ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မုံရွာမြို့ရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများအား ကိုယ်ရေးအချက်အလက်များကောက်ယူ၍ e-ID စနစ် လုပ်ငန်းဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှုအားပေး

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မုံရွာမြို့ရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊  ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများအား

ကိုယ်ရေးအချက်အလက်များကောက်ယူ၍ e-ID စနစ် လုပ်ငန်းဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော်၊ ဒီဇင်ဘာ ၂၈ ။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ (၂၇)ရက်၊ နံနက်ပိုင်းက မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ အဆိုပါကျောင်းခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မုံရွာမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မုံရွာမြို့ရှိ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်းများနှင့် လေ့ကျင့်ရေးအလယ်တန်းကျောင်းတို့မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊  ဒေသခံပြည်သူများအား ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် နိုင်ငံသားကတ်ပြား ဆောင်ရွက်ပေးခြင်း၊ e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူခြင်း လုပ်ငန်း( One Stop Service) ဆောင်ရွက်ပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

DSC_4045 DSC_4086

            ထို့နောက် ပြည်‌ထောင်စုဝန်ကြီးက လုပ်ငန်းများ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်ရေး နှင့် လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ စစ်ဆေးဆောင်ရွက်ရေး၊ လူတစ်ဦးချင်းစီ၏ ကိုယ်ရေး အချက်အလက်များ ဖြစ်သည်နှင့်အညီ တိကျမှန်ကန်စွာ ဖြည့်တင်းဆောင်ရွက်ရေး တာဝန်ရှိသူ များအား မှာကြားကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

      ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ဆရာ၊ ဆရာမ များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား လုပ်ငန်းဆိုင်ရာအခက်အခဲများကို မေးမြန်းဆွေးနွေးကာ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။

DSC_4100 (1) IMG_8663

     အဆိုပါအခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအနက် နိုင်ငံသားကတ်ပြား မရှိသေးသူများ၊ ပျောက်ဆုံး၍ ပြန်လည်လျှောက်ထားသူများအား ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးပြီးနောက် e-ID စနစ်အတွက် ကိုယ်ရေး အချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric) များ ကောက်ယူခြင်း လုပ်ငန်းကို တပါတည်းဆောင်ရွက်ပေးပြီး နိုင်ငံသားကတ်ရှိပြီးသူများအား ကိုယ်ရေးအချက် အလက် (Biographic)နှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric) များ ကောက်ယူ၍ e-ID စနစ် အတွက် ဂဏန်း(၁၀)လုံးပါ Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို တစ်နေရာတည်းတွင် တပါတည်း ဆောင်ရွက်ပေးခြင်းဖြစ်ရာ နိုင်ငံသားကတ်မရှိသူ (၂၁၅)ဦးအား နိုင်ငံသားကတ် ထုတ် ပေးခဲ့ပြီး နိုင်ငံသားကတ်ရှိပြီးသူ (၆၃)ဦးနှင့်အတူ စုစုပေါင်း (၂၇၈)ဦးအား e-ID စနစ် ဆောင်ရွက် ပေးပြီး Unique ID နံပါတ်များ အသီးသီးထုတ်ပေးနိုင်ခဲ့သည်။

IMG_8694

          ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မုံရွာမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ သွားရောက်၍ ရုံးအဆောက်အဉီများ အခြေအနေ၊ ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မြေပြင် ကွင်းဆင်းကောက်ယူခဲ့သည့် စာရင်း အချက်အလက်များအား ရုံးချုပ်ရှိ e-ID Sever မှ အချက် အလက်များနှင့် တိုက်ဆိုင်စိစစ် ပြင်ဆင်ဖြည့်စွက် အတည်ပြုဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

     ထို့နောက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ပက်သတ်၍ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ စနစ်တကျ မှန်ကန်မြန်ဆန်စွာ တိုက်ဆိုင်စိစစ်ဖြည့်သွင်းရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေး ကြိုးပမ်းဆောင်ရွက် ကြရန် မှာကြားပြီး တင်ပြချက်များအပေါ်  လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.