ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Hai Kyung Jun နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၊ အပြုသဘောဆောင်သည့် ပံ့ပိုးကူညီမှုများဖြင့် ညှိနှိုင်းဆောင်ရွက်နိုင်ရေးဆွေးနွေး။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Hai Kyung Jun နှင့်

အဖွဲ့အားလက်ခံတွေ့ဆုံ၊ အပြုသဘောဆောင်သည့် ပံ့ပိုးကူညီမှုများဖြင့် ညှိနှိုင်းဆောင်ရွက်နိုင်ရေးဆွေးနွေး။

နေပြည်တော်၊ ဩဂုတ် ၁၂ ။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Hai Kyung Jun နှင့်အဖွဲ့အား ဩဂုတ်လ (၁၂) ရက်၊ ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။

          ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုး နှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့အကြား နားလည်မှုစာချွန်လွှာ (MoU) အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ နားလည်မှုစာချွန်လွှာအရ ဘူးသီးတောင်၊ မောင်တောဒေသအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်ရေးအတွက် ခရီးသွားလာခွင့်နှင့် လုပ်ငန်းဆောင်ရွက်ခွင့် ခွင့်ပြုပေးမှုအခြေအနေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံနိုင်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်နေမှုအခြေအနေ၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အရ နေရပ်စွန့်ခွာသွားသူများ၏ အချက်အလက်များပေးပို့လာမှုအပေါ် မိမိဝန်ကြီးဌာနမှ စိစစ်တွေ့ရှိမှု များနှင့် အကြောင်းပြန်ကြားပြီးစီးမှုအခြေအနေ၊ မိမိနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာမည့်သူများ အတွက် ပြန်လည်လက်ခံရေးစခန်းများ ဖွင့်လှစ်ထားရှိမှုနှင့် ပြန်လည်နေရာချထားပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ယင်းလုပ်ငန်းစဉ်များအပေါ် UNHCR အနေဖြင့် အပြု သဘောဆောင်သည့် ပံ့ပိုးကူညီမှုများပေးနိုင်ရေးနှင့် မြန်မာနိုင်ငံ၏ လက်ရှိဆောင်ရွက်မှု များအပေါ် နိုင်ငံတကာအဖွဲ့အစည်းများမှ သိရှိနားလည်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် ပေးနိုင်ရေးအခြေအနေတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိသည်။(-)

 

Sorry, the comment form is closed at this time.