ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်မြေပြင် ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီဝင်များအားတွေ့ဆုံ၊ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်မြင်ရေး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း

ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်မြေပြင် ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များနှင့်

သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီဝင်များအားတွေ့ဆုံ၊ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်မြင်ရေး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း

နေပြည်တော်၊ ဒီဇင်ဘာ ၂၇ ။

          မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗဟိုသန်းခေါင် စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် စစ်ကိုင်းတိုင်းဒေသကြီး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်အတူ ဒီဇင်ဘာလ (၂၆) ရက်၊ ညနေ(၄)နာရီက မုံရွာမြို့၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး၊ ချင်းတွင်းခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီဝင်များနှင့် သန်းခေါင် စာရင်း ကြီးကြပ်မှုကော်မတီဝင်များအား တွေ့ဆုံသည်။

IMG_8514 IMG_8518

          ထိုသို့တွေ့ဆုံရာတွင် ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က အမှာစကားပြောကြား  ရာ၌ လက်ရှိနိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းဆောင်ရွက်ရာတွင် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ချမှတ် ဆောင်ရွက်လျက်ရှိပြီး ယင်းလုပ်ငန်းစဉ်များအနက် အရေးကြီးဆုံးဖြစ် သည့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပြီး ထွက်ပေါ် လာသည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေးအတွက် ကြိုးပမ်းဖော်ဆောင်လျက် ရှိပါကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်ရန် မဲစာရင်းမှန်ကန်ရေးသည် အဓိကဖြစ် ပါကြောင်း၊ မဲစာရင်းမှန်ကန်ရေးဆိုရာတွင် တိကျမှန်ကန်သည့် လူဦးရေစာရင်းအပေါ် အခြေခံ တွက်ချက်ရသဖြင့် မှန်ကန်သည့် လူဦးရေစာရင်းရရှိနိုင်ရေးအတွက် မြေပြင်တစ်အိမ် တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group)များဖြင့် ကောက်ယူဆောင်ရွက်ခဲ့ခြင်း ဖြစ် ပါကြောင်း၊ ယင်းသို့ ကောက်ယူဆောင်ရွက်ခဲ့သည့် စာရင်းအချက်အလက်မှတ်တမ်းများကို စုစည်း၍ လဝကမြို့နယ်ဦးစီးမှူးရုံးများရှိ အိမ်ထောင်စုစာရင်း ရုံးလက်ခံမှတ်တမ်းများနှင့် တိုက်ဆိုင် စိစစ်၍ Online စနစ်ဖြင့် ရုံးချုပ်ရှိ e-ID Sever အတွင်းရှိ အချက်အလက်များဖြင့် တိုက်ဆိုင် ပြင်ဆင် ဖြည့်စွက် အတည်ပြုခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အနေဖြင့် စာရင်းကောက်အဖွဲ့ပေါင်း (၂၈၀၅) ဖွဲ့နဲ့ မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင်  e-ID Software ဖြင့် ထုတ်ယူထားသည့် အိမ်ထောင်စုစာရင်း ဖြင့် ကောက်ယူမှု (၃ ဒသမ ၂ )သိန်းကျော်၊ အလွတ်ပုံစံဖြင့် ကောက်ယူမှု (၅)သောင်းကျော်၊ စုစုပေါင်း(၃ ဒသမ ၇)သိန်းကျော် ကောက်ယူပြီးစီးခဲ့ပါကြောင်း၊ မကောက်ယူ နိုင်သည့် အိမ်ထောင်စု (၁၀)သိန်းကျော် ကျန်နေသည်ကို တွေ့ရှိရပါကြောင်း၊ အချို့ ဒေသများတွင် နယ်မြေဒေသလုံခြုံရေးအခြေအနေအရ ဆောင်ရွက်နိုင်ခြင်းမရှိသော်လည်း ဖြစ်နိုင်သမျှ နည်းလမ်း ပေါင်းစုံဖြင့် တတ်နိုင်သမျှပြီးစီးအောင် ကောက်ယူဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ကောက်ယူ ရရှိသည့် စာရင်းများကိုလည်း ရုံးချုပ်ရှိ e-ID Sever အတွင်းရှိ အချက်အလက်များနှင့် တိုက်ဆိုင်စိစစ် ပြင်ဆင်ဖြည့်စွက်အတည်ပြုခြင်းလုပ်ငန်းကိုလည်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ပြင် မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း ၎င်းတို့၏ နိုင်ငံသားဖြစ်မှု အရည်အချင်းအရ ကိုင်ဆောင် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် မိမိတို့ ဝန်ကြီးဌာနမှ ပန်းခင်း စီမံချက်များဖြင့် နိုင်ငံတစ်ဝန်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြေပြင်ကွင်းဆင်းကောက်ယူရာတွင် အလွတ်ပုံစံ များဖြင့် ကောက်ယူခဲ့သည့် အိမ်ထောင်စုများအတွက် အမှန်တကယ် အိမ်ထောင်စု စာရင်းရှိ/မရှိ စိစစ် ၍ နိုင်ငံတော်အစိုးရမှ မြို့နယ်အဆင့်ဖွဲ့စည်း ပေးထားသည့် (၅) ဦးကော်မတီဖြင့် အသေးစိတ်စိစစ် အတည်ပြုကာ နိုင်ငံသားအရည်အချင်းနှင့် ကိုက်ညီသူများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို ဆက်လက် ဆောင်ရွက်ပေးကြရ မည်ဖြစ်ပါကြောင်း၊ မိမိတို့ဌာနမှ တာဝန်ယူ၍ နိုင်ငံအတွင်းနေထိုင်သူအားလုံးအား ကိုယ်ရေးအချက် အလက် (Biographic) နှင့် ဇီဝဆိုင်ရာ အချက်အလက်(Biometric) ကောက်ယူကာ e-ID Database အတွင်းသိမ်းဆည်းပြီး ဂဏန်း(၁၀)လုံး ပါဝင်သည့် Unique ID နံပါတ်သတ်မှတ် ထုတ်ပေးလျက်ရှိရာ ယင်းလုပ်ငန်းစဉ်ကိုလည်း ပန်းခင်းစီမံချက်နှင့်အတူ ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံသားကတ် ရှိပြီး သူများနှင့် နိုင်ငံသားကတ်ပြားအသစ် လျှောက်ထားသူများပါ e-ID စနစ်ဖြင့် တပါတည်း Biographic/ Biometric ကောက်ယူခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း ကောက်ယူမည်ဖြစ်ရာ ယင်းလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် ပြီးခဲ့သည့် အောက်တိုဘာလ အတွင်း က စမ်းသပ်သန်းခေါင်စာရင်းကို တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကောက်ကွက်များ ရွေးချယ် သတ်မှတ်ကောက်ယူခဲ့ပြီးဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် မုံရွာမြို့နယ်အတွင်း ကောက်ကွက် (၁၀) ကွက် ရွေးချယ်ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါ ကြောင်း၊ ယင်းစမ်းသပ် ကောက်ယူမှုအတွေ့အကြုံများ၏ အားနည်းချက်၊ အားသာချက်များကို ပြန်လည် သုံးသပ်၍ ပြည်လုံးကျွတ်အဆင့် သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းကိုလည်း တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာစသည့် ကော်မတီ အဆင့်ဆင့်ဖွဲ့စည်းကာ အောင်မြင်စွာ ကောက်ယူ နိုင်ရေးကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယခုလုပ်ငန်းစဉ်များသည် နိုင်ငံတော်အတွက် အရေးကြီးပြီး မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းများ ဖြစ်သည်နှင့်အညီ ဒေသအာဏာပိုင်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများအားလုံးက တက်ညီလက်ညီလက်တွဲ၍ သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးအောင်မြင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။

