ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်မြို့ရှိ မှတ်တမ်းဌာန (ရန်ကုန်) နှင့် ဝန်ကြီးဌာန ဂိုဒေါင်များ သို့ လှည့်လည်ကြည့်ရှုစစ်ဆေး၊ မှတ်တမ်းမှတ်ရာများ လုံခြုံမှုရှိစေရေးနှင့် ဂိုဒေါင်အလိုက် လုပ်ငန်းသုံး ပုံစံများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး အလေးဂရုပြုဆောင်ရွက်ကြရန်မှာကြား။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်မြို့ရှိ မှတ်တမ်းဌာန (ရန်ကုန်) နှင့် ဝန်ကြီးဌာန ဂိုဒေါင်များ သို့ လှည့်လည်ကြည့်ရှုစစ်ဆေး၊ မှတ်တမ်းမှတ်ရာများ လုံခြုံမှုရှိစေရေးနှင့် ဂိုဒေါင်အလိုက် လုပ်ငန်းသုံး ပုံစံများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး အလေးဂရုပြုဆောင်ရွက်ကြရန်မှာကြား။  

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀။

          လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများ လိုက်ပါလျက် ဖေဖော်ဝါရီလ (၁၀) ရက်၊ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ အမျိုးသား မှတ်ပုံတင်ရေးနှင့်နိုင်ငံသားဦးစီးဌာန၊ မှတ်တမ်းဌာန(ရန်ကုန်)သို့သွားရောက်ရာဧည့်ခန်းမ၌ လုပ်ငန်း တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကိုဦး က ဒီဂျစ်တယ်စနစ်ဖြင့် မှတ်တမ်းထိန်းသိမ်းခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေ အနေများ၊ လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ယခင်မှတ်တမ်း ဟောင်းများအား ခေတ်မီနည်းပညာအသုံးပြု၍ ပြန်လည်မှတ်တမ်းတင်ခြင်းဖြစ်သည်နှင့်အညီ လေလွင့် ဆုံးရှုံးမှုမရှိစေရေး  စနစ်တကျ ဆောင်ရွက်ကြရန်နှင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် လုပ်ငန်း ဦးစားပေး သတ်မှတ်ဆောင်ရွက် မှတ်တမ်းတင်ရန် မှာကြားသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ခေတ်အဆက်ဆက်ထိန်းသိမ်းထားရှိသည့် အမျိုးသား မှတ်ပုံတင်ဆိုင်ရာ မှတ်တမ်းမှတ်ရာများ၊ အထောက်အထား အချက်အလက်များအား ခန်းမဆောင် အတွင်း၌ ဝန်ထမ်းများက နည်းပညာအသုံးပြု၍ ဒီဂျစ်တယ်စနစ်ဖြင့် မှတ်တမ်းတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ လုပ်ငန်းလိုအပ်ချက်များကို တာဝန်ရှိသူများအား မှာကြား ညှိနှိုင်းဆောင်ရွက်ပေးသည်။

IMG_0487

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အဆိုပါဌာနရှိ မှတ်တမ်းခန်းများအတွင်း မှတ်တမ်း များ ထိန်းသိမ်းထားရှိမှု အခြေအနေများ၊ အလင်းရောင်နှင့်လေဝင်လေထွက်ကောင်းမွန်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မှတ်တမ်းများ ထိန်းသိမ်းထားရှိနိုင်ရေးအတွက် အခန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်  ခြနှင့် ပိုးမွှားများအန္တရာယ် မကျရောက်စေရေး အလေးဂရုပြု ဆောင်ရွက်ရန် တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။

IMG_0529

          ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် သာကေတမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ သာကေတခရိုင်ဦးစီးမှူးရုံး အခြေအနေနှင့် သာကေတမြို့နယ်ဦးစီးမှူးရုံး၊ ရုံးခန်း များနှင့် မှတ်တမ်းခန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ရုံးများအတွင်း/အပြင်သန့်ရှင်းသပ်ယပ် ရေး၊ စာရွက်စာတမ်းများ လုံခြုံရေးနှင့် ရုံးများပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ကြ ရန် မှာကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အဆိုပါရုံးများအနီးရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဂိုဒေါင်များသို့ သွားရောက်၍ ဂိုဒေါင်များအလိုက် မှတ်တမ်းများထိန်းသိမ်း ထားရှိမှု၊ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများအတွက် စိစစ်ရေးကတ်ပြားများနှင့် လုပ်ငန်းသုံးပုံစံများ ထိန်းသိမ်းထားရှိမှု အခြေအနေများကိုလည်းကောင်း၊ စာရင်းဇယား မှတ်တမ်း ပုံစံ ဟောင်းများ၊ ရုံးအသုံးအဆောင် ပစ္စည်းအဟောင်းများ ထိန်းသိမ်းထားရှိမှု အ‌ခြေအနေများကို လည်း ကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းတာဝန်ခံများက လိုက်လံရှင်းလင်းတင်ပြကြသည်။

IMG_0572

          ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဂိုဒေါင်များအလိုက် ထည့်သွင်းထားသည့် ပစ္စည်းစာရင်း ဇယားများ စနစ်တကျ မှတ်တမ်းတင်ထိန်းသိမ်း၍ စနစ်တကျ ထုတ်ပေးဆောင်ရွက်ရေး၊ ပိုးမွှားများ အန္တရာယ်ကာကွယ်ရေးအတွက် အမြဲမပြတ် ကြည့်ရှုစစ်ဆေးဆောင်ရွက်ရေး၊ မီးဘေးအန္တရာယ် ကာကွယ်ရေးနှင့် ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်၍ ပစ္စည်းအမျိုးအစားအလိုက် ဦးစားပေး သတ်မှတ်ထားရှိရေး၊ ထိန်းသိမ်းထားရှိသည့်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး၊ ဂိုဒေါင်များအတွင်း နှင့်ပတ်ဝန်းကျင် ရေဝင်ရောက်မရှိစေရန် ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိရေးနှင့် သန့်ရှင်းသပ်ယပ်မှုရှိ စေရေးတို့အတွက် တာဝန်ရှိသူများက လိုအပ်သလို စစ်ဆေးကြပ်မတ်ဆောင်ရွက်ကြရေး မှာကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။ (-)

 

Sorry, the comment form is closed at this time.