ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်းရှိ ပြည်ထောင်စု နယ်မြေ၊ ခရိုင်၊ မြို့နယ်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီဝင်များအားတွေ့ဆုံ၊ လုပ်ငန်းစဉ်များအောင်မြင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြား

ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်းရှိ ပြည်ထောင်စု နယ်မြေ၊ ခရိုင်၊ မြို့နယ်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး

ကြီးကြပ်မှုကော်မတီဝင်များနှင့် သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီဝင်များအားတွေ့ဆုံ၊ လုပ်ငန်းစဉ်များအောင်မြင်ရေးအတွက်

ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်တိုက်တွန်းမှာကြား။

နေပြည်တော်၊ ဒီဇင်ဘာ ၁၄။

မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗဟိုသန်းခေါင် စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အတူ ဒီဇင်ဘာလ ၁၄ ရက်၊ နံနက် (၉) နာရီခွဲက ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ နေပြည်တော်ကောင်စီဝင်များ၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်းရှိ ပြည်ထောင်စုနယ်မြေ၊ ခရိုင်၊ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဝင်များအား တွေ့ဆုံသည်။IMG_1340

ထိုသို့တွေ့ဆုံရာတွင် ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က အမှာစကားပြောကြား  ရာတွင် တိကျမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းပြုစုရေးတွင် အခြေခံကျသည့် တိကျမှန်ကန်သည့် လူဦးရေစာရင်းရရှိနိုင်ရန် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်းက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့များ ဖွဲ့စည်း၍ မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်း စာရင်းကောက်ယူခဲ့ပါကြောင်း၊ ကောက်ယူရရှိသောစာရင်းအချက်အလက်များကို ရုံးလက်ခံ မှတ်တမ်းများဖြင့် တိုက်ဆိုင်စိစစ်၍ Online စနစ်ဖြင့် ရုံးချုပ်ရှိ e-ID Server အတွင်း အချက်အလက် များတိုက်ဆိုင်ပြင်ဆင်ဖြည့်စွက် အတည်ပြုခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ အတည်ပြုစာရင်းများအရ တိကျမှန်ကန်သည့် လူဦးရေစာရင်းအပေါ်အခြေခံ၍ တိကျမှန်ကန်သော မဲစာရင်းကိုပြုစုနိုင်မည်ဖြစ်ပြီး နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ် ချမှတ်ဆောင်ရွက်ရာ၌ ရှိရာတွင် အရေးအကြီးဆုံးဖြစ်သည့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စု နယ်မြေ (နေပြည်တော်) အနေဖြင့် စာရင်းကောက်ယူရေးအဖွဲ့ (၆၇၈) ဖွဲ့ဖြင့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခဲ့ရာတွင် ရာနှုန်းပြည့်ကောက်ယူပြီးစီးခဲ့ပြီး e-ID Software ဖြင့် ထုတ်ယူထား သည့် အိမ်ထောင်စုဖြင့် (၂ ဒဿမ ၉) သိန်းကျော်၊ အိမ်ထောင်စုစာရင်းမရှိသဖြင့် အလွတ်ပုံစံဖြင့် (၇)သောင်းကျော် စုစုပေါင်း အိမ်ထောင်စု (၃ ဒဿမ ၆) သိန်းကျော်ကို ကောက်ယူနိုင်ခဲ့ပါကြောင်း၊ ကောက်ယူရရှိသည့်အချက်အလက်များကို ရုံးချုပ်ရှိ e-ID Server အတွင်း အချက်အလက်တိုက်ဆိုင် ဖြည့်သွင်းအတည်ပြုခြင်းလုပ်ငန်းမှာ ဆောင်ရွက်ရန်အနည်းငယ်ကျန်ရှိနေသည့်အတွက် တာဝန်ရှိသူ အဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ယင်းစာရင်းများအရ အိမ်ထောင်စု စာရင်းရှိသော်လည်း နိုင်ငံသားကတ်မရှိသေးသူများ၊ အလွတ်ပုံစံဖြင့်ကောက်ယူခဲ့သည့် အိမ်ထောင်စု များအတွက် အမှန်တကယ်အိမ်ထောင်စုစာရင်းရှိ/မရှိ စိစစ်၍ မြို့နယ်အဆင့် ဖွဲ့စည်းထားသည့် (၅) ဦးကော်မတီဖြင့် အသေးစိတ်စိစစ်အတည်ပြုကာ နိုင်ငံသားအရည်အချင်းနှင့် ကိုက်ညီသူများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို ပန်းခင်းစီမံချက်ဖြင့် ဆက်လက်ဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း၊ ထို့ပြင် အချက်အလက် ကွဲလွဲနေသူများ၊ အမျိုးသားမှတ်ပုံတင်ကတ်ပြား ကိုင်ဆောင်ထားသူများ၊ အသက် (၁၆) နှစ်နှင့် (၁၈) နှစ်ကြား ၊ အသက် (၁၈) နှစ်နှင့်အထက် မည်သည့်ကတ်ပြားမျှ ကိုင်ဆောင်ထားခြင်းမရှိသူများကို လည်း စနစ်တကျစိစစ်၍ ဥပဒေနှင့်အညီကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင် နိုင်ရေး ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ သို့မှသာ ရွေးကောက်ပွဲကျင်းပချိန်တွင် မဲပေးပိုင်ခွင့်ရှိသူ အားလုံး ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ကြမည်ဖြစ်ပါကြောင်း၊ ယခုအခါ နိုင်ငံတော်၏ e-Government စနစ်အတွက် အခြေခံအကျဆုံးဖြစ်သည့် e-ID စနစ်ကိုလည်း မိမိတို့ဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး နိုင်ငံအတွင်းနေထိုင်သူအားလုံးအား ကိုယ်ရေးအချက် အလက်နှင့် ဇီဝအချက်အလက်များကောက်ယူ၍ Database အတွင်းသိမ်းဆည်းပြီး ဂဏန်း (၁၀) လုံး ပါဝင်သည့် Unique ID နံပါတ် သတ်မှတ်ထုတ်ပေးလျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်ကို လည်း ပန်းခင်းစီမံချက်နှင့်အတူ ဆောင်ရွက်လျက်ရှိပြီး နိုင်ငံသားကတ်ရရှိပြီးသူများကို e-ID စနစ် ဖြင့် Biometric ကောက်ယူဆောင်ရွက်သကဲ့သို့ နိုင်ငံသားကတ်အသစ်လျှောက်ထားသူများကိုလည်း တပါတည်း Biographic/ Biometric ကောက်ယူခြင်းလုပ်ငန်းကိုပါ ဆောင်ရွက်ပေးလျက်ရှိရာ  ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် တိုက်တွန်းနှိုးဆော် ဆောင်ရွက်ပေးကြစေလို ကြောင်း၊ ထို့ပြင် ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်းက စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ်(၂၀)တွင် ကောက်ကွက်(၁၀၀)ရွေးချယ်သတ်မှတ် ကောက်ယူခဲ့ရာ ပြည်ထောင်စုနယ်မြေ၌ ဒက္ခိဏသီရိမြို့နယ်အတွင်း ကောက်ကွက် (၂) ခုအား အောင်မြင်စွာ ကောက်ယူဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယင်းစမ်းသပ်ကောက်ယူမှု၏ အားနည်းချက်၊ အားသာချက် များအပေါ် ပြန်လည်သုံးသပ်ကာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း ဆောင်ရွက် မည့် ပြည်လုံးကျွတ်အဆင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်း အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းထားပြီးဖြစ်သည့် သန်းခေါင်စာရင်း ကော်မတီအဆင့်ဆင့်က ကြိုတင်စီစဉ်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယခုလုပ်ငန်းစဉ် များသည် တစ်ခုနှင့်တစ်ခုချိတ်ဆက်နေပြီး နိုင်ငံတော်၏အနာဂတ်အတွက်မဖြစ်မနေ အောင်မြင်အောင် ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည်နှင့်အညီ သတ်မှတ်ကာလအတွင်းပြီးမြောက်အောင်မြင် နိုင်ရေးအတွက် ဒေသအာဏာပိုင်များ၊ ဆက်စပ်ဌာနများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူ များအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။IMG_1332 IMG_1352

