နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၄ ခုနှစ်၊
ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်အမှာစကား ပြောကြား
နေပြည်တော်၊ ဇူလိုင် ၁၁ ။
၂၀၂၄ ခုနှစ်၊ ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) ၌ကျင်းပရာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယူက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သံတမန်များ၊ အထိမ်းအမှတ်အခမ်းအနားကျင်းပရေးဗဟိုကော်မတီ နှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနများနှင့် ဖိတ်ကြားထားသူများတက်ရောက် ကြသည်။
ဦးစွာ သန်းခေါင်စာရင်းကော်မရှင်နာယက နိုင်င့တော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ကမ္ဘာ့လူဦးရေနေ့ ဖြစ်ပေါ်လာသည့် အကြောင်းအရင်းသည် ကမ္ဘာ့နိုင်ငံအသီးသီးတွင် အရေးတကြီးဖြေရှင်းရမည့် မိသားစုစီမံကိန်း ၊ ကျား မ တန်းတူညီမျှမှု၊ ဆင်းရဲနွမ်းပါးမှု၊ ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေးနှင့် လူ့အခွင့်အရေး များ၏ အရေးပါမှု စသည့် လူဦးရေဆိုင်ရာပြဿနာရပ်များကို ပြည်သူလူထုအသိပညာပေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့်ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး ကမ္ဘာ့လူဦးရေ သန်းငါေးထာင်ပြည့်ခဲ့သည့် ၁၉၈၇ ခုနှစ်၊ ဇူလိုင်လ (၁၁)ရက်နေ့ကို အစွဲပြုပြီး ကမ္ဘာ့လူဦးရေနေ့ အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ် အခမ်းအနားများကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက နှစ်စဉ်ကျင်းပလျက်ှရိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီ ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ် အခမ်း အနားများကို ၁၉၉၀ ပြည့်နှစ်ကစပြီး နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယနေ့ကျင်းပသည့် အခမ်း အနားသည် (၃၅) ကြိမ်မြောက် အခမ်းအနားပင်ဖြစ်ကြောင်း၊ ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ ယနေ့ကမ္ဘာ့လူဦးရေသည် သန်းပေါင်းရှစ်ထောင်ကျော်ရှိပြီဖြစ်ကြောင်း၊ ရှေးယခင်က ကမ္ဘာ့ လူဦးရေ သန်းတစ်ထောင်ပြည့်ရန် နှစ်ပေါင်းရာကျော် ကြာမြင့်ခဲ့သော်လည်း ယနေ့ကာလတွင် ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ၊ အဆင့်မြင့်နည်းပညာများနှင့် လူမှုဘဝများ ဖွံ့ဖြိုး တိုးတက်လာသည့်အပြင် လူဦးရေဆိုင်ရာမွေးဖွားနှုန်း၊ သေဆုံးနှုန်းများ ပြောင်းလဲလာခြင်း ကြောင့် လူဦးရေ သန်းတေစ်ထောင်တိုးရန်အချိန်သည် တဖြည်းဖြည်းတိုတောင်းလာသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း ကမ္ဘာ့လူဦးရေ တိုးတက်လာသည်နှင့်အမျှ စားနပ် ရိက္ခာမပြည့်စုံခြင်းများ၊ သောက်သုံးရေရှားပါးပြတ်လပ်ခြင်းများ၊ ရာသီဥတုဖောက်ပြန်ခြင်းများ၊ ကူးစက်ကပ်ရောဂါ ပျံ့နှံ့ခြင်းများ၊ ရေဘေး လေဘေး မုန်တိုင်းဘေး စသည့် သဘာဝဘေး အန္တရာယ်များကို