ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အင်အားပြင်းငလျင်ဒဏ်ခံခဲ့ရသည့် ဝန်ကြီးဌာနမှ ဝန်ထမ်း အိမ်ရာများအားလှည့်လည်ကြည့်ရှု၍ ဝန်ထမ်းများအား တွေ့ဆုံအားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာများနှင့် သောက်ရေသန့်ဗူးများအား ထောက်ပံ့ပေးအပ်။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အင်အားပြင်းငလျင်ဒဏ်ခံခဲ့ရသည့် ဝန်ကြီးဌာနမှ ဝန်ထမ်းအိမ်ရာများအားလှည့်လည်ကြည့်ရှု၍ ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့် သောက်ရေသန့်ဗူးများအား ထောက်ပံ့ပေးအပ်

 နေပြည်တော်၊မတ် ၃၀ ။

      လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များအား မတ်လ ၂၉ ရက်၊ ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရုံးစင်ဝင်အောက်၌ မတ်လ ၂၈ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သည့် အင်အားအလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုနှင့်ပတ်သက်၍ ဝန်ထမ်းများအတွက် ကူညီကယ်ဆယ်ရေးနှင့်ပြန်လည် ထူထောင်ရေးဆိုင်ရာကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးသည်။

IMG_4096

          ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက အင်အားအလွန်ပြင်းထန်သည့် မြေငလျင်ခတ်ခဲ့သည့်အတွက် နိုင်ငံတစ်ဝန်း ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့မှုအခြေအနေ၊ ဝန်ကြီးဌာနအနေဖြင့်လည်း ရုံးအဆောက်အဦများနှင့် ဝန်ထမ်းအိမ်ရာများ ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့မှု၊ ထိခိုင်ဒဏ်ရာရရှိသည့် ဝန်ထမ်းများနှင့်မိသားစုဝင်များအား စနစ်တကျ ကူညီကုသ ဆောင်ရွက်ပေးနိုင်ရေးနှင့် ဝန်ထမ်းအိမ်ရာများရှိ ဝန်ထမ်းများအတွက် ထိထိရောက်ရောက် ပံ့ပိုး ကူညီဆောင်ရွက်ပေးနိုင်ရေးအခြေအနေ၊ ဝန်ထမ်းများအတွက် နိုင်ငံတော်အစိုးရမှ ပံ့ပိုးကူညီမှုနှင့် ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည့် အစီအစဉ် များ၊ ဝန်ကြီးဌာနနှင့်ဦးစီးဌာနများ၏ ရုံးခန်းများရှိ လျှပ်စစ်မီးလိုင်းများနှင့် ဆာဗာခန်းများ အမြန်ဆုံးပြန်လည်စစ်ဆေး ပြုပြင်ဆောင်ရွက်နိုင်ရေး အခြေအနေ၊ မိမိတို့နိုင်ငံအတွက် ပြည်ပမှ ကူညီကယ်ဆယ်ရေးဆိုင်ရာ လေယာဉ်များ ဆိုက်ရောက်/ထွက်ခွာမှုနှင့်ပတ်သက်၍ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ အဆင်ပြေ ချောမွေ့စွာ စီစဉ်ဆောင်ရွက်ပေးနိုင်ရေးအခြေအနေ၊ ဝန်ကြီးဌာနမှ ဝန်ထမ်းများအတွက် လိုအပ်သည့်ကူညီစောင့်ရှောက်မှုများ ပေးနိုင်ရန် တာဝန်ရှိသူ အဆင့်ဆင့်က အမြဲမပြတ် သွားရောက် ကြည့်ရှုဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး အခြေအနေ များနှင့်စပ်လျဉ်း၍ အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

IMG_4233 IMG_4133

          ထို့နောက် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက ဝန်ထမ်းများအတွက် နေရာချထားရေးနှင့် စားသောက်ဖွယ်ရာများ ပံ့ပိုး‌ဆောင်ရွက်ပေးနိုင်ရေး စီစဉ်ထားရှိမှုနှင့် ရုံးခန်းများနှင့် ဝန်ထမ်းအိမ်ရာများ ပျက်စီးဆုံးရှုံးမှု၊ ဒဏ်ရာရဝန်ထမ်းများနှင့်မိသားစုဝင်များအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးမှုနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်း အခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်း လိုအပ်ချက်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

          ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ ကံ့ကော်အိမ်ရာနှင့်ပိတောက်အိမ်ရာတို့သို့လည်းကောင်း၊ ခရေအိမ်ရာနှင့် သရဖီ(ဘူးကွဲ) အိမ်ရာ တို့သို့လည်းကောင်း သွားရောက်၍  ဝန်ကြီးဌာနဝန်ထမ်းအိမ်ရာပျက်စီးဆုံးဆုံးမှုများအား လှည့်လည် ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ဝန်ကြီးဌာနမှ ပံ့ပိုး ကူညီသည့် စားသောက်ဖွယ်ရာများ၊ သောက်ရေသန့်ဗူးများကို အသီးသီးဝေငှပေးအပ်သည်။

IMG_4291

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားသင်တန်းကျောင်းသို့ သွားရောက်ကာ သင်တန်းကျောင်း အဆောက်အဦများအခြေအနေ၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများပြားသည့် ဝန်ထမ်း အိမ်ရာ တစ်ချို့မှ ဝန်ထမ်းများအား ယာယီနေရာချထားနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားကာ အဆိုပါ ဝန်ထမ်းအိမ်ရာများမှ ရောက်ရှိလာသည့် ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် သောက်ရေသန့်ဗူးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.