ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်းအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းနှင့် ဗဟိုထိန်းချုပ်ရေးစင်တာတို့၌ နိုင်ငံတကာသို့တင်ပို့မည့် မော်တော်ယာဉ်များနှင့် ကုန်ပစ္စည်းတင်ကွန်တိန်နာများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှု ဆိုင်ရာ စစ်ဆေးဆောင်ရွက်သည့် လုပ်ငန်းအခြေအနေများ လှည့်လည်ကြည့်ရှုလေ့လာ။
နေပြည်တော်၊ နိုဝင်ဘာ ၂၀။
မြန်မာ-တရုတ် နှစ်နိုင်ငံအကြား သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် အဖွဲ့ဝင် များနှင့်အတူ နိုဝင်ဘာလ (၁၇) ရက်၊ နံနက် (၈) နာရီမိနစ် (၄၀) က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်ဟိုင်းမြို့သို့ထွက်ခွာရာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများက လေဆိပ်ခန်းမသို့ လာရောက် တွေ့ဆုံ၍ ခရီးစဉ်နှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားပြီး အဆိုပါလေဆိပ်မှပို့ဆောင် နှုတ်ဆက်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်တုံး ပြည်နယ်၊ ကွမ်ကျိုးမြို့၊ ဘိုင်ရန် (Bai Yun) အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိကြပြီး ထိုမှတစ်ဆင့် လေကြောင်းခရီးဖြင့် ဆက်လက်ထွက်ခွာကြရာ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ညပိုင်းတွင်ရောက်ရှိကြသည်။
နိုဝင်ဘာလ (၁၉) ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် ရှန်ဟိုင်းမြို့၊ ရှန်ဟိုင်းအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (Shanghai International Terminal) သို့ သွားရောက်လေ့လာကြရာ ဆိပ်ကမ်း၌ တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ရှန်ဟိုင်း ပြည်ဝင်/ ပြည်ထွက်နယ်စပ်စစ်ဆေးရေးဌာန (Shanghai Entry-Exit Frontier Inspection Station) မှ Chief Station Director၊ Mr.Gong Yao နှင့်တာဝန်ရှိသူများက ကြိုဆိုကြပြီး SIPG HAITONG LOGISTICS ကုမ္ပဏီရုံးခန်း၌ တာဝန်ရှိသူတစ်ဦးက ရှန်ဟိုင်းဆိပ်ကမ်း၌ နိုင်ငံတကာ သို့တင်ပို့မည့် မော်တော်ယာဉ်များ ထိန်းသိမ်းထားရှိမှု၊ မကြာသေးမီကာလက ဆောင်ရွက်ခဲ့သည့် ပြည်ပသို့တင်ပို့မည့် မော်တော်ယာဉ်များအား ဂိုဒေါင်အတွင်း အလွှာလိုက် ထိန်းသိမ်းနိုင်ရေး ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များ၊ လက်ရှိအခြေအနေတွင် လုပ်ငန်းခွင်ဝန်းအတွင်း ယာဉ်များ စနစ်တကျ စီရီထားရှိမှုနှင့် လုပ်ငန်းစဉ် အဆင့်အလိုက် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှန်ဟိုင်းပြည်ဝင်/ ပြည်ထွက်နယ်စပ် စစ်ဆေး ရေးဌာန (Shanghai Entry-Exit Frontier Inspection Station) မှ Chief Station Director၊ Mr.Gong Yao နှင့်တာဝန်ရှိသူများနှင့်အတူ ရှန်ဟိုင်းဆိပ်ကမ်း၌ အရှေ့တောင်အာရှ နိုင်ငံများအပါအဝင် နိုင်ငံတကာသို့ တင်ပို့မည့် မော်တော်ယာဉ်များအား နိုင်ငံတကာ ပင်လယ်ကူး သင်္ဘောပေါ်သို့ တင်ဆောင်နေမှုလုပ်ငန်းစဉ်ကို ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများမှ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည် များကို မေးမြန်းဆွေးနွေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှန်ဟိုင်းဆိပ်ကမ်း၌ ပြည်ပနိုင်ငံများသို့ တင်ပို့မည့် ကုန်ပစ္စည်းတင်ကွန်တိန်နာများအား သယ်ယူ၍ ပင်လယ်ကူးသင်္ဘောများပေါ်သို့ စိစစ် တင်ဆောင်နေမှုကို သွားရောက်ကြည့်ရှုလေ့လာကြပြီး ပြည်ဝင်/ ပြည်ထွက်လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာများနှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းများအား ဆက်စပ်ဌာနများ ပေါင်းစပ်ဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှု များအပေါ် သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဗဟိုထိန်းချုပ်ရေးစင်တာ (Terminal Control Center) သို့ သွားရောက်၍ ရှန်ဟိုင်းဆိပ်ကမ်းသို့ Terminal အသီးသီးမှ ဝင်ထွက် ဆိုက်ကပ်ကာ ကုန်ပစ္စည်းများ သယ်ယူတင်ချဆောင်ရွက်နေမှုအခြေအနေများအား နည်းပညာ ဖြင့် စောင့်ကြည့်ထိန်းချုပ်ဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူ များက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို လိုက်လံရှင်းလင်းပြသကြပြီး ပြည်ထောင်စု ဝန်ကြီး၏ သိရှိလို၍ မေးမြန်းချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ရှန်ဟိုင်းပြည်ဝင်/ပြည်ထွက်နယ်စပ်စစ်ဆေး ရေးဌာန (Shanghai Entry-Exit Frontier Inspection Station) မှ Chief Station Director၊ Mr.Gong Yao က ရှန်ဟိုင်းပြည်ဝင်/ပြည်ထွက်နယ်စပ်စစ်ဆေးရေးဌာန ဧည့်ခန်းမ၌ နေ့လည်စာ ဖြင့် တည်ခင်းဧည့်ခံပြီးနောက် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။ (-)
Sorry, the comment form is closed at this time.