ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Noriko Takagi နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၊ ဝန်ကြီး ဌာနနှင့် UNDP-UNHCR တို့အကြား အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Noriko Takagi နှင့်အဖွဲ့အား

လက်ခံတွေ့ဆုံ၊ ဝန်ကြီး ဌာနနှင့် UNDP-UNHCR တို့အကြား အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး

 နေပြည်တော်၊ဩဂုတ် ၇  ။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် Ms. Noriko Takagi နှင့်အဖွဲ့အား ဩဂုတ်လ (၇) ရက်၊ ယနေ့မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။

IMG_9824

          ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီးများဖြစ်ကြ သည့် ဦးဌေးလှိုင်နှင့် ဒေါက်တာ မျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အတွက် ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့ သုံးပွင့်ဆိုင်နားလည်မှုစာချွန်လွှာ MoU မူဘောင်အရ လုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်နေမှု၊ UNHCR ၏ နိုင်ငံခြားသားဝန်ထမ်းများ၏ ပြည်ဝင်ခွင့်ဗီဇာကိစ္စရပ် များ အဆင်ပြေစေရေးအတွက် စီစဉ်ဆောင်ရွက်ပေးမှုနှင့် ဒေသခန့်ဝန်ထမ်းများ ခရီးသွားလာရေး အတွက် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ UNHCR အနေဖြင့် လုပ်ငန်းဆိုင်ရာအသုံးပြုမည့် ပစ္စည်းများအား ပြည်ပမှ တင်သွင်းရာတွင် ကူညီဆောင်ရွက်ပေးမှုအခြေအနေ၊ ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့အကြား အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများ ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်ရေးအခြေအနေတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.