ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာန၊ အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲတက်ရောက်အားပေး၊ ပထမဆုရရှိသည့် ဝန်ကြီးရုံးနှင့်e-ID ကိုယ်စားပြုအသင်းအား တံခွန်စိုက်ဒိုင်းနှင့် ငွေသားဆုပေးအပ်ချီးမြှင့်။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာန၊ အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲတက်ရောက်အားပေး၊ ပထမဆုရရှိသည့် ဝန်ကြီးရုံးနှင့်e-ID ကိုယ်စားပြုအသင်းအား တံခွန်စိုက်ဒိုင်းနှင့် ငွေသားဆုပေးအပ်ချီးမြှင့်။

နေပြည်တော်၊ စက်တင်ဘာ ၁၄ ။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဖလား၊ အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာလ (၁၄) ရက်၊ ယနေ့မွန်းလွဲ ၃ နာရီက နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အေရုံ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများနှင့် ပြိုင်ပွဲဝင်ဘော်လီဘောအသင်းများ တက်ရောက်ကြပြီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ဝန်ကြီးရုံးနှင့်e-ID ကိုယ်စားပြုအသင်းနှင့်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ကိုယ်စားပြုအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင် ကစားနေမှုကို ကြည့်ရှုအားပေးသည်။

IMG_2654

          အဆိုပါ ဗိုလ်လုပွဲပွဲစဉ်တွင် ဝန်ကြီးရုံးနှင့်e-ID ကိုယ်စားပြုအသင်းက လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ကိုယ်စားပြုအသင်းအား (၃)ပွဲ ပြတ်ဖြင့် အနိုင်ရဗိုလ်စွဲသွားပြီး ဆုချီးမြှင့်ပွဲကိုဆက်လက် ကျင်းပရာ အကောင်းဆုံးစပေးဘောဆု၊ အကောင်းဆုံးပင့်ထောင်စု၊ အကောင်းဆုံး ရိုက်ခုတ်ဆု၊ အကောင်းဆုံးပိတ်ဆို့ဆု၊ အကောင်းဆုံးခုခံဆယ်မဆု၊ အကောင်းဆုံးအားကစားသမားဆုရရှိကြ သူများနှင့် နှစ်သိမ့်ဆုရရှိသည့် အသင်းများအား အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက လည်းကောင်း၊ တတိယဆုနှင့် ဒုတိယဆုရရှိကြသည့်အသင်းများအား ဒုတိယဝန်ကြီးများက လည်းကောင်း၊ ပထမဆုရရှိသည့်ဝန်ကြီးရုံးနှင့်e-ID ကိုယ်စားပြုအသင်းအား ပြည်ထောင်စုဝန်ကြီးက တံခွန်စိုက်ဒိုင်းဆုနှင့် ငွေသားဆုကိုလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

IMG_2921

          ဝန်ကြီးဌာန အမျိုးသားဘောလီဘောပြိုင်ပွဲကို ဝန်ကြီးဌာနအတွက် အင်အားတောင့်တင်း ပြီး ခိုင်မာအားကောင်းသည့် ပြိုင်ပွဲဝင်ဘောလီဘောအသင်းတစ်သင်း ဖြစ်ပေါ်လာပြီး အမျိုးသား အားကစားပွဲတော်တွင် ဝန်ကြီးဌာနကိုယ်စားပြုအသင်းအဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်ရေးရည်ရွယ်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ဝန်ကြီးရုံး၊ဦးစီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများမှ ပြိုင်ပွဲဝင်အသင်း (၈) သင်းဖြင့် စက်တင်ဘာလ (၉) ရက်မှ (၁၄) ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Sorry, the comment form is closed at this time.