ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပြည်ထောင်စုနယ်မြေအတွင်းရှိ ယာယီရွှေ့ပြောင်းနေထိုင်သူ များအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးမှု၊ Biometric ကောက်ယူမှု လှည့်လည်ကြည့်ရှုအားပေး၊ ပျဉ်းမနားမြို့နယ် ဦးစီးမှူးရုံး ၏ လုပ်ငန်းဆောင်ရွက်မှုများ စစ်ဆေးမှာကြား

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပြည်ထောင်စုနယ်မြေအတွင်းရှိ ယာယီရွှေ့ပြောင်းနေထိုင်သူ များအား ပန်းခင်းစီမံချက်ဖြင့်

အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးမှု၊ Biometric ကောက်ယူမှု လှည့်လည်ကြည့်ရှုအားပေး၊

ပျဉ်းမနားမြို့နယ် ဦးစီးမှူးရုံး ၏ လုပ်ငန်းဆောင်ရွက်မှုများ စစ်ဆေးမှာကြား

နေပြည်တော်၊ မတ် ၇။

     လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများနှင့်အတူ မတ်လ ၇ ရက်၊ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ နေပြည်တော်ဘူတာကြီးအပေါ်ထပ်ခန်းမ၌ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ယာယီရွှေ့ပြောင်းနေထိုင်သူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနေမှုကို သွားရောက်ကြည့်ရှု အားပေးသည်။

IMG_1281

     ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုနယ်မြေအတွင်းရှိ ယာယီ ရွှေ့ပြောင်းနေထိုင်သူများအား သက်ဆိုင်ရာမြို့နယ် (၅)ဦးကော်မတီအဖွဲ့ဝင်များက စိစစ်မေးမြန်း အတည်ပြုဆောင်ရွက်နေမှု၊ (၅) ဦးကော်မတီ၏ ထောက်ခံချက်အရ မြို့နယ်ရုံးဝန်ထမ်းများက လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များအား သတ်မှတ်ပုံစံများတွင် ဖြည့်သွင်းဆောင်ရွက် ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနေမှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီး က အချက်အလက်များမှန်ကန်စေရေးအတွက် ကာယကံရှင်ပြည်သူများအား သေချာစွာမေးမြန်း ဖြည့်သွင်းရေး၊ နိုင်ငံသားကတ်ထုတ်ပေးနိုင်ရေးအတွက် ၎င်းတို့၏အချက်အလက်များအား e-ID Server ရှိ အချက်အလက်များနှင့် စနစ်တကျတိုက်ဆိုင် စိစစ်ဆောင်ရွက်ရေးမှာကြားသည်။

IMG_1326

     ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား ကတ်ပြားထုတ်ပေးပြီးသူများအား e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) တစ်ပါတည်းကောက်ယူ၍ ဂဏန်း (၁၀) လုံးပါ Unique ID နံပါတ်ထုတ်ပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး လာရောက်ဆောင်ရွက်ကြသည့် ပြည်သူများအား e-ID စနစ် အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့်ပတ်သက်သည့် သိကောင်း စရာများကို ရှင်းလင်းပြောကြားပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။

IMG_1358

     ယင်းသို့ ဆောင်ရွက်ပေးရာတွင် ပြည်ထောင်စုနယ်မြေအတွင်းသို့ ယာယီရွှေ့ပြောင်း နေထိုင်သူပြည်သူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း (၈၁) စောင်နှင့် နိုင်ငံသားကတ်ပြားမရှိသေးသူ (၁၃၀)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေး နိုင်ခဲ့ပြီး နိုင်ငံသားကတ်ပြားရရှိပြီးသူများအား တစ်ပါတည်းတစ်နေရာတည်းတွင် e-ID စနစ် အတွက် Biometric ကောက်ယူခဲ့ကြောင်းသိရှိရသည်။

     ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ပျဉ်းမနားမြို့နယ်ဦးစီးမှူးရုံးသို့သွားရောက်၍ အဆိုပါမြို့နယ်ရုံးဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူ၊ လဲလှယ်လျှောက်ထားသူ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် စိစစ်ဆောင်ရွက်ပေးနေမှု၊ ယင်းသို့ဆောင်ရွက် ပြီးပါက e-ID စနစ်အတွက် Biographic/Biometric ကောက်ယူခြင်းလုပ်ငန်းကို တစ်ပါတည်း ဆောင်ရွက်ပေးနေမှုနှင့် နိုင်ငံသားကတ်ပြားရှိပြီးသူများကိုလည်း Biometric ကောက်ယူ၍ ဂဏန်း (၁၀) လုံးပါ Unique ID နံပါတ်ထုတ်ပေးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုကာ လာရောက်ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။

IMG_1419

     ထို့နောက် ပြည်ထောင်စုနယ်မြေဦးစီးမှူး ဦးအောင်ခိုင်ဆွေက ပျဉ်းမနားမြို့နယ်အတွင်းရှိ တောင်ပေါ်ကျေးရွာများ၌ e-ID စနစ်အတွက် Biometric ကောက်ယူမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်မီး၊ အင်တာနက်ရရှိမှုနှင့် လုံခြုံရေးအခြေ အနေအရဆောင်ရွက်မည့်နေရာအား သတ်မှတ်စုစည်း၍ တာဝန်ရှိသူအဆင့်ဆင့်သို့ တင်ပြ ဆောင်ရွက်နိုင်ရေးမှာကြားကာ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးသည်။

     ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်ဦးစီးမှူးရုံး၏ ရုံးအဆောက်အဦနှင့် ရုံးတွင်း/ရုံးပြင် သန့်ရှင်းသပ်ရပ်ရေး ဆောင်ရွက်ထားရှိမှု၊ ရုံးစာရွက်စာတမ်းများနှင့် မှတ်တမ်းခန်း အတွင်း ကိုယ်ရေးဖိုင်များ စနစ်တကျထိန်းသိမ်းထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် စာရွက်စာတမ်း များလုံခြုံမှုရှိစေရေး အလေးထားဆောင်ရွက်ရန်မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ (-)

 

Sorry, the comment form is closed at this time.