ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားမျိုးနွယ်စုအဖွဲ့များမှ တာဝန်ခံများအား တွေ့ဆုံ၍ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး၊ ဝန်ထမ်းများ အား နိုင်ငံတော်အပေါ် ကျေးဇူးသစ္စာစောင့်သိကြရန်မှာကြား။

ပြည်ထောင်စုဝန်ကြီးဦးခင်ရီ၊ ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားမျိုးနွယ်စုအဖွဲ့များမှ တာဝန်ခံများအားတွေ့ဆုံ၍

လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး၊ဝန်ထမ်းများအား နိုင်ငံတော်အပေါ် ကျေးဇူးသစ္စာစောင့်သိကြရန်မှာကြား။

နေပြည်တော်၊ မေ ၂၈ ။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှနှင့် တာဝန်ရှိသူများနှင့်အတူ မေလ ၂၇ ရက်၊ မွန်းလွဲ ၁ နာရီခွဲတွင် စစ်တွေမြို့၊ ပြည်နယ်အစိုးရဧည့်ဂေဟာ၊ ဧည့်ခန်းမ၌ ရခိုင် ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသား လူမျိုးစုအဖွဲ့များဖြစ်ကြသည့် မြို၊သက်၊ ခမီ၊ ဒိုင်းနက်၊ မရာမာကြီး၊ရခိုင်လူမျိုးစု စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ကိုယ်စားလှယ် များအား တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အကြီးအကဲအနေဖြင့် နိုင်ငံ အတွင်းမှီတင်းနေထိုင်ကြသည် တိုင်းရင်းသားအားလုံး၏ အရေးကိစ္စများအား အလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုကာလသည်လည်း တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး အတွက် အရေးပါသည့်ကာလဖြစ်ပါကြောင်း၊ ယခုအခါ ရခိုင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက် ဖြင့် နိုင်ငံသားကတ်ထုတ်ပေးခြင်း လုပ်ငန်းကို လျာထားသတ်မှတ်ချက် ပြည့်မီကျော်လွန်ပြီးစီး အောင် ဆောင်ရွက်ပြီးဖြစ်သော်လည်း ဒေသခံတိုင်းရင်းသားများ၏ နယ်မြေဒေသများတွင် အကြောင်းအမျိုးမျိုးကြောင့် နိင်ငံသားကတ်မရှိသေးသူများ ကျန်ရှိနိုင်ပါကြောင်း၊ အဆိုပါ ကျန်ရှိသူများ၏ စာရင်းများအား ကျေးရွာအလိုက်ပြုစုပေးပို့နိုင်ရေးအတွက် ဒေသခံတိုင်းရင်းသား လူမျိုးစု ကိုယ်စားလှယ်များအား ယခုကဲ့သို့ သီးခြားခေါ်ယူတွေ့ဆုံ အသိပေးပြောကြားရခြင်း ဖြစ်ပါကြောင်း၊ ထို့ပြင် အခြားလိုအပ်ချက်များ ရှိပါကလည်း ပွင့်ပွင့်လင်းလင်းပြောကြားပေးစေ လိုပါကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒေသခံတိုင်းရင်းသား လူမျိုးစုစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ကိုယ်စားလှယ်များက နိုင်ငံသားကတ်ရရှိမှု အခြေအနေများ၊ နယ်မြေဒေသအလိုက် နိုင်ငံသားကတ်မရှိသေးသူများ စာရင်းနှင့် ဆက်လက်ဆောင်ရွက်ပေးရန် လိုအပ်သည့်အခြေအနေ၊  ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေးစသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ လိုအပ်ချက်များကို အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသား ရေးရာဝန်ကြီးနှင့် တာဝန်ရှိ သူများက ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ တက်ရောက်လာ ကြသူများအား အမှတ်တရ လက်ဆောင်များပေးအပ်သည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် တာဝန်ရှိသူများနှင့်အတူ စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံး များမှ ဝန်ထမ်းများအား တွေ့ဆုံကာ ပြည်ထောင်စုဝန်ကြီးက ပန်းခင်းစီမံချက်ကို သတ်မှတ်ကာလမတိုင်မီ ပြည်နယ်လုံးကျွတ်ပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်းအတွက် ဝန်ထမ်းများအားလုံးကို ဂုဏ်ပြုမှတ်တမ်းတင်မှု၊ ဌာနအနေဖြင့် နိုင်ငံခြားသား ထိမ်းသိန်းရေးစီမံခန့်ခွဲမှုစနစ်  အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ နိုင်ငံသားများအတွက် နိုင်ငံသားဖြစ်မှုဆိုင်ရာ စိစစ်ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေးအခြေအနေ၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှု၊ နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် e-Government စနစ်၏ အခြေခံအကျဆုံးဖြစ်သည့် e-ID စနစ် လုပ်ငန်းဆောင်ရွက်နေမှု၊ ယင်းလုပ်ငန်းစဉ်အားလုံးသည် နိုင်ငံတော်အတွက် အရေးကြီးသည့် လုပ်ငန်းများဖြစ်၍ ဝန်ထမ်များအားလုံးက လုပ်ငန်းများအောင်မြင်ရေးအတွက် ဆက်စပ် ဌာနများနှင့် ပူးပေါင်းကာ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နိုင်ရေး အခြေအနေ၊ ဝန်ထမ်းတိုင်း မျိုးချစ်စိတ်ဓာတ်ကို အရင်းခံကာ နိုင်ငံတော်နှင့် မိမိဌာနအပေါ်  ကျေးဇူးသစ္စာစောင့်သိရန် လိုအပ်မှု၊ ဥပဒေလုပ်ထုံးလုပ်နည်းများ၊ နည်းပညာနှင့် ဘာသာစကား ကျွမ်းကျင်ပိုင်နိုင်ရေး အတွက် အစဉ်လေ့လာသင်ယူရေး၊ ကိုယ်ချင်းစာတရားထားကာ ယဉ်ကျေးပျူငှာစွာ ဆက်ဆံဆောင်ရွက်ကြရေး၊ အထက်အောက် အပြန်အလှန်လေးစားကာ အချင်းချင်းစည်းလုံး ညီညွတ်စွာဖြင့် ပေးအပ်သည့်တာဝန်များ ကျေပွန်စွာထမ်းဆောင်နိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းမှာကြားပြီး ဝန်ထမ်းများအား နှုတ်ဆက်အား ပေးခဲ့ကြောင်း သတင်းရရှိသည်။ (-)

 

Sorry, the comment form is closed at this time.