ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်း ကောက်ယူရေးလုပ်ငန်းအတွက် ဗဟိုသန်းခေါင်စာရင်းကော်မရှင် တတိယအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတက်ရောက်၊ တွေ့ကြုံနိုင်သည့်အခက်အခဲများအပေါ် ဝိုင်းဝန်းအဖြေရှာ ဖြေရှင်းဆောင်ရွက်နိုင်ရေး သုံးသပ်ဆွေးနွေးပေးကြရန်တိုက်တွန်း

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်း ကောက်ယူရေးလုပ်ငန်းအတွက်

ဗဟိုသန်းခေါင်စာရင်းကော်မရှင် တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ တွေ့ကြုံနိုင်သည့်အခက်အခဲများအပေါ်   

ဝိုင်းဝန်းအဖြေရှာဖြေရှင်းဆောင်ရွက်နိုင်ရေး သုံးသပ်ဆွေးနွေးပေးကြရန်တိုက်တွန်း

နေပြည်တော်၊ ဒီဇင်ဘာလ ၂၉ ။

          ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်း အတွက် ဗဟိုသန်းခေါင်စာရင်းကော်မရှင် တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ (၂၉)ရက်၊ ယနေ့နံနက်(၉)နာရီခွဲက နေပြည်တော်ရှိ  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ဗဟိုသန်းခေါင် စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနအသီးသီးမှ ဒုတိယဝန်ကြီး များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများနှင့် တာဝန်ရှိသူများတက်ရောက် ကြပြီး တိုင်းဒေသကြီး/ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများဖြစ်ကြ သည့် တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များက သက်ဆိုင်ရာဒေသများမှ ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် တက်ရောက်ကြသည်။

