ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တောင်ကြီးမြို့နယ်ဦးစီးမှူးရုံး၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ ယာယီရွှေ့ပြောင်း ရောက်ရှိနေ သည့် ဝန်ထမ်းများက သက်ဆိုင်ရာဒေသများမှ ပြည်သူများအတွက်ယာယီရုံးခွဲများ ဖွင့်လှစ်၍ လုပ်ငန်းများဆောင်ရွက်ပေးနေမှု လှည့်လည်ကြည့်ရှုအားပေး
နေပြည်တော်၊ မတ် ၂၁ ။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများလိုက်ပါလျက် မတ်လ (၂၁) ရက်၊ ယနေ့မွန်းလွဲပိုင်းက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တောင်ကြီးမြို့နယ် ဦးစီးမှူးရုံးသို့သွားရောက်၍ မြို့နယ်ရုံးအတွင်း၌ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများ၊ လဲလှယ်နှင့်မိတ္တူ လျှောက်ထားသူပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃) ဖြင့် နိုင်ငံသားကတ်ပြားစိစစ်ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ်တစ်ပါတည်း ဆောင်ရွက်ထုတ်ပေးနေမှု အခြေအနေ များကို လှည့်လည်ကြည့်ရှုအားပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်ရုံးအတွင်း စာရွက်စာတမ်းများ ထိန်းသိမ်း ထားရှိမှုနှင့် မှတ်တမ်းခန်းအတွင်း ကိုယ်ရေးဖိုင်များ စနစ်တကျထိန်းသိမ်းထားရှိမှု၊ မီးဘေး အန္တရာယ်နှင့် ပိုးမွှားအန္တရာယ်ကာကွယ်ရေးဆောင်ရွက်ထားရှိမှု အခြေအနေများ ကို လှည့်လည် ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေး ပြီးနောက် အဆိုပါရုံးခန်းအနီး၌ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိပြီးသည့် ဒေသခံပြည်သူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေးဆောင်ရွက် နေမှုကို ကြည့်ရှုအားပေး၍ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့ရှိ မြန်မာနိုင်ငံဆရာဝန်များ အသင်းရုံးသို့သွားရောက်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ခရိုင်နှင့်မြို့နယ်ဦးစီးမှူးရုံးအသီးသီးမှ ဝန်ထမ်းများက သက်ဆိုင်ရာဒေသများမှ တောင်ကြီးမြို့သို့ ယာယီရွှေ့ပြောင်းရောက်ရှိနေသည့် ပြည်သူများအတွက် ယာယီရုံးခွဲများဖွင့်လှစ်ကာ လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှု အားပေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသအသီးသီးမှ ယာယီရွှေ့ပြောင်းရောက်ရှိနေသူများအနက် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိပြီးသည့် ပြည်သူ များအား e-ID စနစ်ဖြင့် Biographic/Biometric ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု၍ လာရောက်ဆောင်ရွက်ကြသည့် ပြည်သူများအား လုပ်ငန်းဆိုင်ရာ အခက်အခဲများကို မေးမြန်းကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ခန်းမအတွင်း၌ ယာယီရုံးခွဲများဖွင့်လှစ်ထားရှိမှုနှင့် ယာယီရုံးခွဲများတွင် သက်ဆိုင်ရာဒေသများမှ ယာယီရွေ့ပြောင်းရောက်ရှိနေကြသည့် ပြည်သူ များက နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက်လျှောက်ထားဆောင်ရွက်မှု၊ ပျောက်ပျက် မိတ္တူလဲလှယ်မှုနှင့် အိမ်ထောင်စုစာရင်း အတိုးအလျော့၊ ပြောင်းဝင်ပြောင်းထွက်၊ မိတ္တူ လျှောက်ထားမှုခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကာ လာရောက်ဆောင်ရွက်ကြသည့် သူများ၏ လုပ်ငန်းဆိုင်ရာအခက်အခဲများအပေါ် အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးနိုင် ရေး၊ မှတ်တမ်းမှတ်ရာများ စနစ်တကျရေးသွင်း၍ အချက်အလက်မှန်ကန်စေရေးအတွက် စနစ်တကျ တိုက်ဆိုင်စိစစ်ဆောင်ရွက်ရေး၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ကြန့်ကြာမှုမရှိအောင် ဆောင်ရွက်ပေးရေး တာဝန်ရှိသူများအား မှာကြား၍ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြောင်း သတင်းရရှိသည်။ (-)
Sorry, the comment form is closed at this time.