လူသားတို့ ယခင်ကထက် ပိုမိုရင်ဆိုင်ခံစားလာနေကြရကြောင်း၊ ထို့ပြင် တန်းတူညီမျှမှုမရှိခြင်းများ၊ ဆင်းရဲနွမ်းပါးမှုများပြားလာခြင်းများ စသည့်လူနေမှုအဆင့်အတန်း များကွဲပြားပြီး လူတန်းစားကွာဟမှုပြဿနာများနှင့်လည်း ရင်ဆိုင်လာကြရကြောင်း၊အထူးသဖြင့် မိမိတို့နိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးမှုနည်းပါးသည့် နိုင်ငံများတွင် အဆိုပါ ပြဿနာ များ ပိုမိုဖြစ်ပွားလာသည်ကို မိမိတို့မျက်မြင်တွေ့ကြုံနေရသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ လူဦးရေဆိုင်ရာ ပြဿနာများနှင့်ပတ်သက်၍ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအများစုတွင် မွေးဖွားနှုန်း သိသိသာသာကျဆင်းလာခြင်းကြောင့် ကလေးနည်းပါးလာပြီး လုပ်သားအင်အားရှားပါးခြင်းများ၊ သက်ကြီးရွယ်အိုများပြားလာခြင်းများနှင့် ရင်ဆိုင်နေကြရကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံအချို့နှင့် ဖွံ့ဖြိုးမှုနည်းပါးသည့်နိုင်ငံများတွင် မွေးဖွားနှုန်းမြင့်မားခြင်း၊ ပညာရေးအခြေအနေနိမ့်ကျခြင်း၊ အလုပ်လက်မဲ့များပြားခြင်း၊ ဆင်းရဲနွမ်းပါးသူများပြားခြင်း စသည့်ပြဿနာများနှင့် ရင်ဆိုင်နေ ကြရကြောင်း၊ ထို့ကြောင့် ဆင်းရဲနွမ်းပါးမှု၊ တန်းတူညီမျှမရှိမှု၊ ရာသီဥတုပြောင်းလဲမှု၊ သဘာဝ ပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှု၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုမရှိခြင်းတို့အပါအဝင် ကမ္ဘာလုံး ဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် များ (Sustainable Development Goals) ကို ချမှတ်ပြီး အဖွဲ့ဝင်နိုင်ငံများက ၂၀၃၀ ပြည့်နှစ်တွင် ပြည့်မီအောင် ဆောင်ရွက်သွားကြရန် သေဘာတူညီခဲ့ကြကြောင်း၊ အဆိုပ စဉ်ဆက် မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များကိုအခြေခံပြီး နိုင်ငံတစ်နိုင်ငံချင်းစီက မိမိတို့နိုင်ငံအလိုက် ကြုံတွေ့နေရသည့် ပြဿနာများနှင့် အခက်အခဲများကို ဖြေရှင်းရန်၊ အချိန်မီကုစားရန် လိုအပ် မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ သုံးသပ်ပြီး ကဏ္ဍအလိုက် ဦးစားပေးအဆင့်သတ်မှတ်၍ ထိရောက်စွာ အကောင်အထည်ဖော်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရန်အတွက် မိမိတို့နိုင်ငံ၏ နယ်မြေဒေသအလိုက် အခြေခံကျသည့် လူဦးရေနှင့် လူမှုစီးပွားအလိုက်အခြေခံ ကျသည့် လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ အခြေခံအချက်အလက်များရှရိရန် အထူးပင် လိုအပ် ကြောင်း၊ ထို့ကြောင့် နည်းပညာဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံအများစု တွင် အဆိုပါအချက်အလက်များရရှိရန် လူဦးရေသန်းခေါင်စာရင်းများကို ပုံမှန်ကောက်ယူနေကြ ခြင်းဖြစ်ကြောင်း၊ ကုလသမဂ္ဂလည်း လူဦးရေသန်းခေါင်စာရင်းကောက်ယူရာတွင် ကိုးကား ဆောင်ရွက်ရန် နိယာများနှင့်အကြံပြုချက်များ (Principles