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူမှုနှင့် ကောက်ယူပြီးစီးသည့် အချက် အလက်များအား e-ID Server အတွင်း စိစစ်ဖြည့်သွင်းဆောင်ရွက်မှု၊ ပန်းခင်းစီမံချက် အဆင့်ဆင့် ဆောင်ရွက်မှုနှင့် ပြည်သူများအား Biographic/Biometric ကောက်ယူဆောင်ရွက်နေမှု၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်စီစဉ်ဆောင်ရွက်နေမှု နှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တာဝန်ရှိသူများက လုပ်ငန်းစဉ်အလိုက် အောင်မြင်စွာဆောင်ရွက်နိုင်ရေး အတွက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများ၊ လုပ်ငန်းဆိုင်ရာအခက်အခဲများနှင့် ဖြည့်ဆည်းပေးရန်လိုအပ်ချက်များကို အသီးသီးရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး အားလုံးက တက်ညီလက်ညီကြိုးပမ်း ဆောင်ရွက်နိုင်ရေး နိဂုံးချုပ်အမှာစကားပြောကြားပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော် ကောင်စီဥက္ကဋ္ဌတို့သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် အဆိုပါခန်းမ၌ပင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်းရှိ ပြည်ထောင်စုနယ်မြေ၊ ခရိုင်နှင့်မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအား တွေ့ဆုံ၍ လက်ရှိဆောင်ရွက်နေသည့် ဌာန၏လုပ်ငန်းများသည် နိုင်ငံတော်အတွက် အရေးကြီးသည့် လုပ်ငန်းများဖြစ်မှု၊ ယင်းလုပ်ငန်းစဉ်များသတ်မှတ်ကာလအတွင်း ပြီးစီးအောင်မြင်ရေးအတွက် ဒေသအာဏာပိုင်များ၊ ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေးအခြေအနေ၊ လက်ရှိ အခြေအနေတွင် လုံခြုံရေးကိုအထူးဂရုပြုဆောင်ရွက်နိုင်ရေးနှင့် ထူးခြားဖြစ်စဉ်များအား အချိန်နှင့် တစ်ပြေးညီတင်ပြနိုင်ရေးအခြေအနေ၊ ဝန်ထမ်းအချင်းချင်း အထက်၊ အောက်အပြန်အလှန် ချစ်ကြည်လေးစားပြီး စည်းလုံးညီညွတ်စွာဖြင့် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်နိုင်ရေးနှင့် ပြည်သူ ကို ယဉ်ကျေးပျူငှာစွာဆက်ဆံ၍ အဂတိတရားကင်းရှင်းစွာဆောင်ရွက်ကြရေးအခြေအနေများ နှင့်စပ်လျဉ်း၍ ရှင်းလင်းမှာကြားကာ ဝန်ထမ်းများ၏တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါ ရုံးဝန်းအတွင်းရှိ ပျဉ်းမနားခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်းရှိ ဝန်ထမ်းများနှင့်အတူ နေ့လည်စာကို ရင်းနှီးချစ်ကြည်စွာ လက်ရည်တစ်ပြင်တည်းအတူတကွ သုံးဆောင်ခဲ့ပြီး ဝန်ထမ်းစားရိပ်သာအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။(-)

Sorry, the comment form is closed at this time.