ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာန၏ လက်ငင်းဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများ နှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်၊ နိုင်ငံတော်၏အနာဂတ်အတွက် အရေးကြီးသည့်လုပ်ငန်းများဖြစ်သည်နှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရေးတိုက်တွန်းမှာကြား။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာန၏ လက်ငင်းဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများ နှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်၊ နိုင်ငံတော်၏အနာဂတ်အတွက် အရေးကြီးသည့်လုပ်ငန်းများဖြစ်သည်နှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရေးတိုက်တွန်းမှာကြား။

 နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ လက်ငင်းဦးစားပေးဆောင်ရွက်ရ မည့်လုပ်ငန်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၂၁ ရက်၊ ယနေ့နံနက် (၉)နာရီခွဲကအဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများက သက်ဆိုင်ရာဒေသများမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဌာန၏ ရည်မှန်းချက်တာဝန်များအပြင် လက်ငင်းဦးစားပေးဆောင်ရွက် ရမည့် လုပ်ငန်းများဖြစ်သည့် ပန်းခင်းစီမံချက်အဆင့်(၃)ဆောင်ရွက်မှု၊ ယင်းစီမံချက်နှင့်အတူ e-ID စနစ်ဖြင့် Biographic/Biometric ကောက်ယူဆောင်ရွက်မှု၊ လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်း မှန်ကန်ရေးအတွက် ဆောင်ရွက်ပေးရမည့်အခြေအနေ၊ ၂၀၂၄ ခုနှစ်၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ဆောင်ရွက်မှုနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ ဖွဲ့စည်းဆောင်ရွက်ရမည့့်် ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေကို ညှိနှိုင်းဆွေးနွေးနိုင်ရေးအတွက် အစည်းအဝေး ကျင်းပရခြင်းဖြစ်ပါကြောင်း၊ လက်ရှိနိုင်ငံတော်အစိုးရက နိုင်ငံတော်တာဝန်ကို စတင်တာဝန်ယူချိန် မှစ၍ မိမိတို့ဝန်ကြီးဌာနက နိုင်ငံသားအားလုံး ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေး နိုင်ရေးအတွက် ပန်းခင်းစီမံချက်များရေးဆွဲကာ ဆောင်ရွက်ရမည့်ကာလအတွင်း ပြီးစီးရမည့် လျာထားချက်များအတိုင်း ထုတ်ပေးနိုင်ရေးကြိုးပမ်းဆောင်ရွက်ခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပန်းခင်းအဆင့် (၁) နှင့် အဆင့် (၂) စီမံချက်များကို ရာနှုန်းပြည့်နီးပါး ဆောင်ရွက်ပြီးစီးခဲ့ပါကြောင်း ယခုပန်းခင်းစီမံချက်အဆင့် (၃) ကို (၁-၁-၂၀၂၄) ရက်မှ (၃၀-၉-၂၀၂၄) ရက်အထိ (၉) လတာကာလ အတွင်း အသက်(၁၈)နှစ်ပြည့်လာမည့်သူ (၃ ဒဿမ ၉) သိန်းကျော်နှင့် ယာယီရွှေ့ပြောင်းနေထိုင်သူ များအနက် နိုင်ငံသားကတ်ပြားမရှိသေးသူ (၁ ဒဿမ ၇၇) သန်း၊ စုစုပေါင်းလူဦးရေ (၂ ဒဿမ ၁) သန်းကျော်ကို နိုင်ငံသားကတ်ပြားထုတ်ပေးနိုင်ရေး လျာထားဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်ဆောင်ရွက်ရာတွင် e-ID  စနစ်အတွက် Biographic / Biometric ကို တစ်ပါတည်း စိစစ်ကောက်ယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယာယီရွှေ့ပြောင်းနေထိုင်သူ တစ်နည်းအားဖြင့် ကျူးကျော် နေထိုင်သူများအတွက် မြို့နယ်အဆင့်ဖွဲ့စည်းထားသည့် (၅) ဦးကော်မတီဖြင့် စိစစ်ကာ အိမ်ထောင်စုစာရင်းထုတ်ပေးပြီး နိုင်ငံသားကတ်ပြားထုတ်ပေးရေးလုပ်ငန်းစဉ်ကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးကြရ မည်ဖြစ်ပါကြောင်း၊ ထို့ပြင် နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်စွာပြုစုနိုင်ရေး အတွက် တိကျမှန်ကန်သည့် လူဦးရေစာရင်းပြုစုနိုင်ရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းကို တစ်အိမ်တက်ဆင်း ဆောင်ရွက်နိုင်ခဲ့ပြီးရရှိသည့် စာရင်းအချက်အလက်များကိုလည်း e-ID Server အတွင်းရှိ ကိုယ်ရေး အချက်အလက်များနှင့် တိုက်ဆိုင်ပြင်ဆင်ဖြည့်စွက်အတည်ပြုသည့်လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်နိုင်မှသာ  လိုအပ်သည့်လူဦးရေစာရင်း အမှန်များကို တိကျ မှန်ကန်စွာပြုစုနိုင်မည်ဖြစ်ပါကြောင်း၊ e-ID စနစ်ဖြင့် လူတစ်ဦးချင်း၏ Biographic/Biometric ကောက်ယူပြီး ဂဏန်း (၁၀)လုံး ပါ Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကိုလည်း ယခင် နိုင်ငံသားကတ်ရရှိပြီးသူများနှင့် ယခုပန်းခင်း (၃) ဖြင့် နိုင်ငံသားကတ်ထုတ်ပေးသည့်သူများကို တစ်ပြိုင်တည်းတစ်ပါတည်း ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါကြောင်း၊ သို့မှသာ နိုင်ငံတော်ရဲ့ Natioanal Database အတွင်း မှန်ကန်သည့်အချက်အလက်များရရှိပြီး နောက်ပိုင်းတွင် အများပြည်သူ ဝန်ဆောင်မှု လုပ်ငန်းကိစ္စများစွာနှင့် ချိတ်ဆက်ဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် e-ID Dtaabase ရှိ စာရင်းများကိုအခြေခံ၍ မဲစာရင်းပြုစုရာတွင် အခြေခံအသုံးပြု နိုင်ရေးအတွက် လက်ရှိအသက် (၁၈) နှစ်နှင့်အထက် လူဦးရေစာရင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ခွင့်ပြုချက်အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ပထမအကြိမ်ပေးပို့ထားပြီး ဆက်လက်၍လည်း သတ်မှတ်ချက်များနှင့်အညီ အတည်ပြုပေးပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနက တာဝန်ယူ၍ ဌာနဆိုင်ရာအသီးသီး၏ ပူးပေါင်းကူညီမှုဖြင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း ဆောင်ရွက်မည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူ ရေးလုပ်ငန်းကိုလည်း စီမံချက်များအတိုင်း ပြီးစီးအောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြ ရန်လိုကြောင်း၊ သန်းခေါင်စာရင်းနှင့်ပတ်သက်၍ ယခုနှစ်ဒီဇင်ဘာလအတွင်း ရှေ့ပြေးလူဦးရေစာရင်း ကို ထုတ်ပြန်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုကောက်ယူမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းမှရရှိသည့် လူဦးရေစာရင်းနှင့် မြေပြင်ကွင်းဆင်းကောက်ယူရာမှ ပြုစုထားသည့် လူဦးရေစာရင်းကို နှိုင်းယှဉ်သုံးသပ်ပြီး တိကျမှန်ကန်သည့်လူဦးရေစာရင်းကို ပြုစုမည်ဖြစ်သည့် အတွက် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း အောင်မြင်ရေးအတွက်လည်း ဆက်စပ်ဌာနများနှင့်ပူးပေါင်းကာ တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ နိုင်ငံတော်မှ ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြဋ္ဌာန်းခြင်းနှင့် ပတ်သက်၍ မိမိတို့ဝန်ကြီးဌာနက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းတာဝန်အရ ဌာနနှင့် သက်ဆိုင်သည့် လုပ်ငန်းတာဝန်များအား ကျေပွန်စွာဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများဆောင်ရွက် ရာတွင်လည်း သက်ဆိုင်ရာနည်း ဥပဒေ၊ညွှန်ကြားချက်များနှင့်အညီ အဖွဲ့ဝင်များနှင့်ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည်  လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက် များကို ကိုင်တွယ်ထိန်းသိမ်းဆောင်ရွက်ရသည့် ဌာနဖြစ်သည်နှင့်အညီ စာရွက်စာတမ်း မှတ်တမ်းမှတ်ရာများ လုံခြုံမှုရှိစေရေးအတွက် စနစ်တကျထိန်းသိမ်းကိုင်တွယ်ကြရန်နှင့် ဝန်ထမ်း အားလုံး လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိရန်လိုအပ်ပါကြောင်း၊ ယခုလုပ်ငန်းစဉ်အားလုံးသည် နိုင်ငံတော်၏အနာဂါတ်အတွက် လက်ငင်းဦးစားပေးဆောင်ရွက်နေသည့် လုပ်ငန်းစဉ်ဖြစ်ပြီး ဝန်ထမ်းတိုင်းက လုပ်ငန်းစဉ်များ၏ အတိမ်အနက်နှင့်အရေးပါမှု၊ ဥပဒေနှင့်အညီ ဆောင်ရွက်ရမည့် နည်းလမ်း၊ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းပေးမည့်အခြေအနေ စသည်တို့ကို သိရှိနားလည်ပြီး အချင်းချင်းအပြန်အလှန် လေးစားယုံကြည်ကာ ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးမှာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လုပ်ငန်းစဉ်တစ်ခုချင်းအပေါ် တွေ့ကြုံနိုင်သည့်အခက်အခဲများ၊ ဖြည့်ဆည်းပေးရန် လိုအပ်ချက် များကို ပွင့်ပွင့်လင်းလင်း ရှင်းလင်းဆွေးနွေးတင်ပြကြရန်နှင့် လုပ်ငန်းလိုအပ်ချက်များကို အချိန်မီ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