IMG_8528 IMG_8537

          ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့်   အစီအစဉ်များ၊  ပန်းခင်းစီမံချက် အဆင့် (၁/၂) ဆောင်ရွက်ပြီးစီးမှုနှင့် ပန်းခင်းစီမံချက် အဆင့်(၃) အတွက် ဆက်လက် ‌ေဆာင်ရွက်မည့် အစီအစဉ်များပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ဆောင်ရွက်       သွားမည့် အစီအစဉ်များနှင့် ကော်မတီများ အလိုက် လုပ်ငန်းများအောင်မြင်ရေးအတွက်  ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မည့်အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

       ယင်းနောက် တက်ရောက်လာကြသူများက နယ်မြေဒေသအလိုက် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူမှုနှင့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း‌ကောက်ယူရေးအတွက် စီစဉ်ထားရှိမှု၊ မဲစာရင်း မှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်မှုနှင့် လုပ်ငန်း လိုအပ်ချက် များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းလိုက်ပြီးနောက် ပြည်ထောင်စုဝန်ကြီး နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။

      ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါ ခန်းမ၌ပင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန တိုင်း၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအားတွေ့ဆုံ၍  ဝန်ထမ်းများ အနေဖြင့် ဌာန၏ရည်မှန်းချက်တာဝန်များအပြင်  နိုင်ငံတော်အတွက်အရေးကြီးသည့် လုပ်ငန်းစဉ် များဖြစ်သည့် ပန်းခင်းစီမံချက်လုပ်ငန်းများ၊ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူပြီးစီးသည့် စာရင်း ဇယားအချက်အလက်များအား e-ID Server အတွင်း တိုက်ဆိုင်ပြင်ဆင်ဖြည့်စွက် အတည်ပြုခြင်း လုပ်ငန်းများ၊ e-ID စနစ် ဖြင့် Biographic/ Biometric ကောက်ယူခြင်းလုပ်ငန်းနှင့် ၂၀၂၄ ခုနှစ်၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို သတ်မှတ် ကာလအတွင်း အောင်မြင်စွာဆောင်ရွက်နိုင်ရေးအခြေအနေများ၊ လက်ရှိအခြေအနေတွင် လုံခြုံရေး ကို အလေးဂရုပြုဆောင်ရွက်ကြရေးနှင့် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်မှုရှိစေရေး၊ အခြေအနေများ နှင့်စပ်လျဉ်း၍ ရှင်းလင်းမှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးပြီး ဝန်ထမ်းစားရိပ်သာအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။ (-)

Sorry, the comment form is closed at this time.