ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာန၏ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူးရာထူး အတွက် ပြည်ထောင်စုနယ်မြေမှ လျှောက်ထားကြသူများ အင်္ဂလိပ်စာရေးဖြေစာမေးပွဲ ဖြေဆို နေမှု လှည့်လည်ကြည့်ရှုအားပေး

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာန၏ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူးရာထူး အတွက် ပြည်ထောင်စုနယ်မြေမှ လျှောက်ထားကြသူများ

အင်္ဂလိပ်စာရေးဖြေစာမေးပွဲ ဖြေဆိုနေမှု လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော်၊ မတ် ၁၆ ။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် ဌာန၏လက်ငင်းဦးစားပေး ဆောင်ရွက်လျက်ရှိသည့် မဲဆန္ဒရှင်စာရင်းမှန်ကန်စွာပြုစုနိုင်ရေးအတွက် မြေပြင်ကွင်းဆင်း ကောက်ယူခဲ့သည့် စာရင်းအချက်အလက်များ တိကျမှန်ကန်စေရေး တိုက်ဆိုင်စိစစ်ဆောင်ရွက် ခြင်း၊ မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်းကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေး အတွက် ပန်းခင်းစီမံချက်များဆောင်ရွက်ခြင်း၊ e-ID စနစ်အတွက်လူတစ်ဦးချင်းစီ၏ Biographic/ Biometric ကောက်ယူခြင်း၊ ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းစသည့် လုပ်ငန်းများကို သက်ဆိုင်ရာဒေသအာဏာပိုင်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်း များအားလုံးနှင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယင်းလုပ်ငန်းစဉ်များ အင်ပြည့်အားပြည့် ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် လစ်လပ်လျက်ရှိသည့် ဝန်ထမ်းများဖြည့်တင်းနိုင်ရန် လက်ထောက်လူဝင်မှု ကြီးကြပ်ရေးမှူးရာထူးအတွက် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ကြောင်း၊ နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြအသိပေးဆောင်ရွက်ခဲ့သည်။

          ယင်းသို့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝန်ထမ်းလျှောက်လွှာခေါ်ယူမှုအတွက် သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားသူများအား မတ်လ (၁၆)ရက် ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များရှိ နေရာအသီးသီး၌ အင်္ဂလိပ်စာရေးဖြေစာမေးပွဲများကို တစ်ပြိုင်တည်း ကျင်းပခဲ့ပြီး ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အနေဖြင့် ဇမ္ဗူသီရိမြို့နယ် ၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများနှင့်အတူ အဆိုပါစာမေးပွဲကျင်းပရာသို့ သွားရောက်လှည့်လည်ကြည့်ရှုအားပေးသည်။

IMG_1708 IMG_1709 (1)

ထို့နောက် တာဝန်ရှိသူများက စာမေးပွဲဖြေဆိုမှုများနှင့်ပတ်သက်၍ စာမေးပွဲခန်းများအတွင်း လိုက်လံရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက စာမေးပွဲဖြေဆိုသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေး အလေးထားဆောင်ရွက်ပေးရန်မှာကြားပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

          ဝန်ကြီးဌာန၏ လစ်လပ်လျက်ရှိသည့် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူးရာထူးအတွက် အမျိုးသား(၁၂၀)ဦး၊ အမျိုးသမီး(၃၀)ဦး ၊ စုစုပေါင်း(၁၅၀)ဦး ခန့်ထားနိုင်ရေးဆောင်ရွက်လျက်ရှိရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှောက်ထားသူများအနက် သတ်မှတ်ချက်နှင့်ကိုက်ညီစွာ လျှောက်ထားသူ အမျိုးသား (၂၆၄) ဦး၊ အမျိုးသမီး (၃၉၂) ဦး၊ စုစုပေါင်း (၆၅၆) ဦး တို့သည် အင်္ဂလိပ်စာရေးဖြေစာမေးပွဲကို ယနေ့ဖြေဆိုခဲ့ကြပြီး ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အနေဖြင့် အင်္ဂလိပ်စာရေးဖြေစာမေးပွဲကို အမျိုးသား (၂၉) ဦး၊ အမျိုးသမီး (၅၀) ဦး၊ စုစုပေါင်း (၇၉) ဦး ဖြေဆိုခဲ့ကြကြောင်းနှင့် အဆိုပါ အင်္ဂလိပ်စာရေးဖြေစာမေးပွဲ အောင်မြင်သူ များအား ကွန်ပျူတာစစ်ဆေးခြင်းနှင့် လူတွေ့နှုတ်ဖြေစစ်ဆေးခြင်းများကို မကြာမီဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး စစ်ဆေးမှုအောင်မြင်သူများအား ဝန်ထမ်းခန့်ထားရေးလုပ်ငန်းစဉ် များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.