and Recommendations) များကို လည်း ထုတ်ပြန်ပေးထားသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏အသေးငယ်ဆုံးအုပ်ချုပ်မှု နယ်မြေအဆင့်အထိ နယ်မြေဒေသအလိုက် လူဦးရေနှင့်လူမှုစီးပွားဆိုင်ရာ အချက်အလက်များကို လူဦးရေသန်းခေါင်စာရင်းများကသာ ရရှိိနိုင်မည်ဖြစ်သည့်အတွက် လူဦးရေသန်းခေါင်စာရင်းကို မဖြစ်မနေကောက်ယူရန်လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင် မကြာမီကောက်ယူတော့မည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအကြောင်းကို အနည်းငယ်ပြောကြား လိုကြောင်း၊ သန်းခေါင်စာရင်း၏ထူးခြားသည့် ဝိသေသလက္ခဏာတစ်ခုမှာ ရပ်ကွက်၊ ကျေးရွာ အုပ်စုကဲ့သို့ အုပ်ချုပ်မှုဧရိယာ အသေးငယ်ဆုံးအဆင့်ထိ အချက်အလက်များ ပံ့ပိုးပေးနိုင်ခြင်းပင် ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကရရှိလာသည့် အချက်အလက်များသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် မှန်ကန်သည့်မူဝါဒများ၊ မဟာဗျူဟာများ၊ နည်းဗျူဟာများ ချမှတ်နိုင်ရန်နှင့် စီမံကိန်းများရေးဆွဲနိုင်ရန် လိုအပ်သည့်လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာစာရင်းအင်း အချက် အလက်များ ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း။ ထို့ပြင် သယံဇာတအရင်းအမြစ်များ ခွဲဝေသတ်မှတ် ခြင်း၊ ဘဏ္ဍာငွေခွဲဝေချထားခြင်း၊ စာသင်ကျောင်း၊ ဆေးရုံနှင့်ကျန်းမာရေးဌာနများ၊ လမ်း၊ တံတား များစသည့် အခြေခံအဆောက်အအုံများတည်ဆောက်ပေးခြင်း၊ မသန်စွမ်းနှင့် သက်ကြီးရွယ်အို စောင့်ရှောက်ခြင်း၊အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးခြင်းစသည်များကို ထိထိရောက်ရောက် စီမံခန့်ခွဲရန် မရှိမဖြစ်လိုအပ်သည့် အခြေခံအချက်အလက်များပင်ဖြစ်ကြောင်း။ မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်းကောက်ယူမှု သမိုင်းကြောင်းကို ပြန်လည်လေ့လာသုံးသပ်ကြည့်မည်ဆိုပ်က လွတ်လပ်ရေးမရမီကာလ ၁၈၇၂ ခုနှစ်၊ ၁၈၈၁ ခုနှစ်၊ ၁၈၉၁ ခုနှစ်၊ ၁၉၀၁ ခုနှစ်၊ ၁၉၁၁ ခုနှစ်၊ ၁၉၂၁ ခုနှစ်၊ ၁၉၃၁ ခုနှစ်နှင့် ၁၉၄၁ ခုနှစ်တို့တွင် ၁၀ နှစ်ခြား တစ်ကြိမ်စီဖြင့် ရှစ်ကြိမ်ကောက်ယူခဲ့ သည်ကိုတွေ့ရပါကြောင်း၊ အဆိုပါ သန်းခေါင်စာရင်းအချက်အလက်တချို့ကို ယနေ့အထိ ကိုးကားအသုံးပြုနေရဆဲဖြစ်ကြောင်း။ ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းကောက်ယူပြီး နောက်ပိုင်း တွင် နိုင်ငံတော်အတွက် လိုအပ်နေသည့်စာရင်းအင်းဆိုင်ရာ အချက်အလက်အတော်များများကို နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများရေးဆွဲသည့်နေရာတွင် အသုံးပြုခဲ့ပြီး နှစ်စဉ်နိုင်ငံ၏ ခန့်မှန်းလူဦးရေစာရင်းကိုလည်း အနီးစပ်ဆုံး ခန့်မှန်းတွက်ချက်ထုတ်ပြန်ပေးနေခြင်းဖြစ်ကြောင်း၊ ထို့ပြင် နောက်တစ်ကြိမ်သန်းခေါင်စာရင်း မကောက်ယူမီအချိန်တွင် ကြားကာလပြောင်းလဲလာ သည့် လူမှုစီးပွားဆိုင်ရာ အချက်အလက်များကိုသိရှိရန်၊ နှိုင်းယှဉ်လေ့လာမှုများပြုလုပ်နိုင် ရန်စသည့် ရည်ရွယ်ချက်များဖြင့် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို ကောက်ယူ ထုတ်ပြန်ပေးခဲ့ရာ ယခုအချိန်အထိ အသုံးဝင်နေဆဲဖြစ်ကြောင်း။ ကမ္ဘာ့နိုင်ငံအများစုတွင် သန်းခေါင်စာရင်းကို ၁၀ နှစ်တစ်ကြိမ် ကောက်ယူလေ့ရှိခြင်းကြောင်းလည်းကောင်း၊ နှစ်စဉ် ထုတ်ပြန်သည့်နိုင်ငံ၏ ခန့်မှန်းလူဦးရေစာရင်းများ ခိုင်မာမှုရှိစေရန်အတွက်လည်းကောင်း၊ ကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများနှင့် သုတေသနလုပ်ငန်း များအတွက် မှန်ကန်သည့် အခြေခံအချက်အလက်များ ရရှိစေရန်လည်းကောင်း ရည်ရွယ်ပြီး မိမိတို့နိုင်ငံတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူရန် စီစဉ်ဆောင်ရွက်နေကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများနှင့် မူဝါဒများချမှတ်ရန် အရေးကြီးသည့် လူမှု စီးပွားဆိုင်ရာ အချက်အလက်များရရှိနိုင်မည့် တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်ခြင်းကြောင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း။ ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ နောက်ဆုံးအချက်ဖြစ်သည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေး နှင့် နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် အခြေခံလိုအပ်သည့် မဲစာရင်းမှန်ကန်စေရေးကိုလည်း အထောက်အကူဖြစ်စေမည်ဖြစ် ကြောင်း။ ယခုနှစ် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်ကို “ထိခိုက်လွယ်သူ ဖေးမကူ၊ အရေး ပေါ်က စောင့်ရှောက်ကြ” “Helping Vulnerable Populations in emergencies” ဟု သတ်မှတ် ထားကြောင်း၊ အဆိုပါဆောင်ပုဒ်ချမှတ်ရခြင်းသည် ယနေ့ ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများ၊ စစ်ပွဲများ၊ သဘာဝဘေးအန္တရာယ်များ၊ စားနပ်ရိက္ခာရှားပါးမှုများစသည့် ဘေးဒုက္ခ အန္တရာယ်အမျိုးမျိုးကြောင့် အရေးပေါ်အခြေအနေများကို လူသားများကြုံတွေ့ခံစားနေကြရ ကြောင်း။ အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးငယ်များ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများနှင့် ဆင်းရဲနွမ်းပါးသူများက ပိုမိုထိခိုက်ခံစားကြရကြောင်း၊ သဘာဝဘေး အန္တရာယ်ကျရောက်ချိန်များ၊ ပဋိပက္ခများဖြစ်ပေါ်ချိန်များတွင် အမျိုးသမီးများနှင့်မိန်းကလေးငယ် များသည် ခုခံနိုင်စွမ်းနည်းသည့်အပြင် သူတို့၏ သီးသန့်လိုအပ်ချက်များသည်လည်း လျစ်လျူရှု ခြင်းခံရလေ့ရှိကြောင်း၊ သူတို့၏ ဘဝလုံခြုံမှု၊ ဂုဏ်သိက္ခာနှင့် ကျန်းမာရေးများကို ဆောင်ရွက်ပေး ခြင်းသည် မိသားစုနှင့် လူမှုအသိုင်းအဝိုင်း၏ကောင်းကျိုးကို ဖြည့်ဆည်းပေးခြင်းလည်း ဖြစ်ကြောင်း။ နိုင်ငံတကာသတင်းအချက်အလက်များအရ ဘေးဥပဒ်ကျရောက်နေသူများထဲတွင် လူငယ်များစွာပါဝင်နေသည်ဟုသိရကြောင်း၊ နိုင်ငံတချို့တွင်း