ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မိတ္ထီလာမြို့ရှိ ပညာရေးဒီဂရီကောလိပ်မှ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုယ်ရေးအချက် အလက်များကောက်ယူ၍ e-ID စနစ် လုပ်ငန်းဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှုအားပေး

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မိတ္ထီလာမြို့ရှိ ပညာရေးဒီဂရီကောလိပ်မှ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား

ကိုယ်ရေးအချက် အလက်များကောက်ယူ၍ e-ID စနစ် လုပ်ငန်းဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော်၊ ဇန်နဝါရီ ၁၂ ။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ(၁၂)ရက် နံနက်ပိုင်းက မိတ္ထီလာခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမသို့ရောက်ရှိရာ ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့်တာဝန်ရှိသူများက ခရိုင်အတွင်း နယ်မြေဒေသအခြေအနေ၊ မြေပြင်ကွင်းဆင်း ကောက်ယူခဲ့သည့်စာရင်းများ စိစစ်အတည်ပြုဆောင်ရွက်မှု၊ ပန်းခင်းစီမံချက်နှင့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မဲစာရင်းမှန်ကန်ရေး၊ မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေးနှင့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများအောင်မြင်ရေးနှင့် ယင်းလုပ်ငန်းစဉ်အားလုံးသည် နိုင်ငံတော်၏ အနာဂတ်အတွက် အရေးကြီးသည့်လုပ်ငန်းများဖြစ်သည့်အတွက်  ဌာနဆိုင်ရာအချင်းချင်း ညှိနှိုင်းပူးပေါင်း ကူညီဆောင်ရွက်ပေးနိုင်ရေးမှာကြားကာ လိုအပ်သည်များညှိနှိုင်း ဆောင်ရွက် ပေးသည်။

IMG_9513

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စုပေါင်းရုံးရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မိတ္ထီလာမြို့နယ်ဦးစီးမှူးသို့သွားရောက်၍ ရုံးခန်းများ အခြေအနေနှင့် ရုံးစာရွက်စာတမ်းများ၊ မှတ်တမ်းခန်းအတွင်း ကိုယ်ရေးဖိုင်များ စနစ်တကျ ထိန်းသိမ်းထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရုံးခန်းအတွင်း၌ ဝန်ထမ်းများက မြို့နယ်ရုံးရှိ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ၊ နိုင်-၄ မှတ်တမ်းနှင့် အိမ်ထောင်စုစာရင်းပါ အချက်အလက်များအား နေပြည်တော်ရုံးချုပ်ရှိ e-ID Sever အတွင်းရှိ အချက်အလက်များနှင့် တိုက်ဆိုင်စိစစ် ဖြည့်သွင်းပြင်ဆင် အတည်ပြုခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှု အားပေးကာ ပြည်ထောင်စုဝန်ကြီးက ကိုယ်ရေးအချက်အလက်များ မှန်ကန်စွာ တိုက်ဆိုင်စိစစ် အတည်ပြုဆောင်ရွက်ကြရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ကြိုးပမ်း ဆောင်ရွက်ကြရေးတာဝန်ရှိသူများအား မှာကြား၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး သည်။

IMG_9475

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာမြို့၊ ပညာရေးဒီဂရီကောလိပ်သို့ သွားရောက်၍ အဆိုပါကောလိပ်ရှိ ရတနာပုံခန်းမ၌ မိတ္ထီလာမြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက ပညာရေး ဒီဂရီကောလိပ်မှ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ထုတ် ပေးခြင်း၊ e-ID စနစ်ဖြင့် Biographic / Biometric ကောက်ယူခြင်းလုပ်ငန်းတို့ကို One Stop Service ဖြင့် ဆောင်ရွက်ပေးနေမှုကို လှည့်လည်ကြည့်ရှုရာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆောင်ရွက်မှုအပေါ် ပြည်သူများသိရှိနားလည်ပြီး လိုက်ပါပူးပေါင်းဆောင်ရွက်ရေး၊ ထိရောက် သောဝန်ဆောင်မှုများပေးနိုင်ရေးအတွက် စနစ်တကျစီစဉ်ဆောင်ရွက်ရေး၊ အချက်အလက်များ ကွဲလွဲမှုများရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန်လည်ပြင်ဆင် အတည်ပြု ဆောင်ရွက်ရေးမှာကြားကာ ဆရာဆရာမများနှင့် ဒေသခံပြည်သူများအား လုပ်ငန်းဆိုင်ရာ ဆောင်ရွက်မှုများအပေါ် တွေ့ကြုံရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေးပြီး e-ID စနစ် နှင့်ပတ်သက်၍ သိကောင်းစရာများကို ရှင်းလင်းပြောကြားကာ ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေး သည်။

