ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်အတွင်း ဒေသခံပြည်သူများ အား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေး ခြင်းလုပ်ငန်းဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှု့အားပေး၊ ဆောင်ရွက်ပြီး ကတ်ပြားများအား ဒေသခံပြည်သူများသို့ပေးအပ်။

ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်အတွင်း ဒေသခံပြည်သူများ အား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေး ခြင်းလုပ်ငန်းဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှု့အားပေး၊ ဆောင်ရွက်ပြီး ကတ်ပြားများအား ဒေသခံပြည်သူများသို့ပေးအပ်။

နေပြည်တော်၊ မေ ၂၄ ။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည်အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်စိုး နှင့် တာဝန်ရှိသူများလိုက်ပါလျက် မေလ ၂၃ ရက်၊ နံနက်ပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ မိုင်းဆတ်မြို့နယ်၊မိုင်းထလန်းကျေးရွာအုပ်စု၊မိုင်းကန်း ကျေးရွာသို့ သွားရောက်၍ မိုင်းကန်းကျေး ရွာ ရုံးခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မိုင်းဆတ်မြို့နယ်ဦးစီး မှူးရုံးမှ ဝန်ထမ်းများကဒေသခံတိုင်းရင်းသားများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းနှင့်ပတ်သက်၍ လုပ်ငန်း စဉ်အဆင့်ဆင့် ဖြင့် ဆောင်ရွက်ပေးနေမှုနှင့်နယ်မြေခံတပ်နယ်မှတပ်မတော်သားဆရာဝန်များနှင့် သူနာပြုများက သွေးအုပ်စု ခွဲခြားစစ်ဆေးပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု့အားပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုင်းဆတ်မြို့နယ် ဝမ်ဟုန် ကျေးရွာသို့ သွားရောက်၍ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးသော်ဇင်ဦး၊ဒေသခံတိုင်းရင်းသားခေါင်းဆောင် ဦးကျလောဘို၊ ဦးညီကပ်တို့နှင့် အတူကျေးရွာ အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဒေသခံ တိုင်းရင်းသားများအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦး ရေစာရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲသို့ တက်ရောက်ကြရာ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးအားဒေသခံတိုင်းရင်းသားလူငယ်များကရိုးရာအကဖြင့်ကပြကြိုဆိုကြသည်။