ဘေးဥပဒ်ကျရောက်နေသူများ၏ သုံးပုံနှစ်ပုံခန့်သည် အသက် ၂၅ နှစ်အောက် လူငယ်များဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်း ကျောင်းမနေသည့် လူငယ်တစ်ဝက်ခန့်တွင် ပဋိပက္ခဖြစ်နေသည့် နိုင်ငံများ၊ ပဋိပက္ခကြုံတွေ့ခဲ့ ရသည့်နိုင်ငံများက ဖြစ်နေသည်ကို တွေ့ရပါကြောင်း။လူငယ်များသည်နိုင်ငံတော်၏ အနာဂတ်၊ နိုင်ငံ၏ အင်အားများဖြစ်ခြင်းကြောင့်ကလေးများ၊ အမျိုးသမီးငယ်များ ကျောင်းပညာ သင်ကြားခွင့် မရခဲ့ပါက သို့မဟုတ် သူတို့၏လိုအပ်ချက်များကို ဖြည့်ဆည်းမပေးနိုင်ပါက ၎င်းတို့တစ်ဦးချင်း အတွက်သာမက ၎င်းတို့ပတ်ဝန်းကျင်နှင့် နိုင်ငံ၏ အနာဂတ်သည်လည်း အားနည်းချက်များ၊ လိုအပ်ချက်များရှိနေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ထိခိုက်လွယ်သူများကို အားလုံးက ကူညီဖေးမ စောင့်ရှောက် ပေးရန်လိုအပ်သကဲ့သို့ ဒေသန္တရအစိုးရအဖွဲ့အစည်းများကလည်း အရေးပေါ်စီမံ ခန့်ခွဲမှု အစီအမံများ ပြင်ဆင်ထားရန် လိုအပ်ကြောင်း။ ထို့ကြောင့် အရေးပေါ်အခြေအနေတွင် အသုံးပြုနိုင်ရန်၊ ထိခိုက်လွယ်သူများကို ထိထိရောက်ရောက် ကူညီပံ့ပိုးပေးနိုင်ရန်အတွက် ကိန်းဂဏန်းအချက်အလက်များနှင့် ဒေသအလိုက် လူမှုစီးပွားဆိုင်ရာ အချက်အလက်များရရှိရန် အရေးကြီးသကဲ့သို့ နောက်ဆုံးအခြေအနေနှင့်အညီ Update ဖြစ်နေရန်လည်း လိုအပ်ကြောင်း၊ ယခုလို လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ အချက် အလက်များကို နိုင်ငံတစ်ဝန်းရရှိရန်အတွက် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကို မဖြစ်မနေကောက်ယူရန်လိုအပ်ကြောင်း။ ယနေ့ကမ္ဘာ့လူဦးရေနေ့ အခမ်းအနားကို တက်ရောက်လာကြသူများအနေဖြင့် မြန်မာနိုင်ငံ၏ မှတ်တိုင်တစ်ခုဖြစ်လာမည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ခံယူပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလို ကြောင်း၊ ထို့ကြောင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ ဆောင်ပုဒ်ဖြစ်သည့် “ပြည်သူအားလုံးပါဝင်လို့၊ သန်းခေါင်စာရင်းကောက်ကြစို့” “A nation-wide census, let us all participate” ဟု တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။ ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူဦးရေ၏ အခန်းကဏ္ဍနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ သည်။
ယင်းနောက် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်ဖြစ်သည့် “ထိခိုက်လွယ်သူ ဖေးမကူ၊ အရေးပေါ်က စောင့်ရှောက်ကြ” ဗီဒီယိုကလစ်ကိုပြသသည်။ ဆက်လက်၍ ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တက်ရောက် လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ၂၀၂၄ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် ပြခန်းမျာကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
Sorry, the comment form is closed at this time.