ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီဌာနေညှိနှိုင်းရေးမှူး နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာယာယီညှိနှိုင်းရေးမှူး Mr.Ramanathan Balakrishnan နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၊ လုပ်ငန်းဆိုင်ရာများ လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီဌာနေညှိနှိုင်းရေးမှူး နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာယာယီညှိနှိုင်းရေးမှူး Mr.Ramanathan Balakrishnan နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၊ လုပ်ငန်းဆိုင်ရာများ လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး

နေပြည်တော်၊ ဒီဇင်ဘာ ၁၁။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Ramanathan Balakrishnan နှင့်အဖွဲ့အား ဒီဇင်ဘာလ(၁၁)ရက်၊ ယနေ့နံနက်(၁၀)နာရီအချိန်တွင် နေပြည်တော်ရှိအဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

IMG_1142 IMG_1149

ထိုသို့တွေ့ဆုံရာသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီးများဖြစ်ကြ သည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးအနေဖြင့် သော်လည်းကောင်း၊ UNFPA ဌာနေကိုယ်စားလှယ်အနေဖြင့်သော်လည်းကောင်း လုပ်ငန်းများ လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့မှုအခြေအနေ၊ ဝန်ကြီးဌာနနှင့် UNFPA တို့အကြား ယခင်ကတည်းက လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ခဲ့မှုနှင့် ယခင်တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများအပေါ် အကောင်အထည်ဖော်ဆောင်ရွက် ပေးနိုင်ရေးအခြေအနေ၊ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးတာဝန် ပြီးဆုံးသော်လည်း UNFPA ဌာနေကိုယ်စားလှယ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ချိန်တွင် ဝန်ကြီးဌာန၏ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများတွင် တတ်နိုင်သမျှ ပံ့ပိုးကူညီဆောင်ရွက်ပေးမည့် အစီအစဉ်၊ ထိုင်းနိုင်ငံအခြေစိုက် UNFPA အာရှ-ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူး မကြာမီ ကာလအတွင်း မြန်မာနိုင်ငံသို့လာရောက်ရန်စီစဉ်နေမှုနှင့် ဝန်ကြီးဌာနအနေဖြင့် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများအပေါ် ဆွေးနွေးညှိနှိုင်းဆောင်ရွက်နိုင်ရေးအခြေအနေ၊ ဝန်ကြီးဌာန နှင့် UNFPA တို့အကြား သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများတွင် ဆက်လက် လက်တွဲ ပူးပေါင်းဆောင်ရွက်နိုင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ (-)

 

Sorry, the comment form is closed at this time.