝန်ရှိသည့်အဖွဲ့အစည်း ကတင်ပြလာသည့် အသေးစိတ်အစီအစဉ်နှင့် ညွှန်ကြားချက်များကို အတည်ပြုနိုင်ရေး၊ ဝန်ကြီးဌာန များ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်နိုင်ရေး၊  သန်းခေါင်စာရင်း ကော်မတီများ အဆင့်ဆင့်ဖွဲ့စည်းနိုင်ရေးနှင့် သန်းခေါင်စာရင်းအောင်မြင်ရေးအတွက် လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် အလေးထားလုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကော်မရှင်အဖွဲ့ဝင်သစ်များနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များကို သန်းခေါင်စာရင်း အကြောင်းနှင့်ပတ်သက်၍ အကျဉ်းချုပ်ဦးစွာ ပြောကြားလိုကြောင်း၊ နိုင်ငံတကာနှင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်ခဲ့သည့် သန်းခေါင်စာရင်းအတွေ့အကြုံများအရ လူဦးရေသန်းခေါင်စာရင်းကောက်ယူ ခြင်းလုပ်ငန်းသည် လုပ်ငန်းပမာဏကြီးမားကျယ်ပြန့်ပြီး ကုန်ကျစရိတ်ကြီးမားခြင်းကြောင့် ကမ္ဘာ့ နိုင်ငံအများစုတွင် (၁၀)နှစ်လျှင်တစ်ကြိမ်သာ လူဦးရေ သန်းခေါင်စာရင်းများ ကောက်ယူလေ့ရှိသည် ကိုတွေ့ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ၂၀၁၄ သန်းခေါင်စာရင်းအပြီး (၁၀) နှစ်အကြာ ၂၀၂၄ ခုနှစ်တွင် နောက်တစ်ကြိမ်သန်းခေါင်စာရင်း မဖြစ်မနေကောက်ယူရမည်ဖြစ်ကြောင်း၊ အထူး သဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် အခြေခံအကျဆုံးဖြစ်သော တိကျ မှန်ကန်သည့် လူဦးရေနှင့် လူမှုစီးပွားရေးအခြေအနေများကို အုပ်ချုပ်မှုဒေသ အသေးငယ်ဆုံးအဆင့် ထိရရှိနိုင်ရန် သန်းခေါင်စာရင်းကို မဖြစ်မနေကောက်ယူသွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ (၁) ရက်မှ (၁၅) ရက်အထိ ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူသွားမည်ဖြစ်ပြီး အောင်မြင်စွာကောက်ယူနိုင်ရန်နှင့် စာရင်းကောက်ယူ ရာတွင် တွေ့ကြုံလာနိုင်သည့်အခက်အခဲများကို ကြိုတင်ပြင်ဆင်ထားနိုင်ရန် စမ်းသပ်သန်းခေါင် စာရင်းကိုလည်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် မြို့နယ် (၂၀) အတွင်းရှိ စာရင်း ကောက်ကွက် (၁၀၀)တွင် ပဏာမဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကို အောင်မြင်စွာကောက်ယူနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အဓိကတာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပြီး ဆက်စပ်နေသည့်သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ များက မိမိတို့ကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်းလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း သက်ဆိုင်ရာဝန်ကြီးဌာနကတင်ပြလာသော သန်းခေါင်စာရင်း နှင့်ပတ်သက်သည့် အဆုံးအဖြတ်ပေးရမည့်ကိစ္စရပ်များအပေါ် အချိန်နှင့်တပြေးညီ လမ်းညွှန်ခွင့်ပြု ပေးသွားမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း၏ ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းများတွင် ဝန်ကြီးဌာနများအနေဖြင့် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကှဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ၂၀၂၃ ခုနှစ်၊ မတ်(၃၁)ရက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် တွေ့ဆုံစဉ်လမ်းညွှန်မှာကြားခဲ့ကြောင်း၊ ထို့ကြောင့် လက်ရှိတိုင်းဒေသကြီး/ ပြည်နယ်များ တွင် ဆောင်ရွက်နေသည့် သန်းခေါင်စာရင်းယူနစ်များ ဖွဲ့စည်းခြင်းလုပ်ငန်းနှင့် မကြာမီဆောင်ရွက် မည့် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများတွင် သတ်မှတ်အချိန်ဇယားအတိုင်း အောင်မြင်စွာဆောင်ရွက်ပြီးစီးနိုင်ရေး တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ကွပ်ကဲသွားရန် မှာကြား လိုကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ၂၀၁၄ ခုနှစ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အောင်မြင်စွာကောက်ယူခဲ့ပြီး ၂၀၁၉ ခုနှစ် တွင်လည်း ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို ကောက်ယူနိုင်ခဲ့သည့် အတွေ့အကြုံများစွာရှိခဲ့ ပြီးဖြစ်ကြောင်း၊ ယခုအခါတွင်လည်း ၂၀၂၄ ခုနှစ်တွင်ကောက်ယူမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို သတ်မှတ်အချိန်ဇယားအတိုင်း အကောင် အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ယခင်သန်းခေါင်စာရင်းများကောက်ယူခဲ့စဉ်က နိုင်ငံတကာ အဖွဲ့အစည်းများ၏ နည်းပညာနှင့် ငွေကြေးဆိုင်ရာအထောက်အပံ့များကို ရယူဆောင်ရွက်ခဲ့သော်လည်း ယခုဆောင်ရွက်မည့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုကို နိုင်ငံအတွင်းတွင်ရှိသည့် အစိုးရ ဌာနများ၊ အဖွဲ့အစည်းများ၏စွမ်းအား၊ ပြည်သူလူထု၏ပူးပေါင်းပါဝင်မှုနှင့်ပင် အဓိကဆောင်ရွက်ကြ ရမည်ဖြစ်ပြီး လိုအပ်သည့်ဘဏ္ဍာငွေများကိုလည်း နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေဖြင့်သာ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူသည့်အခါတွင်လည်း အချက်အလက်များ မှန်ကန်ပြီး အရည်အသွေးကောင်းမွန်စေရန်၊ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီဖြစ်စေရန်၊ နိုင်ငံ အတွက်လိုအပ်သည့် ညွှန်းကိန်းများ၊ လူမှုစီးပွားဆိုင်ရာ အချက်အလက်များ ဖြည့်ဆည်းရရှိရန် အထူးအလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းသည်အားလုံးနှင့် သက်ဆိုင်သည့် အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက နည်းပညာအပါအဝင် သန်းခေါင်စာရင်းလုပ်ငန်းကို အထောက်အပံ့ဖြစ်စေမည့် ရင်းမြစ်များကို အကျိုးရှိရှိမျှဝေသုံးစွဲကြရန် အလေးအနက်ထားမှာကြား လိုကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် အချိန်၊ ငွေကြေးနှင့် လူအင်အား အပါအဝင် အရင်းအမြစ်ပေါင်းများစွာကို ရင်းနှီးစိုက်ထုတ်ထားရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် သန်းခေါင်စာရင်းရလဒ်များသည် နိုင်ငံတော်အတွက်အသုံးဝင်သည့် အချက်အလက်များဖြစ်သည့် အတွက် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်တစ်ခုလုံး ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ကြရန်နှင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားလိုကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆောင်ရွက်ရာတွင် စိန်ခေါ်မှုအမျိုးမျိုး နှင့် လုံခြုံရေးပိုင်းဆိုင်ရာကအစ အခြားမမျှော်မှန်းနိုင်သည့် အခက်အခဲများလည်း ကြုံတွေ့ရမည် ဖြစ်ကြောင်း၊ တွေ့ကြုံလာနိုင်သည့် စိန်ခေါ်မှုများနှင့် အခက်အခဲများကိုကျော်လွှားနိုင်ရန် ကြိုတင် စီမံဆောင်ရွက်သွားကြရမည်ဖြစ်ပြီး အောင်မြင်အောင်ဖြေရှင်းဆောင်ရွက်ကြရန်လည်း လိုအပ်မည် ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းလုပ်ငန်းသည် နိုင်ငံအတွင်းနေထိုင်သည့် လူအားလုံးနှင့်သက်ဆိုင်ပြီး သန်းခေါင်စာရင်းကောက်ယူခြင်း၏ အကျိုးရလဒ်များသည် နိုင်ငံတော်အတွက်အရေးကြီးကြောင်း၊ မှန်မှန်ကန်ကန်ဖြေဆိုမှသာ အချက်အလက်များ၏အရည်အသွေးကောင်းမွန်မည်ဖြစ်သည်ကို အများ ပြည်သူသိရှိနားလည်ရန် မီဒီယာကဏ္ဍသည်လည်း အလွန်အရေးကြီးကြောင်း၊ ထို့ကြောင့် သန်းခေါင် စာရင်းအကြောင်း ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အသိပညာပေးရေးနှင့် လှုံ့ဆော်ရေး သီချင်းများ၊ ဆောင်းပါးများ၊ ဗီဒီယို Clip များ ထုတ်လွှင့်ပြသနိုင်ရေးကို သတင်းဌာနများအပြင် Social Media များကိုလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုရမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ကောက်ယူမည့် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းသည် ကိုယ့်အားကိုယ်ကိုးစနစ်၊ နိုင်ငံတော်ဘတ်ဂျက်နှင့် မိမိတို့အစိုးရဝန်ကြီးဌာနများ အချင်းချင်းပူးပေါင်းဆောင်ရွက်ရမည်ဖြစ် သည့်အပြင် ယခင်သန်းခေါင်စာရင်းများကဲ့သို့ တိကျခိုင်မာပြီး အရည်အသွေးကောင်းမွန်ပြည့်စုံအောင် ဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့သို့ဆောင်ရွက်နိုင်ခြင်းသည် မိမိတို့နိုင်ငံ၏ စိန်ခေါ်မှုများကြားက အောင်မြင်အောင်ဆောင်ရွက်နိုင်သည့် သမိုင်းမှတ်တိုင်တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း ပြောကြား သည်။

