ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် ခရိုင်အဆင့် အားဖြည့် တာဝန်ပေးအပ်မည့် ဝန်ကြီးဌာနမှ အရာထမ်းများနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ရွေးချယ်၍ ဝန်ကြီးဌာနသို့ ခန့်အပ်တာဝန်ပေးသည့် ဦးစီးအရာရှိများအားတွေ့ဆုံမှာကြား။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် ခရိုင်အဆင့် အားဖြည့်တာဝန်ပေးအပ်မည့် ဝန်ကြီးဌာနမှ အရာထမ်းများနှင့်

ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ရွေးချယ်၍ ဝန်ကြီးဌာနသို့ ခန့်အပ်တာဝန်ပေးသည့် ဦးစီးအရာရှိများအားတွေ့ဆုံမှာကြား။

နေပြည်တော်၊ ဩဂုတ် ၁၈။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် ခရိုင်အဆင့် အားဖြည့်တာဝန်ပေးအပ်မည့် ဝန်ကြီးဌာနမှ အရာထမ်းများနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ရွေးချယ်၍ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်တွင် သင်တန်းတက်ရောက်ပြီး ဝန်ကြီးဌာနသို့ ခန့်အပ်တာဝန်ပေးသည့် ဦးစီးအရာရှိများအား ဩဂုတ် လ (၁၇) ရက် ၊ မွန်းလွဲ (၁) နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

          ထိုသို့တွေ့ဆုံရာတွင် ရှေးဦးစွာ အရာထမ်းများနှင့် ဦးစီးအရာရှိများက တစ်ဦးချင်း မိတ်ဆက်ကြပြီး ဦးစီးဌာနအသီးသီးမှ တာဝန်ရှိသူများက ဦးစီးဌာနအလိုက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားကြပြီးနောက် ဒုတိယဝန်ကြီး ဦးဌေးလှိုင် နှင့် ဒေါက်တာမျိုးသန့်တို့က ဖြည့်စွက်ရှင်းလင်းပြောကြားကြသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ခရိုင်အဆင့် အားဖြည့် တာဝန်ပေးအပ်မည့် အရာထမ်းများသည် ဌာန၏ လုပ်ငန်းတာဝန်များကို သိရှိနားလည်ကြပြီး ဖြစ်သော်လည်း မိမိတို့ဝန်ကြီးဌာနသို့ ယခုမှတာဝန်ထမ်းဆောင်ကြမည့် ဦးစီးအရာရှိအသစ်များ အနေဖြင့် ဌာန၏ရည်မှန်းတာဝန်များ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို စနစ်တကျလေ့လာ မှတ်သားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ၎င်းတို့အနေဖြင့် ကောင်းသောလာခြင်းဖြင့် မိမိတို့ ဌာနသို့ ရောက်ရှိတာဝန် ထမ်းဆောင်ရာတွင် ကိုယ်ရွေးချယ်ရာလမ်းကြောင်းအား မဆုတ်မနစ် သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် လျှောက်လမ်းရင်း အောင်မြင်မှုများရရှိအောင် ကြိုးပမ်းကြရန်လို ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ဌာန၏ရည်မှန်းချက်တာဝန်များကို သမားရိုးကျဆောင်ရွက် နေရာမှ ယခုအခါ ၎င်းလုပ်ငန်းတာဝန်များအပြင် နိုင်ငံခြားသားထိန်းသိမ်းရေးဆိုင်ရာ စီမံခန့်ခွဲမှု စနစ်နှင့် နယ်စပ်ဒေသထိန်းသိမ်းရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်များ အဆင့်မြှင့်တင်ခြင်း၊ နိုင်ငံသား စိစစ်ရာတွင် အထောက်အကူပြုနိုင်မည့် ကိုယ်ရေးအချက်အလက် (ပုံစံ-၁) များအား ဒီဂျစ်တယ် စနစ်သို့ ကူးပြောင်းနိုင်မည့် အမျိုးသားမှတ်တမ်းထိန်းသိမ်းရေးစနစ်‌ဆောင်ရွက်ခြင်း၊ ၂၀၂၄ ခုနှစ် လူဦးရေသန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကို ကြိုးပမ်းဖော်ဆောင်လျက်ရှိပါကြောင်း၊ ထို့ပြင် နိုင်ငံတော်၏အနာဂတ်အတွက် အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်သော မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားအားလုံး နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေး နိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းနှင့်တစ်ဆက်တည်း မဲစာရင်းမှန်ကန်ရေးအတွက် အထောက်အကူဖြစ်စေမည့် မြို့နယ်ရုံးများရှိ နိုင်ငံသားကတ်ပြား ထုတ်ပေးခြင်းမှတ်ပုံတင်စာအုပ် (နိုင်-၄) မှတ်တမ်းများနှင့် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) ပါ အချက်အလက်များကို ကွန်ပျူတာများဖြင့်ဖြည့်သွင်း၍ Online မှတစ်ဆင့် နေပြည်တော်ရုံးချုပ် Server သို့ ပေးပို့ ဆောင်ရွက်သည့်လုပ်ငန်းကိုလည်း နိုင်ငံတော်စီမံချက် အဖြစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းအချက်အလက်များသည် မဲစာရင်းမှန်ကန်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်သော်လည်း မိမိတို့ဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် e-ID စနစ်လုပ်ငန်းအတွက် ဆက်လက် အသုံးပြုဆောင်ရွက်သွားရမည့် အချက်အလက်များဖြစ်ပါကြောင်း၊ ဌာန၏လုပ်ငန်းများသည် နိုင်ငံနှင့်ပြည်သူအတွက် အရေးကြီးပြီး မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည်နှင့် အညီ အသိတူမှ အလုပ်တူမည်ဖြစ်သည့်အတွက် ဝန်ထမ်းအားလုံး သိရှိနားလည်ထားကြရန်နှင့် မဖြစ်မနေကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင်လည်း လက်ရှိ အခြေအနေအရ လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိကြရန်နှင့် အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ရိုင်းပင်းဆောင်ရွက်ကြရန်လိုကြောင်း၊ အရာထမ်းများပီပီ မြန်မာ့အရေးအပြင် ကမ္ဘာပေါ်တွင် ဖြစ်ပျက်နေသည့် အရေးကိစ္စများပါ လေ့လာသုံးသပ်၍ စဉ်းစားတွေးခေါ် ဆောင်ရွက်ကြရန်၊ ဘာသာစကားနှင့် နည်းပညာတတ်ကျွမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်၊ နိုင်ငံနှင့်ဌာန အပေါ် သစ္စာစောင့်သိရန်နှင့် ပြည်သူအပေါ် ယဉ်ကျေးပျူငှာစွာ ဆက်ဆံဆောင်ရွက်ကြရန်၊ လာဘ်ပေးလာဘ်ယူကင်းရှင်းပြီး ပြည်သူက အားကိုးအားထားပြုသည့် ဝန်ထမ်းများဖြစ်စေရေး အစဉ်ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းမှာကြားခဲ့ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.