ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Noriko Takagi နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များအတွက် ပံ့ပိုးကူညီ ဆောင်ရွက်နိုင်ရေးဆွေးနွေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Noriko Takagi နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များအတွက် ပံ့ပိုးကူညီ ဆောင်ရွက်နိုင်ရေးဆွေးနွေး။

 နေပြည်တော်၊ ဖေဖော်ဝါရီ ၆  ။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Noriko Takagi နှင့်အဖွဲ့အား ဖေဖော်ဝါရီလ (၆) ရက်၊ ယနေ့မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

IMG_0104

         IMG_0115

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီးများဖြစ်ကြ သည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် နိုင်ငံတော်အစိုးရမှ ကြိုးပမ်းဆောင်ရွက် နေမှုနှင့် ယင်းလုပ်ငန်းစဉ်များတွင် ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့အကြား သုံးပွင့်ဆိုင်နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့မှု၊ ယင်း MoU မူဘောင်အရ UNDP-UNHCR တို့အကြား ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များအတွင်း သတ်မှတ်ထားသည့်ဒေသများ၌ စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည့်အခြေအနေ၊ အဆိုပြုထားသည့်ဒေသများ၌ စီမံချက်လုပ်ငန်းများဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနအနေဖြင့် အခြားသောဆက်စပ်ဌာနများနှင့် ညှိနှိုင်းစီမံဆောင်ရွက်ထားရှိမှု၊ မိမိတို့၏ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ မဖြစ်မြောက်စေ ရေးအတွက် ဟန့်တားနှောင့်ယှက်နေမှုများအပေါ် UNHCR မှ နားလည်သိရှိနိုင်ရေးအခြေအနေ၊ လက်ရှိ နယ်မြေဒေသလုံခြုံရေးအခြေအနေအရ လုပ်ငန်းများဆောင်ရွက်ရန် အကန့်အသတ် ရှိမှုနှင့် ဆောင်ရွက်နိုင်သည့်လုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအခြေ အနေ၊ UNHCR ၏ ဒေသခန့်ဝန်ထမ်းများ ခန့်အပ်ဆောင်ရွက်မှုနှင့် ပတ်သက်၍ ဝန်ကြီးဌာနသို့ အသိပေးတင်ပြနိုင်ရေးအခြေအနေတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.