1

          အစီအစဉ်အရ ရှေးဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင်  ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ပထမအကြိမ် နှင့် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ဗဟိုသန်းခေါင်စာရင်းကော်မရှင် နာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်ကိုယ်တိုင် ဦးဆောင် တက်ရောက်ကျင်းပခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းအစည်းအဝေးများ၏ ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်ချက် များအရ သန်းခေါင်စာရင်းလုပ်ငန်းများကို သတ်မှတ်အချိန်ဇယားတိုင်း အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများတိုးတက်မှုရှိသည်ကို တွေ့ရှိရပါ ကြောင်း၊ သန်းခေါင်စာရင်းကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအပါအဝင် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းတာဝန် ပေးအပ်ထားပြီးဖြစ်သော်လည်း အချို့မြို့နယ်များ၌ ဖွဲ့စည်းရန်အနည်းငယ်ကျန်ရှိနေသည့် ရပ်ကွက်၊ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီများကိုလည်း ဆက်လက်ဖွဲ့စည်းဆောင်ရွက် ၍ ကော်မတီအဆင့်ဆင့်က အချင်းချင်းညှိနှိုင်းပေါင်းစပ်ကာ လုပ်ငန်းများလျာထားချက်အတိုင်း ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းမေးခွန်းပုံစံနှင့် ပတ်သက်၍ မေးခွန်း (၆၈) ခုပါဝင်သည့် အိမ်ထောင်စုမေးခွန်းပုံစံနှင့် မေးခွန်း (၁၈) ခုပါဝင်သည့် အဖွဲ့အစည်းမေးခွန်းပုံစံများကို စမ်းသပ်သန်းခေါင်စာရင်းကောက်ယူရာတွင် အသုံးပြုမေးမြန်း ကောက်ယူခဲ့ပြီးဖြစ်ပါကြောင်း၊ စမ်းသပ်သန်းခေါင်စာရင်းကို ရွေးချယ်သတ်မှတ်ထားသည့် မြို့နယ် (၂၀) မှ စာရင်းကောက်ကွက် (၁၀၀) ၌ Mobile Tablet များဖြင့် မိမိတို့ဌာန ဝန်ထမ်း များက သက်ဆိုင်ရာသန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဆင့်ဆင့်၏ ကြီးကြပ်မှုဖြင့်  ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်းက ကောက်ယူခဲ့ရာ ရာနှုန်းပြည့်အောင်မြင်စွာကောက်ယူနိုင်ခဲ့ ပါကြောင်း၊ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းမှရရှိသည့် အားနည်းချက်၊ အားသာချက် များအပေါ် ပြန်လည်သုံးသပ်၍ ပြည်လုံးကျွတ်သန်းခေါင်စာရင်းအတွက် အသင့်ဖြစ်စေရေး ပြင်ဆင်ဆောင်ရွက်ထားရှိခြင်းတို့အပြင် ကျန်ရှိနေသည့် သန်းခေါင်စာရင်းလုပ်ငန်းများကိုလည်း သတ်မှတ်အချိန်ဇယားအတိုင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ကြိုတင်စီစဉ် ဆောင်ရွက်ထားကြရ မည်ဖြစ်ပါကြောင်း၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ များအနေဖြင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်းဆောင်ရွက်မည့် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းအတွက် လိုအပ်သည့်အုပ်ချုပ်မှု ကိစ္စများ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ စာရင်းစစ် စာရင်းကောက်များ ရွေးချယ်ခန့်ထားနိုင်ရေး နှင့် သန်းခေါင်စာရင်းသင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ အသုံးပြုမည့် ပစ္စည်းကိရိယာများကို သက်ဆိုင်ရာဒေသသို့ အချိန်မီပေးပို့နိုင်ရေး၊  ပြည်သူလူထုအသိပညာပေးရေး စသည့်လုပ်ငန်းများ နှင့်ပတ်သက်၍ ကြိုတင်မျှော်တွေးစီစဉ်ဆောင်ရွက်ထားကြရန်လိုအပ်ပါကြောင်း၊ ထို့ပြင် ကောက်ယူရရှိသည့်အချက်အလက်များ စနစ်တကျသိမ်းဆည်းနိုင်ရေးအတွက် ဆိုက်ဘာလုံခြုံရေး အဖွဲ့ကိုလည်း ဖွဲ့စည်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်လုံးကျွတ်အဆင့်ကောက်ယူရာတွင် သတ်မှတ်ကောက်ကွက်အလိုက် လူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေဘဲ ကောက်ယူဆောင်ရွက် နိုင်မှသာ သန်းခေါင်စာရင်း၏ အရည်အသွေးကောင်းမွန်မည်ဖြစ်သကဲ့သို့ နိုင်ငံတော်အစိုးရ အပါအဝင် နိုင်ငံတကာနှင့်အဖွဲ့အစည်းများမှ အချက်အလက်အသုံးပြုသူများက ယုံကြည် အားထားရသည့် အချက်အလက်များဖြစ်မည်ဖြစ်ပါကြောင်း၊ သို့မှသာ နိုင်ငံတော်မူဝါဒများနှင့် လူမှုစီးပွားဆိုင်ရာစီမံကိန်းများ ရေးဆွဲနိုင်ရန်အတွက် နှစ်စဉ်ခန့်မှန်းလူဦးရေစာရင်းများကို မှန်ကန်စွာ တွက်ချက်ထုတ်ပြန်နိုင်မည်ဖြစ်သည့်အတွက် မထပ်မကျန် စာရင်းအမှန်ရရှိရေး ကြိုးပမ်းလုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း၊ ယခုပြည်လုံးကျွတ်သန်းခေါင်စာရင်းကို နိုင်ငံတကာ အကူအညီမပါရှိဘဲ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် မိမိတို့ပြည်တွင်းအင်အားဖြင့်သာ ဆောင်ရွက်နေခြင်းဖြစ်သည့်အပြင်  ရရှိလာမည့် သန်းခေါင်စာရင်းအချက်အလက်များအား မြေပြင်ကွင်းဆင်းကောက်ယူခဲ့သည့် လူဦးရေစာရင်းများနှင့်နှိုင်းယှဉ်တိုက်ဆိုင်ကာ ရွေးကောက်ပွဲ အတွက် မဲစာရင်းပြုစုရာတွင် အထောက်အကူဖြစ်စေရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ လက်ရှိ အခြေအနေအရ ဖြစ်ပေါ်နေသည့် စိန်ခေါ်မှုများ၊ တွေ့ကြုံနိုင်သည့်အခက်အခဲများကို ဝိုင်းဝန်း အဖြေရှာဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းသုံးသပ်ဆွေးနွေးပေးကြရန်နှင့် လုပ်ငန်းများ အောင်မြင်ရေးအတွက် တတ်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါ ကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

IMG_8807

          ထို့နောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်အတွင်းရေးမှူး (၁) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်က ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ အတွင်းရေးမှူး (၂) ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်က သန်းခေါင်စာရင်းအချက်အလက်များ လုံခြုံမှုရှိစေရေးအတွက် ဆောင်ရွက်သွားမည့်အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဗဟိုသန်းခေါင်စာရင်းကော်မရှင်အဖွဲ့ဝင်များ၊ ကိုယ်စားလှယ်များက သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအောင်မြင်ရေးအတွက် ဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို အသီးသီးရှင်းလင်းဆွေးနွေး တင်ပြကြသည်။

IMG_8813

          ယင်းနောက် တိုင်းဒေသကြီး/ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသည့် တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များက တိုင်းဒေသကြီး/ပြည်နယ်အလိုက် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စာရင်းစစ်စာရင်းကောက်များဖွဲ့စည်းမှု၊ သင်တန်းများဖွင့်လှစ်နိုင်ရေးနှင့် ပြည်သူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ အသီးသီး ရှင်းလင်းတင်ပြဆွေးနွေးကြသည်။

          ထို့နောက် ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးဖြည့်စွက် ရှင်းလင်း ပြောကြားပြီး နိုင်ငံတော်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် အရေးကြီးသည့်လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်နှင့်အညီ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ကော်မတီအဆင့်ဆင့်က လက်တွဲ ပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြရေး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။ (-)

 

Sorry, the comment form is closed at this time.