ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ နေပြည်တော်၌ ဖွင့်လှစ်သည့် နိုင်ငံခြားသားမှတ်ပုံတင်ခြင်း နှင့် အခွန်ဆောင်ပျက်ကွက်ဖော်ထုတ်ခြင်း နည်းပြသင်တန်းမှ သင်တန်းသားများအားတွေ့ဆုံ၊ နိုင်ငံခြားသား ထိန်းသိမ်းရေးလုပ်ငန်းများအား စနစ်တကျ ဆောင်ရွက်ကြရန်မှာကြား။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ နေပြည်တော်၌ ဖွင့်လှစ်သည့် နိုင်ငံခြားသားမှတ်ပုံတင်ခြင်း နှင့် အခွန်ဆောင်ပျက်ကွက်ဖော်ထုတ်ခြင်းနည်းပြသင်တန်းမှ

သင်တန်းသားများအားတွေ့ဆုံ၊ နိုင်ငံခြားသားထိန်းသိမ်းရေးလုပ်ငန်းများအား စနစ်တကျဆောင်ရွက်ကြရန်မှာကြား။

နေပြည်တော်၊ ဇူလိုင် ၃၁ ။

          လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင် နှင့် ဒေါက်တာမျိုးသန့်၊ ဦးစီးဌာနများမှ တာဝန်ရှိသူ များနှင့်အတူ ဇူလိုင်လ (၃၁)ရက် ယနေ့နံနက် (၉)နာရီက နေပြည်တော်ရှိ  လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား သင်တန်းကျောင်းသို့ သွားရောက်၍ အဆိုပါ သင်တန်းကျောင်းတွင် ဖွင့်လှစ် လျက်ရှိသည့် နိုင်ငံခြားသားမှတ်ပုံတင်ခြင်းနှင့် အခွန်ဆောင်ပျက်ကွက်ဖော်ထုတ်ခြင်း နည်းပြ သင်တန်း၌ တတ်ရောက်လျက်ရှိသည့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ကိုယ်စားလှယ် သင်တန်းသား အရာရှိများအား တွေ့ဆုံသည်။

          ထိုသို့တွေ့ဆုံရာတွင် ရှေးဦးစွာ သင်တန်းတာဝန်ခံ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစောနိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ သင်တန်း၌ ပို့ချခဲ့ သည့် ဘာသာရပ်များနှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင်  နိုင်ငံခြားသားမှတ်ပုံတင်ခြင်း ဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ် များကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက လုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ဆောင်ရွက်သင့်သည့်အချက်များကို ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် သင်တန်းသားကိုယ်စားလှယ်များက နိုင်ငံခြားသား မှတ်ပုံတင်ခြင်းလုပ်ငန်း နှင့် ပတ်သက်၍ ဘာသာရပ်ဆိုင်ရာသင်ခန်းစာများအပေါ် လက်တွေ့နယ်ပယ်နှင့် ဆက်စပ် ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး သင်တန်းသားများအား နိုင်ငံအတွင်း ဉပဒေအရ အမြဲနေနိုင်ငံခြားသားအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်သွားလာသည့် နိုင်ငံခြား သားများအား သွားလာနိုင်နေထိုင်လုပ်ကိုင်ဆောင်ရွက်မှုများ ဉပဒေနှင့်အညီ စနစ်တကျဖြစ်စေ ရေးအတွက် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် အဆင့်မြင့်တင်ခြင်းလုပ်ငန်းကို မိမိတို့ ဌာနမှ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာ အမျိုးသားအကျိုးစီးပွားတို့နှင့် ဆက်စပ်လျက်ရှိပါကြောင်း၊ နိုင်ငံခြားသားထိန်းသိမ်းရေးလုပ်ငန်းနှင့် ပတ်သက်၍ ကိုယ်ရေးအထောက်အထား စာရွက်စာတမ်းများအား  ပြည့်စုံမှန်ကန်စွာ  ဖြည့်သွင်းရေးသည် အရေးကြီးသည့်လုပ်ငန်း တစ်ခု

ဖြစ်ပြီး ရုံးအချင်းချင်း ကြပ်မတ်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ပြည်တွင်း၌ အမြဲနေ နိုင်ငံခြားသား မှတ်ပုံတင်ရေးနှင့် နှစ်စဉ်သက်မှတ် အခွန်ဆောင်နိုင်ရေးအတွက် စနစ်တကျ ဆောင်ရွက်ကြရန် လိုကြောင်း၊ ယင်းအချက်အလက်များအား မိမိတို့ဌာနမှ ဆောင်ရွက်နေသည့် e-IDစနစ်လုပ်ငန်း နှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ရာ မှတ်တမ်းမှတ်ရာများ ပြည့်စုံမှန်ကန်ရေးအတွက် အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ ယခင်ရှိပြီးသား ပြည်တွင်းနေ နိုင်ငံခြားသားမှတ်ပုံ တင်ခြင်းလုပ်ငန်းအား ပိုမိုတိကျမှန်ကန်စေရေးအတွက် အောက်ခြေမြေပြင်ကွင်းဆင်းကာ လုပ်ထုံးလုပ်နည်းများအတိုင်း ကောက်ယူဖြည့်သွင်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနသည် ယခုအခါ နောင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူ အားလုံး ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင် မဲပေးနိုင်ရေးနှင့် ပတ်သက်ပြီး ဆောင်ရွက် နေသကဲ့သို့ မဲစာရင်းမှန်ကန်ရေး တို့အတွက်လည်း ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များသည် နိုင်ငံတော်အတွက် အရေးကြီးလုပ်ငန်းများ ဖြစ်သကဲ့သို့ နိုင်ငံခြားသားထိန်းသိမ်းရေးနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းများနှင့် အခွန်ဆောင် ပျက်ကွက်ဖော်ထုတ်ခြင်းလုပ်ငန်းသည်လည်း မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခု ဖြစ်ပါကြောင်း၊ မိမိတို့ဌာန၏ လုပ်ငန်းများအား နည်းပညာများ အသုံးပြု၍ ဒီဂျစ်တယ်စနစ်ဖြင့် ဆောင်ရွက်ကာ e-IDစနစ် လုပ်ငန်း အကောင်အထည်ဖော် ကြိုးပမ်းလျက်ရှိရာ အားလုံးက တက်ညီလက်ညီ ဆောင်ရွက် ကြရန်လိုကြောင်း၊ နိုင်ငံနှင့် ပြည်သူ အတွက် ထိရောက်သော ဝန်ဆောင်မှုများပေးနိုင်ရန် မိမိတို့၏ လုပ်ငန်းများကို တာဝန်ရှိသူ အားလုံးက နားလည်သဘောပေါက်ပြီး အောက်ခြေဝန်ထမ်းများအား မှန်ကန်သော ဦးဆောင်မှုပေးကာ ကွပ်ကဲကြပ်မတ်ကြရန် လိုကြောင်းဖြင့် အကျယ်တဝံ့ရှင်းလင်းမှာကြားကာ သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

          အဆိုပါနိုင်ငံခြားသားမှတ်ပုံတင်ခြင်းနည်းပြသင်တန်းကို တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှ ကိုယ်စားလှယ်သင်တန်းသား(၂၇)ဦး တက်ရောက်ကြပြီး သင်တန်းအား  ဇူလိုင်လ (၂၉)ရက်မှ (၃)ရက်ကြာဖွင့်လှစ်ခဲ့ကြောင်းနှင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆင့်ပွား သင်တန်းများ ဆက်လက်ဖွင့်လှစ် သွားရန်ဖြစ်ကြောင်း သတင်းရရှိသည်။(-)

Sorry, the comment form is closed at this time.