ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၇)မြို့နယ်မှ စည်ပင်သာယာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ကိုယ်ရေးအချက်အလက်များ ကောက်ယူ ၍ e-ID စနစ်လုပ်ငန်း ဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှုအားပေး

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၇)မြို့နယ်မှ စည်ပင်သာယာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား

ကိုယ်ရေးအချက်အလက်များ ကောက်ယူ ၍ e-ID စနစ်လုပ်ငန်း ဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော်၊ ဒီဇင်ဘာ ၂၆  ။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ (၂၆)ရက်၊ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမသို့ သွားရောက်၍ အဆိုပါခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနဝန်ထမ်းများက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မဟာအောင်မြေ၊ ချမ်းအေးသာစံ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အောင်မြေသာစံ၊ ပုသိမ်ကြီး၊ အမရပူရ စသည့် မြို့နယ်(၇) မြို့နယ်မှ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝန်ထမ်းများနှင့် ဒေသခံပြည်သူများ အား ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် နိုင်ငံသားကတ်ဆောင်ရွက်ပေးခြင်း၊ e-ID စနစ်ဖြင့် Biographic/Biometric ကောက်ယူခြင်းလုပ်ငန်း(One Stop Service) ဆောင်ရွက်ပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

IMG_8434 IMG_8445

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်း များဆောင်ရွက်ရာတွင် အချက်အလက်ကွဲလွဲနေမှုများရှိပါက စနစ်တကျစိစစ်၍ မှန်ကန်မြန်ဆန် စွာ ဆောင်ရွက်ပေးနိုင်ရေးနှင့်ပြည်သူကို ထိရောက်သောဝန်ဆောင်မှုများပေးနိုင်ရန် စီစဉ်ဆောင် ရွက်ကြရေးမှာကြားကာ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား လုပ်ငန်းဆောင် ရွက်မှုများနှင့်ပတ်သက်၍ တွေ့ကြုံရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေးကာ Unique ID နံပါတ်ရရှိပြီးသူများအနေဖြင့် အခြားသောဝန်ဆောင်မှုများနှင့် ချိတ်ဆက်ဆောင် ရွက်နိုင်သည့် အခြေအနေများကို ရှင်းလင်းပြေားကြားပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။

IMG-8425 IMG-8477

          အဆိုပါအခမ်းအနားတွင် စည်ပင်သာယာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအနက် နိုင်ငံသားကတ်ပြားမရှိသေးသူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးပြီးနောက် e-ID စနစ်အတွက် ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric) များ ကောက်ယူခြင်းလုပ်ငန်းအား တစ်ပါတည်းဆောင်ရွက်ပေးပြီး နိုင်ငံသားကတ် ရှိပြီးသူများအား ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric) များ ကောက်ယူကာ e-ID စနစ်အတွက် ဂဏန်း(၁၀)လုံးပါ Unique ID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်းကို တစ်နေရာတည်းတွင် တစ်ပါတည်းဆောင်ရွက်ပေးခြင်းဖြစ်ရာ နိုင်ငံသား ကတ်မရှိသေးသူ (၂၃၄)ဦးအား နိုင်ငံသားကတ်ထုတ်ပေးခဲ့ပြီး နိုင်ငံသားကတ်ရှိပြီးသူ (၈၀)ဦး နှင့်အတူ စုစုပေါင်း(၃၁၄)ဦးအား e-ID စနစ်ဆောင်ရွက်ပေးပြီး Unique ID နံပါတ်များ အသီးသီးထုတ်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.