IMG_0805

ထို့နောက် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ပန်းခင်းစီမံချက်နှင့် e-ID စနစ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ မဲစာရင်းမှန်ကန်ရေးအတွက် ဆောင်ရွက်နေမှု၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးအတွက် လုပ်ငန်းများ ဆောင်ရွက် နေမှုနှင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာလုပ်ငန်းအပေါ် ဌာနမှ ဆောင်ရွက်ပေးရမည့် အခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များကို အသီးသီးရှင်းလင်းတင်ပြကြသည်။

IMG_0880

          ယင်းနောက် အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းများဆောင်ရွက်နေမှုအပေါ် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည့်အခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေး မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြဆွေးနွေးကြပြီး ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်တို့က လိုအပ်ချက်များကို ဖြည့်စွက် ဆွေးနွေးတင်ပြကြသည်။

          ထို့နောက် ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ယခုလုပ်ငန်းစဉ်များသည် နိုင်ငံတော်၏အနာဂတ်အတွက် အရေးကြီးသည့်လုပ်ငန်းစဉ်များဖြစ်သည့်နှင့်အညီ သတ်မှတ်ကာလများအတွင်း ပြီးစီးအောင်မြင်ရေး အတွက် ဝန်ထမ်းအားလုံး စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ညနေပိုင်းတွင် ရုတ်သိမ်းလိုက်ကြောင်းသတင်း ရရှိသည်။ (-)

 

Sorry, the comment form is closed at this time.