ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၊ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်ခ်(Minsk)မြို့၌ ပြည်ထဲရေး ဝန်ကြီးဌာန First Deputy Minister, Major General Nazarenko Yuryi Gennadievich နှင့် တွေ့ဆုံ၍ e-ID စနစ်ဆိုင်ရာလုပ်ငန်းများဆွေးနွေး၊ အမျိုးသားအီလက်ထရောနစ်ဗဟိုထိန်းချုပ် ကွပ်ကဲရေးစင်တာသို့ သွားရောက်လေ့လာ

ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၊ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်ခ်(Minsk)မြို့၌ ပြည်ထဲရေး ဝန်ကြီးဌာန First Deputy Minister,

Major General Nazarenko Yuryi Gennadievich နှင့်တွေ့ဆုံ၍ e-ID စနစ်ဆိုင်ရာလုပ်ငန်းများဆွေးနွေး၊  အမျိုးသားအီလက်ထရောနစ်ဗဟိုထိန်းချုပ် ကွပ်ကဲရေးစင်တာသို့ သွားရောက်လေ့လာ။

နေပြည်တော်၊ မေ ၄ ။

          ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီး Lt General Ivan Kubrakob ၏ ဖိတ်ကြားချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းနှင့် အဖွဲ့သည် မေလ ၁ ရက်၊ ညနေ ၅ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်း ခရီးဖြင့်ထွက်ခွာခဲ့ရာ မေလ ၂ ရက်၊ ဒေသစံတော်ချိန် ည ၁၁ နာရီ မိနစ် ၂၀ တွင် ဘယ်လာရုစ် သမ္မတနိုင်ငံ၊ မင့်စ်ခ် (Minsk) အမျိုးသားလေဆိပ်သို့ရောက်ရှိကြပြီး ဘယ်လာရုစ်သမ္မတနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ နိုင်ငံသားနှင့်လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဌာနမှူး Colonel Mr.Begun Alexey Yurievich နှင့် တာဝန်ရှိသူများက အဆိုပါလေဆိပ်မှ ကြိုဆိုနှုတ်ဆက်ကြသည်။

1

4

5

          ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် မေလ ၃ ရက်၊ နံနက်ပိုင်းတွင် မင့်စ်ခ် မြို့ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ ဧည့်ခန်းမ၌ ပြည်ထဲရေးဝန်ကြီးဌာန First Deputy Minister Major General Nazarenko Yuryi Gennadievich နှင့်တာဝန်ရှိသူများအားတွေ့ဆုံ၍ ဘယ်လာရုစ်နိုင်ငံ ၏ လူဝင်မှုကြီးကြပ်ရေးနှင့် Biometric နည်းပညာသုံး အမျိုးသားစိစစ်ရေးကတ်စနစ်ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေနေများကို အပြန်အလှန်အမြင်ချင်းဖလှယ် ဆွေးနွေးကြ၍  အမှတ်တရလက်ဆောင်များအပြန်အလှန်ပေးအပ်ပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

789

106

          မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင့်စ်ခ်မြို့ရှိ အမျိုးသားအီလက်ထရောနစ် ဗဟိုထိန်းချုပ်ကွပ်ကဲရေးစင်တာသို့ သွားရောက်ကြည့်ရှုလေ့လာကြရာ Director Gradusof Roman Anatovich နှင့်တာဝန်ရှိသူများက ဘယ်လာရုစ်နိုင်ငံ၏ e-ID စနစ်အကောင်ထည်ဖော် ဆောင်ရွက်နေမှုအခြေနေများ၊ ဝန်ဆောင်မှုလုပ်ငန်းများတွင် ဒီဂျစ်တယ်စနစ်ဖြင့် ဆောင်ရွက်မှု အခြေအနေများ၊ သတင်းအချက်အလက်စနစ် ပေါ်ပေါက်လာပုံနှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုစနစ် အတွက် လိုအပ်သည့်အရင်းအမြစ်များ၊ အမျိုးသားဒီဂျစ်တယ်ဝန်ဆောင်မှုစနစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ခဲ့မှုနှင့် လက်ရှိအသုံးပြု ဆောင်ရွက်နေမှုအခြေအနေများအား Powerpoint ဖြင့် ရှင်းလင်းပြသခဲ့ရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း ဆောင်ရွက်မှုအခြေနေများနှင့် e-ID စနစ်အကောင်ထည်ဖော်ဆောင်ရွက်နေမှုအခြေနေများအား ဆွေးနွေးပြောကြားကာ သိရှိလိုသည်များကို အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိသည်။

 

Sorry, the comment form is closed at this time.