ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တပ်ကုန်းမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်တို့၌ ဖွင့်လှစ်လျက်ရှိ သည့် သန်းခေါင်စာရင်းဆိုင်ရာ မြို့နယ်စာရင်းစစ်၊ စာရင်းကောက်သင်တန်းများအား လှည့်လည် ကြည့်ရှုအားပေး၊ တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ပြည်နယ်များအား အိမ်ထောင်စုလူဦးရေစာရင်း များပေးအပ်။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တပ်ကုန်းမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်တို့၌ ဖွင့်လှစ်လျက်ရှိ သည့် သန်းခေါင်စာရင်းဆိုင်ရာ မြို့နယ်စာရင်းစစ်၊ စာရင်းကောက်သင်တန်းများအား လှည့်လည် ကြည့်ရှုအားပေး၊ တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ပြည်နယ်များအား အိမ်ထောင်စုလူဦးရေစာရင်း များပေးအပ်။

 နေပြည်တော်၊စက်တင်ဘာ ၂၀ ။

ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများလိုက်ပါလျက် စက်တင်ဘာလ ၂၀ ရက် ၊ ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ အောင်ဆန်းခန်းမ နှင့် သာသနာ့ဗိမာန်တို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ဖွင့်လှစ်လျက်ရှိသည့် မြို့နယ်စားရင်းစစ်၊ စာရင်းကောက်သင်တန်းများသို့ သွားရောက်၍ သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြားသည်။

1

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် တပ်ကုန်းမြို့နယ် အောင်ဆန်းခန်းမ၌ မြို့နယ် စာရင်းစစ်၊ စာရင်းကောက် သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြား ရာတွင် ၂၀၂၄ ခုနှစ်၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် စာရင်းစစ်၊ စာရင်းကောက် တာဝန်ထမ်းဆောင်ကြမည့် ယခုသင်တန်းသား၊ သင်တန်းသူများ သည် အဓိကအကျဆုံးတာဝန်ကို ထမ်းဆောင်ကြမည့်သူများဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း ဆိုင်ရာ မေးခွန်းများမေးမြန်း ကောက်ယူရာတွင် နည်းပညာအသုံးပြု၍ Mobile Tablet ဖြင့် မေးမြန်းကောက်ယူမည်ဖြစ်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်ကို တတ်ကျွမ်းနားလည်သိရှိထားရန် လိုအပ်ပါကြောင်း၊ မေးမြန်းမည့် မေးခွန်းများအပေါ် ပြည်သူများအနေဖြင့် မှန်မှန်ကန်ကန် ဖြေကြားနိုင်ရေးအတွက် စာရင်းစစ်၊ စာရင်းကောက်များက ယဉ်ကျေးပျူငှာစွာ ဆက်ဆံ၍ ကြည်သာရွှင်ပြစွာမေးမြန်းကောက်ယူကြရန်လိုကြောင်း၊ ထုတ်ပြန်ပြဋ္ဌာန်းထားသည့် သန်းခေါင် စာရင်းဥပဒေသည် စာရင်းစစ်၊ စာရင်းကောက်များအတွက် အကာအကွယ်ပေးထားသကဲ့သို့ ပြည်သူများ၏ ဖြေကြားချက်များအတွက်လည်း လုံခြုံစိတ်ချစွာ အကာအကွယ်ပေးထားကြောင်း ကို ပြည်သူများသို့ ရှင်းလင်းချပြပြောကြားပေးကြရန်လိုကြောင်း၊ သင်တန်းမှ ပို့ချချက်များကို မိမိတို့၏ အတွေ့အကြုံများနှင့်ပေါင်းစပ်ကာ သန်းခေါင်စာရင်းမေးခွန်းအချက်အလက်များ စနစ်တကျ မေးမြန်းကောက်ယူနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်လည်းလိုကြောင်း၊ ယခုဒေသတွင် ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်အိမ်ထောင်စုများ များစွာရှိနေသည့်အတွက် မထပ်မကျန် ကောက်ယူနိုင်ရေးအတွက်လည်း စနစ်တကျ စီစဉ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကွင်းဆင်း ကောက်ယူရန် (၁၀) ရက်သာလိုတော့သည့်အတွက် မထပ်မကျန်ကောက်ယူနိုင်ရေးနှင့်လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ကြိုတင် မျှော်တွေးစီစဉ် ဆောင်ရွက်ထားကြရန်လိုကြောင်း၊ လုပ်ငန်းဆိုင်ရာအခက်အခဲများရှိပါက တာဝန်ရှိသူ အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်ကြရန်လိုအပ်ပါကြောင်းဖြင့် ရှင်းလင်းပြောကြားကာ သင်တန်းသား၊ သင်တန်းသူများ၏ လုပ်ငန်းဆိုင်ရာတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