ယင်းနောက်အခမ်းအနားကိုကျင်းပရာအစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၏ လမ်းညွှန်ချက်ဖြင့် မိမိတို့ ဝန်ကြီးဌာနမှဆောင်ရွက်ပေးနေသည့်အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း လုပ်ငန်းစဉ်သည် ဌာန၏ လုပ်ငန်းတာဝန်တစ်ရပ် ဖြစ်ပြီး ခေတ်အဆက်ဆက် ဆောင်ရွက်ထုတ်ပေးလျက်ရှိပါကြောင်း၊ သို့သော်လည်းခရီးလမ်းပမ်းခက်ခဲမှုနှင့် အကြောင်း အမျိုးမျိုးကြောင့် ဆောင်ရွက်ပေးရန်ကျန်ရှိနေသူများ ရှိနေသေးပါကြောင်း၊ယင်း လုပ်ငန်းစဉ် သည် စဉ်ဆက်မပြတ်ဆောင်ရွက်ရသည့်လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီး ဥပဒေ၊လုပ်ထုံးလုပ်နည်းများ နှင့်အညီ စိစစ်ဆောင်ရွက်ပေးရသည့်လုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ ထို့ကြောင့်မိမိတို့ဌာနမှ ပန်းခင်းစီမံချက် ရေးဆွဲကာ တိုင်းဒေသကြီး/ပြည်နယ် အလိုက်မြန်မာနိုင်ငံသားများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့်ကတ်ပြားတစ်မျိုးမျိုးရရှိကိုင်ဆောင်နိုင်ရေး အတွက်ယခုကဲ့သို့ ဆောင်ရွက် ပေးခြင်းဖြစ်ပါကြောင်း ပန်းခင်းစီမံချက်ကို မေ လ( ၃ )ရက် မှစတင် ဆောင်ရွက်ခဲ့သော်လည်း မိုင်းဆတ်ခရိုင်အတွင်း စီမံချက်စမ်းသပ်ကာလအဖြစ် ဧပြီလ ( ၂၃ ) ရက်နေ့မှစတင်၍ မိုင်းဆတ်နှင့် မိုင်းတုံမြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားများ အတွက် အိမ်ထောင်စုလူဦး ရေစာရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့သည့်အတွက် ယခုကဲ့သို့ အခမ်းအနားကျင်းပ၍ ဒေသခံကိုယ်စားလှယ်များထံပေး အပ်နိုင်ခြင်းဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ပေးရာတွင်လည်း နိုင်ငံသားဥပဒေနှင့်မကိုက်ညီ သူများအား ထုတ်ပေးခြင်းမရှိစေရေး အတွက် လုပ်ထုံး၊လုပ်နည်းနှင့်အညီ စနစ်တကျ ဆောင်ရွက်ရပါကြောင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိပြီးသူသည် နိုင်ငံသားတစ်ယောက်၏ ရရှိခံစားနိုင်သည့်အခွင့်အရေးများကို ရရှိခံစား နိုင်မည်ဖြစ်ပြီး ရရှိပြီးကတ်ပြားများကိုလည်း ကာယကံရှင်များက ပျက်စီး/ပျောက်ဆုံးမှု မရှိစေ ရေး စနစ်တကျကိုင်တွယ်ထိန်းသိမ်းကြ ရန်လည်း လိုအပ်ပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက် ပြီးဖြစ်သည့်အိမ်ထောင်စုလူဦးရေစာရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာအုပ်စု ကိုယ်စားလှယ်အသီးသီးထံပေးအပ်ကြပြီး ဒေသခံတိုင်းရင်းသားများကိုယ်စား‌ ဒေသခံ တိုင်းရင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးညီကပ်က ကျေးဇူးတင်ဝမ်းမြောက်စကား ပြန်လည်ပြောကြားကာ အခမ်းအနား ကို ရုတ်သိမ်းလိုက်သည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကြပြီးနောက်ခန်းမဘေးတွင်ခင်းကျင်းပြသထားသည့်နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်မှုမှတ်တမ်းဓါတ်ပုံများကို ကြည့်ရှု့အားပေး ကြာသည်။

မိုင်းဆတ်ခရိုင်၊မိုင်းဆတ်မြို့နယ်အတွင်း ဝမ်ဟုန်၊ မိုင်းယွန်း၊ မိုင်းထလန်းကျေးရွာနှင့် မိုင်းတုံမြို့နယ်အတွင်း ဟိုပန်၊ ဟွေအော၊ မိုင်းကျွတ်၊ ခိုင်းလုံကျေးရွာ စသည့်ကျေးရွာနေရာ (၇) နေရာ၌ မိုင်းဆတ်နှင့် မိုင်းတုံမြို့နယ်ဦးစီးမှူးရုံးတို့မှ ဝန်ထမ်းများအခြေပြုကာ ၂၀၂၁ ခုနှစ်၊ ဧပြီလ (၂၃) ရက်နေ့မှစ၍ ပန်းခင်းစီမံချက် စမ်းသပ်ဆောင်ရွက်မှုအဖြစ် ကွင်းဆင်းဆောင်ရွက် ပေးခဲ့ရာ ယခုအခမ်းအနားတွင် မိုင်းဆတ်နှင့် မိုင်းတုံမြို့နယ်အတွင်းရှိ ဒေသခံ တိုင်းရင်းသားများအတွက် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း (၂၅၇၂) စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၅၉၁၂) ကတ်အား ဆောင်ရွက်ထုတ်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိ သည်။

Sorry, the comment form is closed at this time.