ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများကလှူဒါန်းသည့် စားသောက်ဖွယ်ရာပစ္စည်းများ ထုတ်ပိုးပြင်ဆင် ဆောင်ရွက်နေမှုကြည့်ရှုအားပေး

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့်

လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများကလှူဒါန်းသည့် စားသောက်ဖွယ်ရာပစ္စည်းများ ထုတ်ပိုးပြင်ဆင် ဆောင်ရွက်နေမှုကြည့်ရှုအားပေး

 နေပြည်တော်၊ ဩဂုတ် ၅။

နိုင်ငံနှင့်ပြည်သူအတွက် စွ့န်လွှတ်စွန့်စားသောစိတ်ဓာတ်များဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သား များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းလျက်ရှိရာ ဩဂုတ်လ ၅ ရက်၊ ယနေ့နံနက်ပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများကို ရှေ့တန်းစခန်းအသီးသီးသို့ ပေးပို့နိုင်ရေးအတွက် စိတ်ရင်းစေတနာ၊ စာနာနားလည်မှု မေတ္တာတရားတို့ဖြင့် စိတ်အားထက်သန်စွာ စုပေါင်းပြင်ဆင်ထုတ်ပိုးနေမှုကို ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့်ဒေါက်တာမျိုးသန့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကြသည်။

1 2

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများက ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက်  နန်းမြိုင်ကော်ဖီမစ်အထုပ်(၃၀)ပါ အထုပ်ကြီး (၁၀၀) ထုပ်၊ ရွှေဖီဦးလ္ဘက်ရည် အထုပ်(၃၀) ပါ အထုပ်ကြီး (၁၀၀) ထုပ်၊ Calsome ကွေကာ အထုပ် (၃၀) ပါ အထုပ်ကြီး (၂၀၀) ထုပ်၊ ဆန်ပြုတ် အထုပ် (၉၀၀) ၊ ဆန်ကွတ်ကီး အထုတ် (၁၀၀)၊ Lucky ဘီစကစ် အထုပ် (၁၀၀) ၊ ခေါက်ဆွဲပြုတ် အထုပ် (၃၀) ပါ ပုံး (၁၀၀) ၊ ခေါက်ဆွဲ ဆီချက်အထုပ် (၃၀) ပါ ပုံး (၁၀၀) ၊ ခေါက်ဆွဲချဉ်စပ်အထုပ် (၃၀) ပါ ပုံး (၁၀၀) ၊ ငါးပိထောင်း (၅၈၀) ထုပ်၊ ပင်ပျိုရွက်နု လက်ဖက် အထုပ် (၁၀၀)၊ ဇင်ချောင်း ဟင်းရည်ထုပ် (၁၀) ပုံး၊ ပုဇွန်ခြောက် ငံပြာရည်ကြော် (၁၀၀) ထုပ်၊ ဇလုံကြီးဟင်းအနှစ် အထုပ် (၂၅၀၀) ၊ တန်ဂိုချောကလက်(၁၀၀)တောင့်၊ Fun-O ချောကလက် ဝေဖာ (၁၀၀) ထုပ်၊ Red Ruby စီးကရက်ဘူး အတောင့် (၁၀၀) ၊ သန်းခေါင်စာရင်းတီရှပ် အထည် (၁၀၀၀)နှင့် ဆေးမျိုးစုံတို့ကို ပေးပို့လှူဒါန်းနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေးအတွက် အသက်ကိုပဓာနမထားဘဲ စွန့်လွှတ်စွန့်စားသောစိတ်ဓာတ်ဖြင့် ရှေ့တန်းစစ်မြေပြင်တွင် ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်နေကြသည့် တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့များ အား ကျန်းမာစေကြောင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေကြောင်းနှင့် တရားသောစစ် အောင်မြင်ပါစေ ကြောင်း စိတ်ဓာတ်ခွန်အားဖြစ်စေမည့် ဆုတောင်းမေတ္တာစာလွှာများကိုလည်း ရေးသားထည့်သွင်း ပေးပို့ခဲ့ကြသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများက လှူဒါန်းသည့် စုစုပေါင်းငွေကျပ် သိန်း(၂၅၀) တန်ဘိုးရှိ စားသောက်ဖွယ်ရာ (၁၉) မျိုးအား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်သို့ သွားရောက်ပေးပို့လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.