IMG_9547

အဆိုပါအခမ်းအနားတွင် မိတ္ထီလာ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသားကျောင်းသူ များနှင့် ဒေသခံပြည်သူများအနက် နိုင်ငံသားကတ်ပြားမရှိသေးသူများအား ပန်းခင်းစီမံချက်  အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ထုတ်ပေးပြီးနောက် e-ID စနစ်အတွက် ကိုယ်ရေး အချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) များ ကောက်ယူခြင်း လုပ်ငန်းကို တစ်ပါတည်းဆောင်ရွက်ပေးပြီး နိုင်ငံသားကတ်ရှိပြီးသူများအား Biographic နှင့် Biometric များ ကောက်ယူကာ e-ID စနစ်အတွက် ဂဏန်း(၁၀)လုံးပါ Unique ID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်းကို တစ်နေရာတည်းတွင် တစ်ပါတည်းဆောင်ရွက်ပေးခြင်း ဖြစ်ရာ နိုင်ငံသားကတ်မရှိသေးသူ (၁၂၀) ဦးအား နိုင်ငံသားကတ်ထုတ်ပေးခဲ့ပြီး နိုင်ငံသားကတ် ရှိပြီးသူ (၆၀) ဦးနှင့်အတူ စုစုပေါင်း(၁၈၀)ဦးအား e-ID စနစ်ဆောင်ရွက်ပေးပြီး Unique ID နံပါတ်များ အသီးသီးထုတ်ပေးခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပညာရေးဒီဂရီကောလိပ်ခန်းမ၌ မိတ္ထီလာခရိုင် အတွင်းရှိ ခရိုင်နှင့်မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအားတွေ့ဆုံ၍ ဝန်ကြီးဌာနအနေဖြင့် ဌာန၏ ရည်မှန်းချက်တာဝန်များအပြင် နိုင်ငံနှင့်ပြည်သူအတွက် လက်ငင်းအကျိုးရှိစေမည့် မဖြစ်မေနဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ယင်းလုပ်ငန်း စဉ် အားလုံးသည် လျာထားသတ်မှတ်ချက်များကို ပြီးစီးရမည့်သတ်မှတ် ကာလ အတွင်း အောင်မြင်အောင် ဆောင်ရွက်ကြရမည့်အခြေအနေ၊ လုပ်ငန်းများအောင်မြင်ရေးအတွက် ဒေသအာဏာပိုင်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၏ ဝိုင်းဝန်း ကူညီပံ့ပိုးဆောင်ရွက်ပေးရန်လိုအပ်မှု၊ လက်ရှိအခြေအနေတွင် လုံခြုံရေးကို အလေးဂရုပြု ဆောင်ရွက်ကြရေးနှင့် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ပေးအပ်သောတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းမှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါကောလိပ်ခန်းမ၌ ဝန်ထမ်းများနှင့်အတူ နေ့လည်စာကို ရင်းနှီးချစ်ကြည်စွာဖြင့် လက်ရည်တစ်ပြင်တည်း အတူတကွသုံးဆောင်ခဲ့ပြီး ဝန်ထမ်းစားရိပ်သာအတွက် ထောက်ပံ့ငွေများနှင့်စား‌ေသာက်ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.