IMG_6187

IMG_6177

          ထို့နောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဉက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပင်မ သန်းခေါင်စာရင်းမကောက်ယူမီ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ဆောင်ရွက်နေမှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီများဖွဲ့စည်းထားရှိမှုနှင့် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီများဖွဲ့စည်းနိုင်ရေး ဆောင်ရွက်နေမှု၊ သန်းခေါင်စာရင်း ကောက်ယူခြင်းအတွက် သင်တန်းဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေမှု၊ သန်းခေါင်စာရင်း အကြောင်း ပြည်သူလူထုကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ဆောင်ရွက်နေမှု၊ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် သန်းခေါင်စာရင်းအောင်မြင်စွာကောက်ယူနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ကဏ္ဍအလိုက်ပူပေါင်းဆောင်ရွက်နေမှုအခြေအနေတို့ကို အကျယ်တဝင့်ရှင်းလင်း တင်ပြသည်။

IMG_6195 IMG_6201

          ယင်းနောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင် အတွင်းရေးမှူးများနှင့်အဖွဲ့ဝင် ဒုတိယဝန်ကြီး များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဉက္ကဋ္ဌများဖြစ်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှုများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

IMG_6255

          ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသူများက သန်းခေါင်စာရင်းကောက်ယူ နိုင်ရေးလုပ်ငန်းဆိုင်ရာများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးအကြံပြုတင်ပြ ကြသည်။

          ထို့နောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင် နာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချူပ်က ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်း လိုက်ကြောင်းသိရသည်။ (-)

 

 

Sorry, the comment form is closed at this time.