ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ၊ ဥတ္တရသီရိမြို့နယ်အတွင်း သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ ပြည်သူလူထုအသိပညာပေး Bill Board စိုက်ထူဖွင့်လှစ်ပွဲ သို့တက်ရောက်၍ Bill Board အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၊၊
နေပြည်တော်၊ ဇွန် ၂၇၊
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ပြည်သူများ သိရှိနားလည် ပူးပေါင်းပါဝင်လာစေရေးအတွက် ပြည်သူလူထုအသိပညာပေးလုပ်ငန်း တစ်ရပ်ဖြစ်သည့် သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ Bill Boardများကို တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ခရိုင်အလိုက် မြို့ကြီးများ၏ လူစည်ကားရာနေရာများ၊ လမ်းဆုံလမ်းခွများတွင် စိုက်ထူဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ ဥတ္တရသီရိခရိုင်အတွင်း သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာအသိပညာပေး Bill Board စိုက်ထူပွဲကို ဇွန်လ (၂၇)ရက် ယနေ့နံနက်၈နာရီခွဲက ဥတ္တရသီရိမြို့နယ်၊ ရာဇဌာနီလမ်းနှင့် မန္တလေးလမ်းထောင့်၌ ကျင်းပရာ အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နေပြည်တော်သန်းခေါင်စာရင်း ကြီးကြပ်ကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ် သန်းခေါင်စာရင်းကော်မတီဝင်များ လူမှုရေးအသင်းအဖွဲ့ များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဘင်ခရာနှင့်ပန်းပွားအကအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်၊၊
အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နှင့် တာဝန်ရှိသူများသည် Bill Board ရှေ့သတ်မှတ်နေရာများ၌ နေရာယူကြပြီးနောက် မင်္ဂလာ အချိန်တွင် အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့သည် ဘင်ခရာနှင့်ပန်းပွား အကအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်၍ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး အခမ်းအနားကိုရုတ်သိမ်းလိုက်ပြီးနောက် တာဝန်ရှိသူများက ခရီးသွားပြည်သူများအား သန်းခေါင်စာရင်းဆိုင်ရာ အထောက်အကူပစ္စည်းများနှင့် လက်ကမ်း စာစောင်များ ဝေငှပေးခဲ့ကြောင်းနှင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူခြင်းလုပ်ငန်းကို လာမည့် အောက်တိုဘာလ(၁)ရက်မှ(၁၅)ရက်အတွင်း ကောက်ယူ မည်ဖြစ်ရာ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်း စာရင်းကောက်ကွက်ပေါင်း (၂၆၀၀) ကျော်ကို စာရင်းစစ်/စာရင်းကောက် (၁၁၀၀)ကျော်ဖြင့် ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ (-)
Sorry, the comment form is closed at this time.