ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပုပ္ဗသီရိမြို့နယ်၊ အောင်သာယာရပ်ကွက်ရှိ အထည်ချုပ်စက်ရုံ လုပ်သားများနှင့် ဒေသခံပြည်သူများအား ကိုယ်ရေးအချက်အလက်များကောက်ယူ၍ e-ID စနစ် လုပ်ငန်းဆောင်ရွက်နေမှုကြည့်ရှုအားပေး၊ ယာယီစစ်ဘေးရှောင်ရောက်ရှိနေသည့် ဝန်ထမ်းများအား တွေ့ဆုံ၍ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေး

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပုပ္ဗသီရိမြို့နယ်၊ အောင်သာယာရပ်ကွက်ရှိ အထည်ချုပ်စက်ရုံ လုပ်သားများနှင့် ဒေသခံပြည်သူများအား

ကိုယ်ရေးအချက်အလက်များကောက်ယူ၍e-ID စနစ် လုပ်ငန်းဆောင်ရွက်နေမှုကြည့်ရှုအားပေး၊

ယာယီစစ်ဘေးရှောင်ရောက်ရှိနေသည့် ဝန်ထမ်းများအား တွေ့ဆုံ၍ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေး။

နေပြည်တော်၊ ဒီဇင်ဘာ ၁၅  ။

      လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ(၁၅)ရက်၊ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ(နေပြည်တော်) ပုပ္ဗသီရိမြို့နယ်၊ အောင်သာယာရပ်ကွက်ရှိ မိုးသီရိအထည်ချုပ် နှင့် ဖြန့်ချိရေးလုပ်ငန်းသို့သွားရောက်၍ အဆိုပါလုပ်ငန်း၊ ကုမုဒြာဆောင်၌ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုပ္ဗသီရိမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အထည်ချုပ် လုပ်ငန်းဝန်းအတွင်းရှိ မိသားစုဝင်များနှင့် အနီးပတ်ဝန်းကျင်ရပ်ကွက်အတွင်း နေထိုင်ကြသည့် ပြည်သူများအနက် နိုင်ငံသားကတ်ပြားမရရှိသေးသည့် ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းကို ဆောင်ရွက်ပေး၍ e-ID စနစ်အတွက် ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) များ ကောက်ယူ ခြင်းလုပ်ငန်းအား တစ်ပါတည်းဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်းကောင်း၊ နိုင်ငံသားကတ်ရှိပြီးသူ စက်ရုံလုပ်သားများနှင့် ပြည်သူများအား ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) များကောက်ယူကာ e-ID စနစ်အတွက် ဂဏန်း(၁၀)လုံးပါ Unique ID နံပါတ် ထုတ်ပေးဆောင်ရွက်နေမှု အခြေအနေကို လည်းကောင်း လှည့်လည်ကြည့်ရှုကြသည်။

IMG_1617 IMG_1646

          ထို့နောက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက မြို့နယ်အတွင်း မည်သည့်နေရာဒေသ တွင် နေထိုင်စေကာမူ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိုင်ဆောင် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ရေးနှင့် ရွှေ့ပြောင်းနေထိုင်သူများအတွက် အိမ်ထောင်စုလူဦးရေစာရင်း ရှိ/ မရှိ မေးမြန်းစိစစ်ကာ မရှိသေး သူများအတွက် မြို့နယ်အဆင့်ဖွဲ့စည်းထားသည့် (၅) ဦးကော်မတီဖြင့် စိစစ်ဆောင်ရွက်ပေးနိုင် ရေးမှာကြားကာ လုပ်ငန်းလိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဒေသခံပြည်သူများအား လုပ်ငန်းဆောင်ရွက်ပေးမှုအခြေအနေများအပေါ် တွေ့ကြုံရသည့်အခက်အခဲများကို မေးမြန်းဆွေးနွေးပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။

  ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒက္ခိဏသိရီမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားသင်တန်းကျောင်းသို့ သွားရောက်၍ သင်တန်းကျောင်းခန်းမ၌အကြမ်းဖက်ဖြစ်စဉ်များ မဖြစ်ပွားမီ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ဒေသအသီးသီးသို့ သွားရောက် တာဝန်ထမ်းဆောင်ရန် ပြောင်းရွှေ့မိန့်ထုတ်ပြန်ထားသည့် ဝန်ထမ်းများနှင့် အကြမ်းဖက်ဖြစ်စဉ် များဖြစ်ပွားနေသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း‌) ဒေသအသီးသီးရှိ ခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးများမှ နေပြည်တော်သို့ ယာယီစစ်ဘေးရှောင် ရောက်ရှိလာသည့် ဝန်ထမ်းများအား တွေ့ဆုံသည်။

IMG_8323 IMG_8341

       ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးအား ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းကျောင်း သို့ ယာယီစစ်ဘေးရှောင်ရောက်ရှိနေသည့် ဝန်ထမ်းများအခြေအနေနှင့် ၎င်းတို့အား နေထိုင် စားသောက်ရေးစီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ရည်မှန်းချက်တာဝန်များကို သတ်မှတ်ကာလများအတွင်း အချိန်မီပြီးမြောက်အောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေ မှုအခြေအနေ၊ သင်တန်းကျောင်းသို့ ရောက်ရှိနေထိုင်ကြသည့် ယာယီစစ်ဘေးရှောင် ဝန်ထမ်းများ အနေဖြင့် ဝန်ထမ်းကျင့်ဝတ်နှင့်အညီ နေထိုင်လုပ်ကိုင်ဆောင်ရွက်ရေး၊ အုပ်ချုပ်မှုလျော့နည်း ဖြစ်စဉ်များ မဖြစ်ပေါ်စေရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်က ထိန်းသိမ်းကြပ်မတ်ဆောင်ရွက် ရေး၊ ၎င်းတို့၏ နေထိုင်စားသောက်ရေး၊ သက်သာချောင်ချိရေးနှင့် ဝန်ထမ်းလစာများ အချိန်မီ ထုတ်ပေးနိုင်ရေးအတွက် အလေးထားဆောင်ရွက်ပေးရေး၊ အချို့သော ဝန်ထမ်းများအား သင့်တော်သည့်ရုံးများသို့ ပြန်လည်နေရာချတာဝန်ပေးအပ်နိုင်ရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိသည် နှင့်အညီ သက်ဆိုင်ရာရုံးများသို့ ပြန်လည်စေလွှတ် တာဝန်ထမ်းဆောင်နိုင်ရေးအခြေအနေတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းမှာကြားကာ ဝန်ထမ်းများ၏တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးပြီး ဝန်ထမ်းများအတွက် ဆန်အိတ်များနှင့် စားသုံးဆီတို့ကို ထောက်ပံ့ပေးအပ် သည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါ ဝန်ထမ်းများအား နေရာချထားသည့် အိပ်ဆောင်များအခြေအနေ ၊ ရေ/ မီး ရရှိမှုနှင့် စားရိပ်သာအခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများအား ဝန်ထမ်းများအတွက် လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက် ပေးရေး၊ အိပ်ဆောင်နှင့် စားရိပ်သာများ သန့်ရှင်းသပ်ရပ်ရေးနှင့် သင်တန်းကျောင်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် ဝန်ထမ်းများစုပေါင်းဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ရန် မှာကြားကာ လုပ်ငန်းလိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။(-)

Sorry, the comment form is closed at this time.