ပြည်ထောင်စုဝန်ကြီးဦးခင်ရီ၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် လျာထားချက်ပြည့်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေးမှာကြား၊ လုပ်ငန်း၏ရည်ရွယ်ချက်ကို သိရှိနားလည်မှသာ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းတိုက်တွန်း။

ပြည်ထောင်စုဝန်ကြီးဦးခင်ရီ၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် လျာထားချက်ပြည့်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေးမှာကြား၊ လုပ်ငန်း၏ရည်ရွယ်ချက်ကို 

သိရှိနားလည်မှသာအောင်မြင်အောင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းတိုက်တွန်း။  

နေပြည်တော်၊ မတ်  ၈  ။

          နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားအားလုံး ကိုင်ဆောင် သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက် နှင့်ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လျာထားချက်ပြည့်မီပြီးစီးအောင် ဆောင်ရွက် နိုင်ရေးမှာကြားခြင်းအခမ်းအနားကို မတ်လ ၈ ရက်၊ ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်း အတွင်းဝန် ဦးအောင်ကျော်စိုးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများတက်ရောက်၍ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများက သက်ဆိုင်ရာဒေသအသီးသီးမှ ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် တက်ရောက်ကြသည်။

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အမှာစကားပြောကြားရာတွွင် မိမိတို့ ဝန်ကြီးဌာနမှ တာဝန်ယူ၍ သက်ဆိုင်ရာဒေသအာဏာပိုင်များ၊ အခြားသောဆက်စပ်ဌာန အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းကာ(၁၈)လကြာ ဆောင်ရွက်မည့် ပန်းခင်းစီမံချက်သည် ယခုအခါ (၁၀) လ ကျော်ကြာရှိပြီဖြစ်ပါကြောင်း၊ ယင်းကာလအတွင်း ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးတို့သည် စီမံချက်လျာထားချက်ကို တိုင်းလုံးကျွတ်ရာနှုန်းပြည့် ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်ကိုတွေ့ရှိရပါကြောင်း၊ အခြားတိုင်းဒေသကြီး/ ပြည်နယ် များသည် သတ်မှတ်ကာလအတွင်း လျာထားချက်ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်ပြီး ကန့်သတ်ချက်တစ်ချို့ကြောင့် မြို့နယ်တိုင်း၏ လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်ခြင်းမရှိသေး ၍ တိုင်းလုံးကျွတ်ပြီးစီးသည်ဟု မသတ်မှတ်သေးပါကြောင်း၊ ယင်းကဲ့သို့ ကြိုးပမ်းဆောင်ရွက်မှု များအပေါ် မိမိတို့ဌာနဝန်ထမ်းများအားလုံးနှင့် ဆက်စပ်ဌာနအဖွဲ့အစည်းအားလုံးအား ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်းကို ပြောကြားလိုပါကြောင်း၊ စီမံချက်လုပ်ငန်းများ ဆောင်ရွက်ရာ တွင် မည်သည့်ကန့်သတ်ချက်များရှိစေကာမူ သတ်မှတ်ကာလအတွင်း လျာထားချက်ပြည့်မီပြီးစီး အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပန်းခင်းစီမံချက်သည် နိုင်ငံတော်၏ အနာဂတ်အတွက် အရေးကြီးသည့် စီမံချက်တစ်ခုဖြစ်သကဲ့သို့ နိုင်ငံသားတစ်ဦးချင်းအတွက် လူမှုဘဝဆောင်ရွက်မှုတိုင်း တွင် မရှိမဖြစ်လိုအပ်သည့် နိုင်ငံသားဆိုင်ရာ အထောက်အထားတစ်ခုရရှိနိုင်မည့် အခွင့်အရေး တစ်ခုဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် အစိုးရအဆက်ဆက် ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းတစ်ခုဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မှတ်ပုံတင်မရှိသေးသူများ ကျန်ရှိနေ သေးပါကြောင်း၊ နိုင်ငံသားကတ်၏ အသုံးဝင်တန်ဖိုးကို သိရှိနားလည်နိုင်ရေးအတွက် တာဝန်ရှိသူ အဆင့်ဆင့်က ပြည်သူများအား အမြဲမပြတ်ရှင်းလင်း ချပြကြရန်လိုအပ်ပါကြောင်း၊ ပြည်သူများ အနေဖြင့် ခရီးသွားလာမှု၊ တည်းခိုနေထိုင်မှုများနှင့် အခြားသောနိုင်ငံသားကတ် (မှတ်ပုံတင်) ပြသဆောင်ရွက်ကြရသည့် လုပ်ငန်းများတွင် တရားဝင်ထုတ်ပေးထားသော နိုင်ငံသားကတ် (မှတ်ပုံတင်)ကို သက်ဆိုင်ရာ တာဝန်ရှိသူများက လာမည့် ဧပြီလ(၁)ရက် နံနက်(၆)နာရီမှစ၍ လိုအပ်သလို စစ်ဆေးဆောင်ရွက်မည့်အကြောင်း မိဘပြည်သူများသို့ အသိပေးကြေညာခြင်းအား ပြီးခဲ့သည့် မတ်လ (၅)ရက်က နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းထုတ်ပြန်ချက်သည် နိုင်ငံသားအားလုံး မဖြစ်မနေ နိုင်ငံသားကတ်(မှတ်ပုံတင်) ရရှိ ကိုင်ဆောင်နိုင်ကြရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သော်လည်း ပြည်သူများအား ဝန်ထုတ်ဝန်ပိုး မဖြစ်စေရန် အလေးဂရုပြုဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မိမိဌာနဝန်ထမ်းများသည် သက်ဆိုင်ရာ စစ်ဆေးရေးအဖွဲ့များနှင့် ပူးပေါင်းစစ်ဆေးဆောင်ရွက်ကြရမည်ဖြစ်ရာ ယင်းသို့ဆောင်ရွက်ရာ တွင်လည်း ခရီးလမ်းပန်းနှင့် လုပ်ငန်းဆောင်ရွက်မှုများ နှောင့်နှေးကြန့်ကြာမှုမရှိစေရေးအတွက် ဒေသအာဏာပိုင်များ၊ ဆက်စပ်ဌာနများအား ရှင်းလင်းအသိပေးထားကြရန်လိုကြောင်း၊ လုပ်ငန်း၏ ရည်ရွယ်ချက်ကို သိရှိနားလည်မှသာ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည် ဖြစ်သဖြင့် လက်တွေ့ဆောင်ရွက်မည့် အောက်ခြေအဆင့်ဝန်ထမ်းများကိုပါ နားလည်အောင် ရှင်းလင်းပြောကြားထားရန်လိုကြောင်း၊ ထို့ပြင် ဌာန၏တာဝန်ရှိသူများသည် မိမိတို့လုပ်ငန်း ဆောင်ရွက်မှုများအပေါ် သိရှိနားလည်ပြီး ဒေသအာဏာပိုင်များ၊ ဆက်စပ်ဌာနများမှ တာဝန်ရှိသူ များအား ရှင်းလင်းချပြ အသိပေးဆောင်ရွက်ကြရန်နှင့် ဌာနမှဝန်ထမ်းအားလုံးကိုလည်း သိရှိ နားလည်စေရေး အမြဲမပြတ် ထိတွေ့ရှင်းလင်းပြောကြားကြရန်လိုကြောင်း၊ လုပ်ငန်းဆိုင်ရာ အခက်အခဲများနှင့် လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ အဆင့်ဆင့်တင်ပြဆောင်ရွက်ကြရန် လိုကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ကြောင်းသတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.