ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ မြစ်ကြီးနားမြို့နယ်ဦးစီးမှူးရုံး၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးပြီးသူများ၏ ကိုယ်ရေးအချက်အလက်များအား ကွန်ပျူတာများဖြင့် ဖြည့်သွင်းဆောင် ရွက်နေမှု ကြည့်ရှုစစ်ဆေး၊ ပြည်နယ်/ခရိုင်/မြို့နယ်ရုံးများမှ ဝန်ထမ်းများအား တွေ့ဆုံမှာကြား။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ မြစ်ကြီးနားမြို့နယ်ဦးစီးမှူးရုံး၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးပြီးသူများ၏ ကိုယ်ရေးအချက်အလက်များအား ကွန်ပျူတာများဖြင့် ဖြည့်သွင်းဆောင် ရွက်နေမှု ကြည့်ရှုစစ်ဆေး၊ ပြည်နယ်/ခရိုင်/မြို့နယ်ရုံးများမှ ဝန်ထမ်းများအား တွေ့ဆုံမှာကြား။

နေပြည်တော်၊ ဇန်နဝါရီလ ၁၂ ။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦးနှင့် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ ၁၁ ရက်၊ မွန်းလွှဲ (၁) နာရီ တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြစ်ကြီးနားမြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ မြို့နယ်ရုံးရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးပြီးသူများ၏ ကိုယ်ရေး အချက်အလက်များအား Digital စနစ်သို့ ပြောင်းလဲနိုင်ရေးအတွက် ကွန်ပျူတာဖြင့် ဖြည့်သွင်း ဆောင်ရွက်နေမှုနှင့် နေပြည်တော်ရှိ ရုံးချုပ်နှင့် Online စန်စဖြင့် ချိတ်ဆက်ကာ အချက်အလက် များ တိုက်ဆိုင်ဖြည့်သွင်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စု ဝန်ကြီးက လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ ဖြစ်သည်နှင့်အညီ စနစ်တကျ ထိန်းသိမ်းနိုင်ရေးနှင့် e-ID စနစ်အကောင်းအထည်ဖော်ရာတွင် ချိတ်ဆက်အသုံးပြု နိုင်ရေး ကြိုတင်မျှော်တွေး ဆောင်ရွက်ကြရန် တာဝန်ရှိသူများအားမှာကြားသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မနောရွှေပြည်ခန်းမ၌ ပြည်နယ်/ခရိုင်/မြို့နယ် ဦးစီးမှူးရုံး များမှ ဝန်ထမ်းများအား တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် မိမိတို့ဌာနသည် နိုင်ငံတော်အတွက် အဓိကလုပ်ငန်းတာဝန်ကြီး (၃)ရပ်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဝန်ထမ်းများအားလုံးက လုပ်ငန်းတာဝန်များအပေါ် သိရှိနားလည်သဘောပေါက်စေရေးအတွက် ရှင်းလင်းပြောကြားလိုပါကြောင်း၊ မိမိတို့ နိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံအသီးသီးမှ နိုင်ငံခြားသား သည် ပြည်ဝင်ဗီဇာ အမျိုးမျိုးဖြင့် ဝေဟင်၊ ရေပြင်၊ မြေပြင် စသည်တို့မှ ဝင်/ထွက်သွားလာရာတွင် စန်စတကျဖြစ်စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ယင်းလုပ်ငန်းဆိုင်ရာများကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး အတွက် သိရှိနားလည်ထားကြရန် လိုအပ်ပါကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံသားများအား ၎င်းတို့၏ နိုင်ငံသားဖြစ်မှု အရည်အချင်းအရ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိရာ ယခုအခါ နိုင်ငံတစ်ဝန်း ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူ နိုင်ငံသားများအား မဖြစ်မနေ ထုတ်ပေးနိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်ဖန် နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် e-Goverment စနစ်၏ အခြေခံအကျဆုံးလုပ်ငန်းဖြစ်သော e-ID စနစ် အကောင်အထည်ဖော်ရေးအတွက် မိမိတို့ဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်ပါ ကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် နိုင်ငံတော်အတွက် နည်းပညာဆိုင်ရာ မဖြစ်မနေဆောင်ရွက် ရမည့် လုပ်ငန်းတစ်ခုဖြစ်သည်နှင့်အညီ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းဆိုင်ရာကြိုတင် ဆောင်ရွက်ရန်ရှိသည်များကို စီစဉ်ဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်း၊ ထို့အပြင် ၂၀၂၄ ခုနှစ် တွင်ကောက်ယူရန် အလှည့်ကျပြီဖြစ်သည့် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်ရေးအတွက် ယခုအခါ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း ကိုဆောင်ရွက်နေပြီဖြစ်ရာ လက်ရှိနိုင်ငံတော်အစိုးရ တာဝန်ယူစဉ်ကာလအတွင်း ပြီးစီးနိုင် သမျှသောလုပ်ငန်းများကို အတတ်နိုင်ဆုံး၊ အကောင်းဆုံး ဆောင်ရွက်သွားကြရမည် ဖြစ်ပါ ကြောင်း၊ ယင်းလုပ်ငန်းစဉ်သည်လည်း ယခင်အတွေ့အကြုံများအရ ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းများကို သိရှိနားလည်ကာ စီစဉ်ဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်း၊ လက်ရှိ အခြေအနေတွင် နိုင်ငံတော်၏ စီမံချက်တစ်ခုဖြစ်သော ပန်းခင်စီမံချက် အောင်မြင်ရေးအတွက် မဖြစ်မနေ ဆောင်ရွက်ကြရမည်ဖြစ်ပြီး မြို့နယ်အလိုက် ဆောင်ရွက်ရန် သတ်မှတ်လျာထားသည့် အရေအတွက်များအား သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိဝန်ထမ်းများအပြင် အခြားသော ဆက်စပ်ဌာနများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၏ ပံ့ပိုးကူညီမှုများဖြင့် ကြိုးပမ်းဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် ရာတွင် အားနည်းချက်များအပေါ် ပြန်လည်သုံးသပ်ကာ ထိထိရောက်ရောက် မှန်မှန်ကန်ကန် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့၏ လုပ်နည်းလုပ်ငန်း မှန်ကန်ရေး၊ လုံခြုံရေးသတိ အမြဲရှိစေရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်သွားကြရန်နှင့် လက်အောက် ဝန်ထမ်းများ၏ သက်သာချောင်ချိရေးကိစ္စများကိုလည်း ဂရုပြုဆောင်ရွက်ပေးကြရန်လိုကြောင်း ရှင်းလင်းပြောကြားကာ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြောင်း သတင်း ရရှိသည်။ (-)

 

Sorry, the comment form is closed at this time.