3

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းနည်းပြများ၏ သန်းခေါင်စာရင်းဆိုင်ရာ သင်ခန်းစာများ ဆွေးနွေးပို့ချနေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ သင်တန်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တပ်ကုန်းမြို့၊ သာသနာ့ဗိမာန်၌ ဖွင့်လှစ်လျက်ရှိ သည့် မြို့နယ်စာရင်းစစ်၊ စာရင်းကောက်သင်တန်းသို့သွားရောက်၍ ပြည်လုံးကျွတ်သန်းခေါင် စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ရှင်းလင်း ဆွေးနွေးပြောကြားကာ သင်တန်းနည်းပြများ၏ သင်ခန်းစာများ ဆွေးနွေးပို့ချနေမှုကို ကြည့်ရှု အားပေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တပ်ကုန်းမြို့ရှိ ငွေတောင်တောရပရိယတ္တိ ကျောင်းတိုက်၌ ဖွင့်လှစ်ထားရှိသည့် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်၍ ရေကြီးရေလျှံမှုသဘာဝဘေးဒဏ်ကြုံတွေ့ခဲ့သည့် တပ်ကုန်းမြို့နယ်မှ ရေဘေးသင့်ပြည်သူများ အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တပ်ကုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရပ်ကွက်/ကျေးရွာအလိုက် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်း များကို အိမ်ထောင်စုကိုယ်စားလှယ်များထံပေးအပ်ပြီး ရေဘေးသင့်ပြည်သူများအတွက်သန်းခေါင် စာရင်းဆိုင်ရာ အထောက်အကူပြုစပို့ရှပ်အင်္ကျီနှင့် ဦးထုပ်များနှင့် အသုံးအဆောင်ပစ္စည်းများကို  ဝေငှပေးအပ်ကာ ရေဘေးသင့်ပြည်သူများအား နှစ်သိမ့်အားပေးစကားပြောကြားပြီးနောက် ငွေတောင်ကျောင်းတိုက်ဆရာတော်အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ရေဘေးသင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးဆိုင်ရာဆောင်ရွက်မှုများကို လျှောက်ထားသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဇေယျာသီရိမြို့နယ် စုပေါင်းခန်းမ၌ ဖွင့်လှစ် လျက်ရှိသည့် မြို့နယ်စာရင်းစစ်၊ စာရင်းကောက်သင်တန်းသို့သွားရောက်၍ သင်တန်းသား၊ သင်တန်းသူများအား သန်းခေါင်စာရင်းကွင်းဆင်းကောက်ယူရန်အချိန် နီးကပ်လာသည်နှင့်အမျှ လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရေး၊ မေးမြန်းမည့် သန်းခေါင်စာရင်းမေးခွန်းများအပေါ် ပြည်သူများ မှန်မှန်ကန်ကန်ဖြေကြားခြင်းဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်နိုင်ရေးအတွက် ယဉ်ယဉ်ကျေးကျေး ဆက်ဆံမေးမြန်းကောက်ယူနိုင် ရေး၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံတော်၏အနာဂတ်အတွက်အရေးကြီးသည့် လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည်နှင့်အညီ ပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အောင်မြင် နိုင်မည်ဖြစ်သည့်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရေးအခြေအနေများနှင့်စပ်လျဉ်း၍ တိုက်တွန်းပါကြောင်းဖြင့် ရှင်းလင်းမှာကြားပြီး နည်းပြများ၏ သန်းခေါင်စာရင်းဆိုင်ရာ သင်ခန်းစာများ ဆွေးနွေးပို့ချနေမှုကို လှည့်လည်ကြည့်ရှု အားပေးကာ စာရင်းစစ်၊ စာရင်းကောက်သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။

၂၀၂၄ ခုနှစ်၊လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို လာမည့်အောက်တိုဘာလ (၁) ရက်မှ (၁၅) ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူနိုင်ရေးအတွက် ယခုအခါ မြို့နယ်စာရင်းစစ်၊ စာရင်းကောက်သင်တန်းများကို နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်အသီးသီး၌ ဖွင့်လှစ်၍ မြေပြင်တစ်အိမ်တက်ဆင်း ကောက်ယူကြမည့် စာရင်းစစ်၊ စာရင်းကောက်များအား စက်တင်ဘာလ ၁၇ ရက်မှ ၂၈ ရက်အထိ ဆွေးနွေးပို့ချ လျက်ရှိကြောင်း သတင်းရရှိသည်။ (-)

 

Sorry, the comment form is closed at this time.