ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့အခြေစိုက် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာရုံး၏ ညွှန်ကြားရေးမှူး Mr. Pio Smith နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ၊ ဝန်ကြီးဌာနနှင့် UNFPA တို့အကြား လုပ်ငန်းများပူးပေါင်းဆောင်ရွက် နိုင်ရေးဆွေးနွေး

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့အခြေစိုက် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာရုံး၏

ညွှန်ကြားရေးမှူး Mr. Pio Smith နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ၊ ဝန်ကြီးဌာနနှင့် UNFPA တို့အကြား လုပ်ငန်းများပူးပေါင်းဆောင်ရွက် နိုင်ရေးဆွေးနွေး

နေပြည်တော်၊ ဒီဇင်ဘာ ၁၉ ။

        လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့အခြေစိုက် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာရုံး၏ ညွှန်ကြားရေးမှူး Mr. Pio Smith နှင့်အဖွဲ့အား ဒီဇင်ဘာလ(၁၉) ရက်၊ ယနေ့မွန်းလွဲ(၂)နာရီအချိန်တွင် နေပြည်တော်ရှိအဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

IMG_8383

        ထိုသို့တွေ့ဆုံရာသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီးများဖြစ်ကြ သည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦး၊ ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ယဉ်ဉီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဝန်ကြီးဌာနနှင့် UNFPA တို့အကြား နှစ်ကာလရှည်ကြာစွာ လက်တွဲပူးပေါင်း ဆောင်ရွက်ခဲ့မှုနှင့် UNFPA ၏ မျိုးဆက်ပွားကျန်းမာရေး၊ လူငယ်လူရွယ်ကဏ္ဍ၊ HIV နှင့် AIDS ၊ ကျား/မ တန်းတူညီမျှမှုနှင့် ကျား/ မ အခြေပြုအကြမ်းဖက်မှုလုပ်ငန်းများကို ကူညီဆောင်ရွက်ရာ တွင် လူဦးရေဆိုင်ရာ ကိန်းဂဏန်းများမှန်ကန်ရန် လိုအပ်သဖြင့် ဝန်ကြီးဌာနနှင့်ပူးပေါင်း၍ လူဦးရေဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မည့်အခြေအနေ၊ မြန်မာနိုင်ငံ၏ လူဦးရေနှင့် မိသားစုစီမံကိန်းအတွက် လိုအပ်ချက်များကို တုံ့ပြန်ဖြေရှင်းနိုင်ရေးအတွက် အသိပညာနှင့် စွမ်းဆောင်ရည်ကို တည်ဆောက်ရေး၊ ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံ၏ လူဦးရေပြဿနာများနှင့် အဆိုပါ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် ဖြစ်နိုင်သည့် နည်းဗျူဟာများနှင့်ပတ်သက် သည့် အသိပညာမြှင့်တင်ရေး၊ မြန်မာနိုင်ငံ၏ လူဦးရေပြဿနာများကို ဖြေရှင်းရာတွင် လိုအပ်ချက် များနှင့်ကိုက်ညီသည့် ပုံစံအမျိုးမျိုးဖြင့် ကူညီဆောင်ရွက်ပေးရေး၊ လူဦးရေဆိုင်ရာလုပ်ငန်း အစီအစဉ်များကို မြှင့်တင်ဆောင်ရွက်ပေးရေးအခြေအနေ၊ ဝန်ကြီးဌာနနှင့် UNFPA တို့အကြား လုပ်ငန်းများဆက်လက်ပူးပေါင်းနိုင်ရေးအတွက် ဆောင်ရွက်နိုင်မည့် နည်းလမ်းအခြေအနေများ နှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ (-)

 

Sorry, the comment form is closed at this time.